မိုဇန်ဘီလေကြောင်းလိုင်းပိုင်းလေယာဉ် ပျက်ကျ၊ လိုက်ပါသူအားလုံး သေဆုံး

ဒီဇင်ဘာ ၂။

မိုဇန်ဘိလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် နမ်မီးဘီးယား အရှေ့မြောက်ပိုင်းရှိ အမျိုးသားဘေးမဲ့ ဥယျုာဉ် အတွင်းသို့ ပျက်ကျခဲ့သဖြင့်လိုက်ပါသူ ၃၄လုံး သေဆုံးခဲ့ကြောင်း နမ်မီဘီယား ရဲတပ်ဖွဲ့က ကြေညာသည်။

လေယာဉ်သည် မိုဇန်ဘီမှ အန်ဂိုလာသို့ထွက်ခွာလာစဉ် နမ်မီးဘီးယား နယ်စွန်နယ်ဖျားမ၊ှ ဘွာဘွာတာ အမျိုးသားဘေးမဲ့ ဥယျာဉ်အတွင်းသို့ ပျက်ခဲ့သည်။ အစပိုင်းတွင် လေယာဉ်သည် အဆက်အသွယ်အားလုံး
ပြတ်တောက်ကာ ပျောက်ဆုံးနေ သည်ဟု သတင်းများ ထွက်ခဲ့သည်။

နိုဝင်ဘာ ၃၀ရက်က နမ်မီးဘီးယား နိုင်ငံ ကာဗန်ရိုဒေသမှ ရဲအရာရှိ ၀ီလီဘန့်ပ်တန်က သူတို့အဖွဲ့သည် အခင်းဖြစ်ရာ အရပ်တွင် လေယာဉ်
အပျက်အစီးများစွာ တွေ့ရကြောင်း၊ လေယာဉ်တစ်ခုလုံး မီးလောင်ပျက်စီခဲ့ပြီး အသက်ရှင် လွတ်မြောက်သူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း ဆိုသည်။

နိုဝင်ဘာ ၂၉ရက်နေ့က မိုဇန်ဘီမြို့တော် မာပူတိုမှ ထွက်ခွာလာသည့် လေယာဉ်အမှတ် TM470 သည်
အန်ဂိုလာမြိုကတော် လွန်ဒါမြို့သို့ အချိန်ဇယားအတိုင်း
ဆိုက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ လေကြောင်းလိုင်းက
နမ်ဘီးယားမြောက်ပိုင်း ရန်ဒူတွင် ဆင်းသက်နေခြင်းဖြစ်သည်ဟု
ကြေညာခဲ့သည်။ နောက်ပိုင်းတွင်မူ နမ်ဘီယား၊ တော့စ်ဝန်းနားနှင့် အန်ရိုလာမှ လေကြောင်းအာဏာပိုင်များက လေယာဉ်ပျောက်ဆုံး သွားကြောင်း ကြေညာခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၂၈ဦးပါရှိရာ မိုဇန်ဘီနိုင်ငံသား ၁၀ဦး၊
ပေါ်တူဂီ ငါးဦး၊ အန်ဂိုလာနိုင်ငံသား ကိုးဦးနှင့် ပြင်သစ်၊ ဘရာဇီးနှင့် တရုတ် နိုင်ငံသာ တစ်ဦးစီ ပါဝင်ခဲ့သည်။ ကျန်ခြောက်ဦးမှာ လေယာဉ် အမှုထမ်းများဖြစ်သည်။

Ref: AFP

Related

news 7341707234151829724

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item