The Fast and the Fursious မင်းသား Paul Walker ကွယ်လွန်ပြီ




အသက် ၄၀ ပဲ ရှိသေးတဲ့ လူလတ်ပိုင်း အမေရိကန် ဟောလိဝုဒ်မင်းသား Paul Walker ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရ ပါတယ်။

အကြောင်း အရင်းကတော့ ကားအက်ဆီးဒန့်ကြောင့် ဖြစ်ပါတယ်။ The Fast and the Furious ပြိုင်ကားမောင်း အက်ရှင်ဇာတ်ကားနဲ့ နာမည်ကြီး အောင်မြင် တဲ့ မင်းသားက ကားကြောင့်ပဲ သေမယ်ရတယ် ဆိုတော့ တကယ် ဝမ်းနည်းစရာပါပဲ။ သို့ပေမယ့် ဒရိုင်ဘာက သူမဟုတ်ပဲ သူ့ရဲ့  ဘဏ္ဍာရေး အကြံပေး/ (ပြိုင်ကားအရောင်းဆိုင် ပိုင်ရှင်) Foger Rodas ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် မော်ဒယ် အနီရောင် Porsche Carrera GT ဂျာမနီကားကို မောင်းပြီး အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက် ခဲ့ခြင်း ဖြစ် ပါတယ်။ ပေါက်ကွဲမှု အကြီးစား ဖြစ်ပေါ်ပြီး ၂ ယောက် စလုံး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲက ဖြစ်ပါတယ်။ ဖိလစ်ပိုင် Typhoon Haiyan ဒုက္ခသည်များကို လှူဒါန်းတဲ့ ပွဲတစ်ခုမှ ပြန်လာစဉ် ဖြစ်ခဲ့ တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Santa Clarita မှာပဲ ဖြစ်ခဲ့ တာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးလည်း ရစရာ မရှိတော့ ပါဘူး။ Paul Walker နဲ့ သူ့ရဲ့  ပရိတ်သတ် များအတွက် ဝမ်းနည်းစရာ ဒီဇင်ဘာ ဖြစ်ခဲ့ တာတော့ အမှန်ပါပဲ။ ၁၉၈၆ ခုနှစ်က အနုပညာလောကကို Monster in the Closet ရုပ်ရှင် ဇာတ်ကားနဲ့ စဝင်ပြီး Eight Blow, Into the Blue, She's All That, Takers အပြင် The Fast and the Furious ရုပ်ရှင် စီးရီးများ နဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

သူ့မှာ သမီးတစ်ဦး ရှိနေပါတယ်။ Paul Walker ကွယ်လွန်မှုအတွက် The Fast and the Furious မှ တွဲဖက် သရုပ်ဆောင် မင်းသား Vin Diesel နဲ့ Dwayne နဲ့ Dwayne Johnson တို့ကလည်း ဝမ်းနည်းကြောင်း ၎င်းတို့ Social Media ပေါ်မှာတင်ခဲ့တယ်လို့ သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

Related

news 1637372918273126346

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item