ထိုင်းဆန္ဒပြ အင်အားစုနှစ်ခု အဓိကရုဏ်း ဖြစ်ပွားရာမှ နှစ်ဦးသေဆုံး ဘန်ကောက်တွင် စစ်တပ်များနေရာယူ

ဘန်ကောက်၊ ဒီဇင်ဘာ ၁

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများနှင့် အစိုးရကို လိုလားသူ တန်ပြန် ဆန္ဒပြကြသည့် ရှပ်နီများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် ရန်ပွဲဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြပြီး စစ်တပ်ကလည်း ဘန်ကောက်တွင် လာရောက် တပ်စွဲနေရာယူကြပြီ ဖြစ်သည်။

အစိုးရကို မလိုလားသည့် ဆန္ဒပြသူများက အစိုးရရုံးများကို ဝင်ရောက် စီးနင်း နေရာယူမှုများ ပြုလုပ်နေသဖြင့် ရဲတပ်ဖွဲ့က ကာကွယ်ရန် ကြိုးစားနေမှုကို ကူညီသည့် အနေဖြင့် စစ်တပ်က လာရောက် အားဖြည့်ခြင်း ဖြစ်သည်။

အစိုးရရုံးချုပ်ကို ဆန္ဒပြသူများက လာရောက်ကြပြီး အကာအကွယ် အတားအဆီးများကို ကျော်ရန် ကြိုးစားကြရာမှ ရဲက မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ယင်းလပ်အစိုးရသည် သက်ဆင်၏ ကြိုးကိုင်မှုအောက်တွင် လုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။

ဆန္ဒပြသူများသည် ရုပ်သံလိုင်း ထုတ်လွှင့်ရုံများကိုလည်း ဝင်ရောက်ကြပြီး ရုပ်သံလွှင့်မှု အစီအစဉ်များကို ရယူရန် ဆွေးနွေးမှုများ ရှိလာပြီး Thai PBS ရုပ်သံလိုင်းကိုလည်း အုပ်စုတစ်စုက ထိန်းချုပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။

BBC ၏ ဘန်ကောက်အခြေစိုက် သတင်းထောက် ဂျိုနာဖစ်ရှာက အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ၏ လုပ်ဆောင်မှုများသည် အာဏာသိမ်း သကဲ့သို့ ခံစားရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

အစိုးရအနေနှင့် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အကြမ်းဖက်ခြင်း နည်းလမ်းကို လုံးဝအသုံးပြုမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ကတိကဝတ် ပြုခဲ့ဖူးသည်။

ယင်းလပ်အစိုးရ ပြုတ်ကျရေး ဆန္ဒပြသူများကို ကိုင်တွယ်ရာတွင် စစ်တပ်ကို အသုံးပြုပါရန် ရှပ်နီများက အားကစားကွင်း တစ်ကွင်းတွင် ဆန္ဒပြခဲ့ပြီးနောက် ၎င်းတို့၏ အရေးဆိုမှုကို အဆုံးသတ်လိုက်ပြီဟု ရှပ်နီ ခေါင်းဆောင်များက ကြေညာထားသည်။

အစိုးရကို လိုလားသူများ အားကစားကွင်းသို့ သွားသည့် ကားများကို ကျောင်းသားများက တိုက်ခိုက်ခဲ့ရာမှ အကြမ်းမဖက် ဆန္ဒပြပွဲများသည် အကြမ်းဖက် မြင်ကွင်းများအဖြစ် ပြောင်းသွား ခဲ့ပြီး သေဆုံးသူနှစ်ဦး ရှိခဲ့သည်။

လမ်းမပေါ် နိုင်ငံရေး ယဉ်ကျေးမှု အရှိန်ရနေပြီးဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကလည်း သက်ဆင်ကို လိုလားသည့် ရှပ်နီများက ဘန်ကောက် မြို့တော်၏ အရေးကြီး နေရာများကို ထိန်းချုပ်ထားခဲ့ပြီး အလုံးအရင်း ဆန္ဒပြခဲ့ရာမှ လူ ၉၀ သေဆုံးခဲ့ဖူးသည်။

Related

news 2432375440242525571

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item