မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး
https://albanykarennews.blogspot.com/2013/11/blog-post.html
ကျနော်တို့ချစ်သော မြတ်နိုးသော တန်ဘိုးဃနထားသော အားကိုးရသော မှီခိုရသော သာယာသော ဖြူစင်ဖြောင့်မတ်သော မြင့်မြတ်သော သတို့သမီးအား လူးဆိုးတသိုက် လူမိုက်တအုပ်မှ မုဒိန်းကျင့်လိုက်ကြ၏။
၎င်းတို့၏ လုပ်ရပ်များအား ကျနော်တို့က လက်မခံနိုင်သော သီးမခံနိုင်သော မမျှတသော အကြောင်းရာများအား တိကျစွာ ထောက်ပြရပေတော့မည်။
ကျနော်တို့ ပြောပြချက်အား လုပ်ဆောင်ချက်အား ကန့်ကွက်ချက်အား လစ်လျှူရှု့ကာ ဒယောသောပါ ဆက်သွားနေပါလျှင် ပြည်လုံးကြွတ်ချစ်မြတ်နိုးသော သတို့သမီးအား ပြန်လည်ရရှိရေးအတွက် ကြီးမားခိုင်မာသော တော်လှန်ရေးကြီး ဖြစ်ပေါ်လာမည်ကို ကျနော် တင်ပြပါအံ့….
ကျနော်တို့၏ သတို့သမီးအား စတင် မုဒိန်းကျင့်ရန် လုပ်ဆောင်သော ကာလသည် (၂၀၀၅)ခုနှစ် မေလတွင် စီပီအိုင် CPI and နှင့် အေးရှဝေါလ် Asia World တို့မှ သတို့သမီး၏ မိခင် မေခ နှင့် ဖခင် မလိခတို့ တည်ရှိရာဒေသအား စတင်ကာ နယ်မြေလေ့လာရေးလုပ်ခဲ့ကြ၏။
၎င်းဒေသတွင် ကမ္ဘာ၏ နံပါတ်(၁၅)ခုမြောက် ကြီးမားဆုံးသော လျှပ်စစ်ဓါတ်အားမီဂါဝပ် ၆၀၀၀ ထုတ်လုပ်မည့် ရေကာတာကြီးတခု တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။
မေခ နှင့် မလိခ မြစ်နှစ်သွယ်သည် ရာဇ၀င်အရ ပုံပြင်များ ကဗျာများ ထောင်ပေါင်းများစွာရှိလင့်ကစား သူတို့၏ မူရင်းဇစ်မြစ်သည် အန္ဒိယနိုင်ငံမိုင်ပေါင်း ၂၇၀၀ ခန့်ရှိသော နာဂကုန်မြင့်ဒေသ နှင့် မိုင်ပေါင်း ၂၉၀၀ ခန့်၇ှိသော တိဘက်ကုန်းမြေမြင်တို့ဒေသတွင် ရှိသော မြစ်ငယ်များ ချောင်းများ စိမ့်စမ်းပေါင်း များစွာနှင့် ရေတံခွန်းပေါင်းများစွာတို့မှ စီးဆင်း တို့ထွက်လာကြသော ရေသန့်များ ဖြင့် ကြီးမားသော မြစ်နှစ်စင်းဖြစ်ပေါ်ပေါင်းစပ်ကာ လှပတင့်တယ်သော ဧရာဝတီမြစ်ကြီးတစင်း ဖြစ်ပေါ်ခဲ့ရသည်ဟု သဘာဝ ၀န်းကျင် လေ့လာစူးစမ်းရေး အဖွဲ့ (ကနေဒါ) မှ ခိုင်မာသော မှတ်တမ်းများ ဖြင့် တင်ပြထားလေသည်။
ထိုအချိန်တွင် တရုတ်ပြည်ဘက်မှ လုပ်ငန်း လေ့လာရေးအဖွဲ့ ဟု ခေါင်းစဉ်တပ်ကာ ၄င်းဒေသသို့ ၁၄ကြိမ်တိတိ လာရောက်လေ့လာခဲ့ကြပြီး မြန်မာပြည်ဘက်မှ တာဝန်ယူ အကောင်ထည်ဖေါ်တည်ဆောက်ရန် တာဝန်ယူထားသော Asia World အေးရှဝေါလ် ကုမ္မဏီမှ ယခု ဒုသမ္မတမှ အနားယူသွားပြီဖြစ်သည့် သူရသီဟ တင်အောင်မြင့်ဦးထံသို့ လူးလားခေါက်ပြန် အကြိမ်ပေါင်းများစွာ သွားရောက် တွေ့ဆုံကာ စီစဉ်ခဲ့ကြသည်။
On 2006 December 28th, The Ministry of Electric Power-1 and China Power Investment Corporation sign an MoU.
၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အမှတ်(၁) စွမ်းအင်နှင့် လျှပ်စစ် ၀န်ကြီးဌာနနှင့် တရုတ်ပြည်မှ တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံရေး လုပ်ငန်းအဖွဲ့နှင့် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးလေသည်။ ထိုလက်မှတ်ရေးထိုးပွဲအား နေပြည်တော်လျှပ် …စွမ်း ရုံးတွင် ပြုလုပ်ကာ အေးရှဝေါလ်ကုမ္မဏီမှ အနားယူသွားသော ဦးသန်းရွှေနှင့် မိသားစုခေါင်းစဉ်ဖြင့် အမေရိကန်ဒေါ်လာ ငွေသာ သန်း (၂၀)အား လက်ဆောင်ပေးခဲ့ပြီး ဦးတင်အောင်မြင့်ဦးအား အမေရိကန်ဒေါ်လာ ၉ သန်းနှင့် မေမြို့တွင် အမေရိကန်ဒေါ်လာ ၃ဒသမ ၅ သန်းတန်သော ခြံနှင့် အိမ်းကြီးအား လက်ဆောင်ပေး လဒ်ထိုးပါခဲ့ပါသည်။
မြစ်ဆုံဆည်၏ တည်ဆောက်ရေး လုပ်ငန်းဇယားပြမြေပုံ တခု ထိုအချိန်တွင် အတိကျထွက်လာပြီး ၄င်းမြေပုံအရ စစ်ကိုင်းမြို့နှင့် ကီလိုမီတာ ၁၀၀ ထက်မနဲ ငလျှင်လမ်းဖြောင့်နှင့် တည့်တည့်ကလေးမဆိုသလောက်ရှိနေပြီး ၊ မြန်မာပြည်၏ မွေးဖွားရာ ဒေသအစ၏ မေခ မလိခ မြစ်နှစ်သွယ်တို့ ဆုံစည်းပေါင်းဆက်ရာ ဖြစ်သည့်အပြင် သမိုင်းဝင် ခရစ်ယန်ဘုရားရှစ်ခိုးကျောင်းများ နှင့် ဗုဒ္ဒဘာသာဝင်တို့၏ စေတီပုထိုးတော်တည်ရှိသော ဒေသ ဖြစ်သည့်အပြင် မြစ်ရိုးတလျောက်တွင် မြတ်နိုးဘွယ်ကောင်းသော ညောင်ပင်ကြီးများ စီတန်းပေါက်ရောက်ကာ သဘာဝက အလိုလျောက် အလှချယ်ပေးထားသောနေရာလဲဖြစ်သည်ကို နိုင်ငံတကာ မြစ်ကြောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ အောက်ပါအတိုင်း တင်ပြထားသည်။
The dam site is less than 100 kilometers from the earthquake prone Sagaing fault line. The dam will submerge important historical and cultural sites at the Mali and N'mai Hka rivers, as well as what is widely recognized as the birthplace of Burma. In addition to submerging a number of historical churches and temples, the sacred banyan tree at the Mali Hka and N'Mai Hka rivers' confluence will be submerged.( international rivers watch)
၂၀၀၇ ခုနှစ် ကချင်ပြည်နယ်ရှိ မြန်မာ မြောက်ပိုင်းတိုင်း စစ်ဒေသ တိုင်းမှူးမှာ ၇ မျဉ်းစောင်း ၆ ထုတ်ပြန်ချက်အားထုတ်ပြန်အတည်ပြုပေးပြီး ဒီဇင်ဘာလတွင် တရုတ်ပြည်၏ ချန်ဂျင်း လေ့လာရေး သုတေသနအဖွဲ့နှင် ပုံစံဖေါ်ထုတ်ရေးတို့မှ ၄င်းတို့၏ လေ့လာတွေရှိချက်ပြီးဆုံးကြောင်းနှင့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်းအား ထုတ်ပြန်အတည်ပြုကာ အီးအိုင်အေ Electronic Industries Association လက်မှတ် အတုအား ပြုလုပ်ထုတ်ပေးခဲ့သည်ကို တရုတ်ပြည်အစိုးရသို့တင်သွင်းသော မှတ်တမ်းတွင် ရေးသားထားသည်။
(Command in Kachin State (letter of Tanghpre villagers, 7/6). In December, Changjiang Survey, Planning, Design and Research (CSPDR) completes planning report for the feasibility of the hydropower projects. , terms of reference for the EIA (Copy) is completed, and subsequently approved.
ထိုတင်ပြချက်ကြောင့် မြန်မာနိုင်ငံထုတ် မြန်မာ့ အလင်း ( အများက မြန်မာ့ အကန်း) သတင်းစာမှ ၄င်းဒေသရှိ အိမ်ထောင်စုပေါင်း ၄၁၀ အိမ်ထောင်စု လူဦးရေအရ ၂၁၄၆ အား ရွာပေါင်း (၅)ရွာဟု သတ်မှတ်ကာ ပုံစံသစ်ဖြင့် တည်ဆောက်ပေးမည်ဖြစ်သော သစ်သားအိမ်ယာ ရွာသစ်နေရာများသို့ ရွေးပြောင်းစေပြေီး ၄င်းနေရာတွင် ကျောင်း ၊ ရဲစခန်း၊ ဆေးရုံ(၁)ခု၊ စာပို့ရေးရုံးတခု နှင့် ဘာသာရေးဆိုင်ရာ အဆောက်အုံများ ပြန်လည်တည်ဆောက်ပေးပြီး ရေနှင့် လျှပ်စစ်မီး အလုံလောက် ပေးမည်ဟု ဖေါ်ပြခဲ့သည်။ (သို့သော်လက်တွေ့တွင် စစ်စခန်းများနှင့် လုံခြုံရေးရဲကင်းများအပြင် မြေမြုပ်မိုင်းများ တပ်ဆင်ထားသော ဒေသ ဖြစ်ပေါ်လာခဲ့၏။
(The state newspaper New Light of Myanmar reported that 2,146 people from 410 households and five villages will move into in model villages, which are equipped with wooden houses, schools, a police station, a hospital, a post office, and religious buildings, and will be supplied with enough water and electric power.)
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ လက်ရေးမူ အင်္ဂလိပ်ဘာသာဖြင့် ဧရာဝတီ သနားခံစာ ဆိုသော စာတမ်းအား ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ၇က်နေ့တွင်သူမ၏ နေအိမ်လိပ်စာဖြင့် ခေါင်းစဉ်တပ်ကာ နိုင်ငံတကာ မြစ်ချောင်းများ လေ့လာရေးသုတေသနအဖွဲ့သို့ ရေးသားတင်ပြခဲ့သည်။ သူမ ရေးသားထားပုံ၏ ကောက်နုတ်ချက်မျှလောက်သာ စာရေသူမှ တင်ပြလိုသည်၊ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးမူရင် ဖိုင်အား စာရေးသူမှ သွယ်ဝိုက်သော နည်းလမ်းများဖြင့် ရ၇ှိခဲ့သည်။ “ဧရာဝတီ အဆိုပါမြစ်သည် အံဘွယ်ဘနန်း ဖြစ်စေရပြီး မြန်မာပြည၏်အဓိကရေသောက်မြစ်လဲဖြစ်သော အရာဖြစ်၏၊
ထို့အပြင် မြစ်ကြီးသည် ကျမတို့ သတ္တဗေဒနှင့် သဘာဝဗေဒတို့၏ ပင်မအဓိက မြစ်ကြီးလဲဖြစ်သည်။ ထိုမြစ်ကြီးမှ ကျမတို့လူသားများလက်၇ှိနေထိုင်ကြသော ကျမတို့တိုင်းပြည်၏ သဘာဝ ဂေဟစနစ်အသွင်အား ထုတ်ဖေါ်ပြသထားသော အံမခန်းဘွယ်မြစ်ကြီးဖြစ်ပါပေသည်။ ထိုမြစ်ကြီးအား အကြောင်းပြုကာ ကျမတို့ တိုင်းပြည်၏ သမိုင်း ယဉ်ကျေးမှုနှင့် လူနေဘ၀အဖုံဖုံအသွယ်သွယ်တို့အား ပေါင်းစပ်ထောက်ပံ့ပေးထားသော မြစ်ကြီးဖြစ်သည်သာမက ၄င်းဧရာဝတီမြစ်ကြီးအား အခြေခံကာ ရွှင်မြူးဖွယ် ခံစားဖွယ် လွမ်းမောဖွယ် ဂုဏ်ယူဖွယ်နှင့် မရေတွက်နိုင်သော ရသစာပေများအား ခံစားစံစားရသော မြစ်ကြီးတစင်း စီးဆင်းလျှက်ပင်တည်း”……………
(အောင်ဆန်းစုကြည်) အမှတ် (၅၄/၅၆) တက္ကသိုလ်ရိပ်သာလမ်း… ဗဟန်းမြို့နယ်.. ရန်ကုန်မြို့ ဟု လိပ်မူပါရှိပါသည်။
စာဖတ်သူများအား ကျေးဇူးတင်ပါသည်။
ဂိုလ်ရှယ်လေး
အပိုင်း (၂)
လှုပ်ရှားဆောင်ရွက် ကလိန်ကျပုံများ
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နေခင်း (၂) နာရီတွင် ကျနော်တို့ မြစ်ဆုံ လုပ်ငန်းအကောင်ထည်ဖေါ်ရေးအတွက် တွဲဖက်လုပ်ကိုင်မည် ဘန်ကာ BANCA နှင့် တရုတ်ဘက်မှ စီပီအိုင် ကုမ္မဏီတို့ သဘောတူ လက်မှတ်ရေးထိုးကာ နိုင်ငံတကာမှ ခွင့်ပြုချက်ရရှိမည့် အီးအိုင်အေ အတွက် လေ့လာရေးကို စတင် အကောင်ထည်ဖေါ်ကြပြန်သည်။
(၂၀၀၉) ခုနှစ် ဇန်နာဝရီလမှ ဇွန်လအထိ တရုတ်မြန်မာ အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန်နောက်ဆုံး လေ့လာစူးစမ်းမှုများ အပြီးသတ်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ကြရာတွင် တရုတ်ဘက်မှ စီပီအိုင် (China Power Investment) မှ ၄င်းတို့ တွေ့ရှိချက်များအား အထူးအစည်းဝေးခေါ်ယူကာ တင်ပြကြ၏။
တင်ပြချက်ထဲတွင် ကုမ္မဏီ၏လုပ်ငန်း စတင်အကောင်ထည်ဖေါ်ချိန်မှစပြီး လုပ်အားနှင့် ရင်းနှီးမြုပ်နှံမှု အားလုံး အရှုံးဖြင့် ရင်ဆိုင်ကြုံတွေ့နိုင်စရာ အကြောင်း မရှိကြောင်းနှင့် လုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ချိန်မှစကာ ကုမ္မဏီအဖို့ မျှော်လင့်မထားသော အကျိုးမြတ်ကြီးများ ရရှိနိုင်ကြောင်း ၄င်းတို့ စာတမ်းတွင် ဖေါ်ပြသည့်အတွက် တရုတ်ပြည်မ အစိုးရကိုယ်တိုင်ပင် အထူးစိတ်ဝင်စားကာ တရုတ်ပြည်၏ သစ်တောရေးရာ (မြောက်ပိုင်းဒေသ) ကာကွယ်စောင့်ရှောက်ရေးဝန်ကြီး( လျံချီပင်း) အား စီပီအိုင်၏ လုပ်ငန်းများအား ပူးတွဲပါဝင်ကြီးကြပ်ရန် သံဗာန်စာဆင့်ထုတ်ကာ ညွန်ကြားခဲ့သည်။
အကြောင်းမှာ မေခ မလိခ မြစ်နှစ်သွယ် ဆုံမိစီးဆင်းသည့် အိုင်ကြီးသည် အလွန်တန်ဖိုးကြီးမားသော ရွေနှင့် အခြားဓါသတ္တုပစ္စည်းများ ရရှိသေခြာကြောင်း၊ လုပ်ငန်း စတင်လုပ်ဆောင်သော အချိန်မှစပြီး လုပ်ငန်းပြီးဆုံးသည့် အချိန်ထိ ရွှေနှင့် တန်ဘိုးကြီး ဓါတ်သတ္တု ခန့်မှန်းခြေ တန်ပေါင်း ( ၅၀၀၀) နှင့် ၁၀၀၀၀ သောင်းအကြား တပါတည်း ရရှိတူးဖေါ်နိုင်ကြောင်း အပြင် ဒေသတွင်းရှိ ရှင်းလင်းပယ်ဖျက်ရန် သစ်တောကြီးများမှ သစ်တန်ချန်း (၂သန်းမှ ၇)သန်းထိ ရနိုင်သည့်အပြင် တန်ဘိုးရှိသော ရှားပါး သစ်ခွ နှင့် အခြားသော မျိုးစေ့ မျိုးဆက် အသစ်ဆန်းများ ရရှိမှာ ဖြစ်ကြောင်း အား အသေးစိတ် ဓါတ်ပုံများနှင့်တကွ တင်ပြခဲ့သည်။
အထက်ပါ အစီရင်စာ အား ၂၀၀၉ခု ဂျူလိုင် လ ၆ ရက်နေ့ တွင် တင်ပြခြင်းကြောင့် တရုတ်ပြည် ယူနန်ဒေသ အာဏာပိုင်များပင်မက ပြည်မ အာဏာပိုင်များပါ အထူးစိတ်ဝင်စားခဲ့ပြီး မြန်မာပြည်သို့ တရုတ်ပြည် စီးပွားရေးဆိုင်ရာ ၀န်ကြီး အလည်ပတ်ရောက်ရှိလာပြီး အနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ စီးပွားရေးသမားများ ခရိုနီများအား အထူးမက်လုံးပေးဖိတ်ခေါ်ခဲ့သည်ကို လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် အနားယူသွားသော (ပြည်ပြောင်အောင်ရောင်းစားခဲ့သူများ) ဖြေနိုင်လျှင် တိတိပပ ဖြေရှင်းစေချင်သည်။
ထို့ကြောင့်(၂၀၀၉ ခုနှစ် စတင်ဘာလ ၈ ရက်နေ့တွင်) မြန်မာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေဦးဆောင်သော ၈၁ ယောက်ပါသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ တရုတ်ပြည်သို့ လိုက်ပါပြီး တရုတ်ပြည်မှ “မဟာ ပြည်သူ့ရင်ပြင် အဆောက်ဦး” တွင် ကော်ဇောနီးခင်း ကာ တရုတ်ပြည်မှ သမ္မတ ဟူဂျင်တောင်း က ကြိုဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိ တိုင်းမ် သတင်းစာမှ အောက်ပါအတိုင်း ရေးသားတင်ပြထားသည်။
Once again, the head of a nation viewed as a pariah in the West had come to China to court favor, legitimacy and money, eliciting criticism that Beijing is coddling repressive regimes. This time it was Senior Gen. Than Shwe, leader of the generals who rule Myanmar. The 77-year-old on Wednesday received a red-carpet welcome at Beijing's Great Hall of the People. (Los Angeles Times)
ထိုသို့ ဗိုလ်ချုပ်ရူးကြီး သန်းရွှေနှင့် ခ၇ိုနီတို့၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဖက်မှ မြစ်ဆုံလုပ်ငန်း အပါဝင် အခြားသော အကြောင်းရာများ (၁၃) ခုအား အဖြေခိုင်ခိုင်မာမာရရှိအောင် တရုတ်တို့ဘက်မှ အင်တိုက်အားတိုက် ဆွေးနွေးခဲ့ပြီး လက်မှတ်ပေါင်း ( ၄၃) ခုအား မြန်မာဘက်မှ ထိုးပေးခဲ့ကြောင်း စာရေးသူတွင် ခိုင်လုံသော သက်သေအထောက်ထားများ လက်ဝယ်ရှိနေပါသည်။
( မှတ်ချက်) ဦးသန်းရွှေနှင့် တိုင်းပြည်အလွဲသုံးစား လုပ်သူများအား တရားဥပဒေအရ ခုံရုံးတင်မည်ဆိုလျှင် စာရေးသူအား သက်သေအနေဖြင့် ဆက်သွယ်နိုင်ပါသည်။ ဗိုလ်ချုပ်ရူးကြီး သန်းရွှေမှ လက်မှတ်ထိုးသဘောတူသော အချက်များတွင် တရုတ်တို့ လိုလားတောင်းတသော အချက်လက် ကို ရရှိသွားကြလေ၏။
၎င်းအချက်လက်မှာ မြစ်ဆုံဒေသရှိ နယ်မြေရှင်းလင်း တည်ဆောက်သော ကာလ၀ယ် အသုံမ၀င်သော သစ်မာနှင့် မြစ်ဆုံဒေသ တည်ဆောက်ရေးလုပ်ငန်းတွင် ဖယ်ထုတ်စွန့်ပစ်ရမည်ဖြစ်သောမြေသားများအား တရုတ်တို့ဘက်သို့ တိုက်ရိုက်သယ်ယူ ပို့ဆောင်ရေး အပါဝင် လိုအပ်လျှင် တရုတ်တို့ဘက်မှ လုံခြုံရေး အစီမံများ ပူးတွဲလုပ်ကိုင်ခွင့် ရရှိရန်ဖြစ်လေသည်။ ထိုသဘောတူညီချက်အား ယခု ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တိုက်တွန်းရှင်းပြခဲ့သည်ဆိုသော သတင်းအချက်လက်သည်ပင် စာရေးသူတွင် ရှိပါသည်။
ထိုကိစ္စအရပ်ရပ်အား အကွက်ကျကျ စီမံဆောင်ရွက်ပေးနိုင်သော ယခု အနားယူသွားသည့် ဒုတိယ သမ္မတ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး (အရက်သမား) မောင်အေးတို့အာ အေးရှဝေါလ်နှင့် စီပီအိုင်တို့မှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀) လက်ဆောင်ပေး အပ်နှင်းခဲ့သည်ကို အေးရှဝေါမှ လက်မှတ်ထိုးပွဲအား တာဝန်ယူခဲ့သော တာဝန်ခံအရာရှိ၏ ဖွင့်ဟချက် သက်သေ အခိုင်မာရှိပါသည်။ ထိုကြောင့် မြန်မာလျှပ်စစ်ဝန်ကြီး ( ခရစ်စတီးကျွန်း အရပ်သာ ၈၂ သတ်ဖြတ်မှုတွင် ကိုယ်တိုင်ပါဝင်သူ) ဗိုလ်ချုပ်ဇော်မင်းမှ မည်မျှကန့်ကွက်စေကာမူ ကျုပ်တို့ ဆက်လက်လုပ်ကိုင်မည်ဟု အတိလင်း ကြေငြာချက်ထုတ်ခဲ့ကြောင်းအား နိုင်ငံတကာ မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့မှ အောက်ပါအတိုင်း ဖေါ်ပြပါသည်။
China's role in Burma's hydropower development projects was sealed in an agreement between Burma's Ministry of Electric Power and China's National Energy Administration in March 2009. Burma's Electric Power 1 Minister Zaw Min on September 11, 2011 in a press meeting said that the Myitsone project will continue to be built despite protests from domestic and international civil and environmental groups.
တရုတ်တို့ လိုချင်သော ကိစ္စရပ်များရရှိပြီးနောက် မြစ်ဆုံလုပ်ငန်းအား အားတိုက်အင်တိုက် ပြုလုပ်ကြလေတော့သည်။ မြစ်ဆုံလုပ်ငန်းအား မြန်မာဘက်မှ တာဝန်ယူ ရင်းနှီးမြုပ်နှံထားသူ အေးရှဝေါလ်ကုမ္မဏီမှ တက်သုတ်ရိုက်ကာ အလျှင်သလို အကောင်ထည်ဖေါ်ဆောင်ရွက်၇ာတွင် (၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ မြန်မာပြည်၏ ဧရာဝတီ မိခင် ဖခင်အား စတင် သတ်ဖြတ်၇န် စက်ယန္ဒယားပေါင်း ( ၁၀၃၂) ခု အားစတင်ဝင်ရောက်လာတော့သည်။
၎င်းဒေသတွင်းရှိ ရွာပေါင်း ၆၃ ရွာ နှင့် လူဦးရေပေပေါင်း ၂ သောင်း ၆ထောင်မှ ၃၈၀၀၀ အကြား ရှိမည်ဟုခန့်မှန်းရသော အရေတွက်အား အဓမ္မ ဖြင့် သေနတ် ပြောင်းများ ခေါင်းပေါ်ထောက်ကာ ပြောင်းရွှေ့ခိုင်းကြောင်း စာရေးသူမှ ဧရာဝတီ သတင်းဌာနသို့ တိကျသွာပေးပို့ပြီး တင်ပြခဲ့ရာ ဧရာဝတီသတင်းဌာနမှ တရားဝင် ဖေါ်ပြခဲ့ပါသည်။ ဘိန်းကုန်ကူးရေး ခေါင်းဆောင် လော်စစ်ဟန်၏ အေးရှဝေါလ်ကုမ္မဏီနှင့်ပတ်သက်သော ငွေလျော်ဖွတ်သည့် လုပ်ငန်းတခု အကြီးအကျယ် ငွေလျော်ဖွတ်ခွင့်ရလိုက်သော အကြောင်းရာများနှင့် ပတ်သက်သည့် မြန်မာ စစ်ဗိုလ်ချုပ်များ တိုက်ရိုက်ပါဝင် ပတ်သက်မှု ၊ တရုတ်တို့ဘက်မှ မြစ်ဆုံအား စတင် မုဒိန်းကျင့်ကြပုံများအား ကျနော်၏ အပိုင်း (၃) တွင် အသေးစိတ် ဆက်လက်တင်ပြပါမည် ။
စာဖတ်သူများအား ကျေးဇူးတင်ပါသည်
အပိုင်း(၃)
အနားယူသွားသော ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ တရုတ်ပြည်သို့ သွားသော ခရီးစဉ်အား ဘိန်းဘုရင် လောစစ်ဟန်နှင့် ၄င်းတို့ မိသားစုပိုင်ဆိုင်သော အေးရှဝေါလ် ကုမဏီမှ အမေ၇ိကန်ဒေါ်လာ ၂.၈ သန်း အကုန်ကျခံကာ တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းကာ စီစဉ်ခဲ့ကြောင်းအား တရုတ်အမျိုးသား လုံခြုံရေးဆိုင် အထူးထောက်လှမ်းရေး(Special Intelligent Watch of China Security) မှ ၄င်းတို့၏ အသုံးစရိတ်နှင့် ဘတ်ဂျက် စာရင်းအား တရုတ်ပြည်မ နှင့် တရုတ် ရာဇ၀တ်မှု စောင့်ကြည့်ရေး ဌာနသို့ တင်ပြရာတွင် ဖေါ်ပြထားသည်။
လော်စစ်ဟန်သည် မြန်မာပြည်မ အတွင်းမှ တနှစ်လျှင် ဘိန်းစိမ်း ထုတ်လုပ်မှု ပိသာသာချိန် တသိန်းကျော်အား 1965 ခုနှစ်မှ စကာ တရုတ်ပြည် နယ်စပ်လမ်းများမှာ အဆင့်ဆင်ပ ဟောင်ကောင် (တုံချီဟွာ) စီးပွားရေး လုပ်ငန်းစုသို့ပေးပို့ပြီး ဟောင်ကောင်တွင် ဘိန်ဖြူ စစ်စစ်ထွက်ပေါ်လာအောင် သန့်စင့်ချက်လုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှ စကာ လော်စစ်ဟန်၏ နှစ်စဉ် ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၃၈၀ မှာ သန်း ၅၀၀ အထိပင်ရှိကြောင်း အမေရိကန်နိုင်ငံ မူးယစ် တားဆီးရေး ဗျူရိုမှ ထုတ်ပြန်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် အမေရိကန်၏ မဟာမိတ်ပီပီ `1973 ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် လော်စစ်ဟန်အားထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနောက်ဘက် တွင် ထိုင်း လုံခြုံရေးအထူးတပ်ဖွဲ့များမှ လက်ရဖမ်းဆီးခဲ့သည်။
သို့သော် မြန်မာနိုင်ငံသို့ မဟာမိတ် သဘောအရ ထိုင်းမှ မြန်မာပြည်သို့ ပြန်လည်လွှဲပေးခဲ့၏။ ၁၉၇၅ ခုနှစ်တွင် လောစစ်ဟန်အား သေဒဏ်နှင့် တသက်တကျွန်းချမှတ်ထား၇ာမှ ဦးနေ၀င်းသည် ၄င်း၏ အစီစဉ်အရ မြန်မာပြည် ကိုးကန့်ဒေရှိ ကွန်မြူနစ်ပါတီအတွင်း လော်စစ်ဟန်အား ပြန်လည်သွတ်သွင်း ဖြို့ခွဲရန်အလို့ငှာ လားရှိုးတွင် ပြန်ပေးဆွဲခံရသော သြစတေးလျှသား မိသားစုအား အကြောင်းပြုကာ လော်စစ်ဟန်အားပြန်လည်လွှတ်ပေးခဲ့သည်။
ထိုနောက် လော်စစ်ဟန်သည် ၄င်း၏ ဘိန်းကုန်ကူးရေးလုပ်ငန်းအား ဆက်လက် အတားဆီးမယ့် လုပ်ကိုင်ခွင့်အား ဦးနေ၀င်းတို့မှ ခွင့်ပြုခဲ့လေသည်။ ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းသော ကာလ၀ယ် မိုင်းယမ်း တိုက်ပွဲကြီး ရှမ်းပြည်မြောက်ပိုင်း ၀ ဒေသနှင့် ထိစပ်နေသော နေရာတွင် ဖြစ်ပွားနေပြီး ၄င်းတိုက်ပွဲအား အဓိက တာဝန်ယူ ထိပ်တိုက်ရင်ဆိုင် နေသူမှာ ဗိုလ်မှူး တင်အောင်မြင့်ဦးဖြစ်ခဲ့ပြီး ဗို်လ်မှူး တင်အောင်မြင့်ဦးအား ညိနိုင်းကာ လော်စစ်ဟန် ၄င်း၏ လက်ထောက် ဖုန်းကျားရှင်းတို့နှင့် ကိုးကန့်ဒေသ အာဏာသိမ်းမှု ဖြစ်ပေါ်စေရေးအတွက် ဗိုလ်ချုပ်ခင်ညွန့် မှ စနစ်တကျ စီစဉ်ပေးခဲ့သည်။
မြန်မာပြည်ကွန်မြူနစ်ပါတီအား ၁၉၈၉ ခုနှစ်တွင် အတွင်းတော်လှန်မှုနှင့် အာဏာသိမ်းမှုတို့အား စနစ်တကျ စီစဉ်ပေးပြီး မြန်မာ့တပ်မတော်အတွက် လိုအပ်သော ၇ိက္ခာ အဆောင်ယောင်များအား လော်စစ်ဟန်မှာ တရုတ်ပြည်တွင်း ၄င်း၏ သိုဝှက်ထားသော ငွေပေါင်းများစွာထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၃၀)အား ပေးပြီး ကူညီခဲ့လေသည်။ ထိုအချင်းရာများကြောင့် လော်စစ်ဟန်၏မိသားစုသည် မြန်ပြည် ရန်ကုန်မြို့၏ ဗိုလ်ချုပ်ရွာဟု အများက သိသော နေရာတွင် အစောင့်ရှောက် အဆောင်ယောင် အပြည်ဖြင့် အကာကွယ်ပေးခြင်းခံရပြီး နောက်ပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံများတွင်းသို့ ထဲထဲဝင့်ဝင့် စီးပွါးရေးသမား အသွင်ဖြင့် ငွေဖြူလျှော်ဖွတ်ရန် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေ တပ်ဖွဲ့များမှ စိစဉ်ပေးခဲ့ပြီး နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်းခံရသော ၂၀၀၄ ခုနှစ် စက်တင်ဘာလာ နောက်ပိုင်းတွင် သူရသီဟ တင်အောင်မြင့်ဦး အပါဝင် ယခု လက်ရှိ သမ္မတ ဦးသိန်းစိန် ၊ ဗိုလ်ချုပ်ကြီး မောင်အေး ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၄င်း၏ မိသားစုများပါ ဆက်လက် ထိန်းသိမ်းပူးတွဲလုပ်ကိုင်လက်တွဲခဲ့ပြီး လော်စစ်ဟန်ပိုင်သော အမေရိကန်ဒေါ်လာ (၂၀.၂၂) ဘီလီယံ(ခန့်မှန်းချေ) အား မြန်မာနှင့် အားရှစီးပွားရေးလောကတွင် အရောင် ၀င်းလက်တောက်ပစေခဲ့သည်။ ယခု လော်စစ်ဟန် မိသားစု၏ အေးရှဝေါလ် ကုမ္မဏီသည် မြန်မာဘက်တွင် မြစ်ဆုံနယ်မြေတူးဆွရှင်းလင်းရေးနှင့်၎င်းဒေသမှ ရှင်းလင်းဖယ်ထုတ်သော မြေကြီးနှင့် သစ်တောထွက်ပစ္စည်းများအားလုံးအား တရုတ်ပြည်ဘက်သို့ တနေ့လျှင် (တန်ပေါင်း ၁၀တန်း မှ တန်ပေါင်း ၂၅)တန် ၀န်တင်ဆောင်သော ကားကြီးကားငယ်များဖြင့် နေ့ရောညပါ တနေ့လျှင် ၂၂၈ စီးမှ ၃၄၀) ထိ သယ်ယူသွားသည်ကို တိကျသော ဒေသခံတို့မှ မှတ်တမ်းတင်ထားမှုအား စာရေးသူမှ ရရှိခဲ့သည်။ တရုတ်ပြည်ဘက်တွင် နေ့ည (၂၄) နာ၇ီး လည်ပတ်သော သစ်ခွဲစက်များ၊ ရွှေနှင့် ဓါတ်သတ္တု ခွဲထုတ်ရေး လုပ်ငန်းများဖြင့် လူအင်အား (၅၀၀ မှ ၈၀၀၀အထိ) အလုပ်ခန့်အပ်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး စိပီအိုင်(CPI) မြစ်ဆုံဒေသ အကျိုးမြတ်နှင့် လုပ်ငန်း ဝေစု အတွင် ခွဲဝေရှင်းလင်းရေး မှတ်တမ်းတွင် မြန်မာ မြစ်ဆုံဒေသမှ လုပ်ငန်းအကောင်ထည်ဖေါ်ရေးကာလတွင်ရရှိသော ရှင်းတမ်းသည် (သစ်မာနှင့် သစ်တောထွက် ပစ္စည်းများမှ အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၃၈၂ သန်း( သဘာဝ ဓါတ်သတ္တုများမှ ရွှေနှင့် အခြားဓါတ်သတ္တု အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄၄သန်း အား ရရှိပြီဖြစ်ကြောင်း အပြင် ကျော်မျက်ရတနာ အမေရိကန်ဒေါ်လာ ၂၂၄ သန်း ဖြစ်ကြောင်းတင်ပြထားသည်။ မှတ်ချက် မြစ်ဆုံဒေသအား၎င်းတို့ ၀ိုင်းဝန်း မုဒိန်းကျင့်ကြရာမှ ရရှိလာသော ကျောက်မျက်များတွင် အလွန်ရှားပါးသော ကျောက်စိမ်းပြာ အရိုင်းတုံး ၁.၄ တန်အား (၂၀၁၁)ခုနှစ်ဟောင်ကောင်တွင် ဇွန်လ၀ယ်ပြုလုပ်သော ကျောက်မျက်ပြပွဲတွင်ရောင်းချရာ ဂျာမနီနိုင်ငံမှ လုပ်ငန်းရှင်တဦးမှ အမေရိကန်ဒေါ်လာ (၁၆၄)သန်းဖြင့် ၀ယ်ယူခဲ့ကြောင်း စာရေသူတွင် တိကျသော သတင်း အခိုင်မာ ရှိနေပါသည်။ စာဖတ်သူများအား လေးစားစွာဖြင့် အပိုင်း(၄)နိဂုံးပိုင်းအား ဆက်လက်တင်ပြပေးပါမည်။ စောင့်မျှော်ဖတ်ရှု့ကြမည်ဟု အပြည့်ဝ ယုံကြည်ပါသည်။ ကျေးဇူးတင်စွာဖြင့် အပိုင်း(၄) နိဂုံးပိုင်း မြစ်ဆုံဆည် စတင် လုပ်ဆောင်ခဲ့သော ၂၀၀၉ ခုနှစ်မှစ ၍ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နာဝရိလ ၇ ရက်နေ့အထိ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အကျိုးမြတ်စောင့်ကြည့်ရေးအဖွဲ့၏ ဖေါ်ပြချက်အရဆိုပါလျှင် စီပီအိုင် နှင့် အေးရှဝေါလ်တို့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန် အသုံးပြုခဲ့သော ရင်းနှီးမြုပ်နှံ စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၁၁ သန်းအား အသုံးပြုခဲ့သော်ငြား မြစ်ဆုံဒေသမှ ပြန်လည်ရရှိသော ရွှေ ကျောက်စိမ်း အရည်သွေးကောင်းများ နှင့် အခြား အဖိုးတန် ဓါတ်သတ္တုများအပြင် သစ်တောထွက် ပစ္စည်းများကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင် ဒသမ ၃ သန်းအား အကျိုးမြတ် အလုံးရင်းရရှိကြောင်း သိရ၏။ မြစ်ဆုံဆည်ကြီး(၂၀၁၉) ဇွန်လတွင် တည်ဆောက်ပြီးစီးသွားပါက မည်သို့သော ပြသနာများအား မြန်မာနိုင်ငံ ဧရာဝတီမြစ်တလျောက်နှင့် ၄င်း၏နီးစပ်သော ဒေသများတွင် နေထိုင်သော သူများအဖို့ ရင်ဆိုင်ရနိုင်ကြောင်းအား ဒေါ်အောင်ဆန်းစုကြည်မှ သူမလက်ရေးမူဖြင့် ရေးသားတင်သွင်းသော (နိုင်ငံတကာ မြစ်ကြောင်းများ စောင့်ကြည့်ရေးအဖွဲ့) သို့ ဧရာဝတီ သနားခံစာ စာတမ်းတွင် မကြာခန ငလျှင်လှုပ်လေ့ရှိသော မြန်မာ့ သဘာဝဘူမိ အနေထားအကြောင်း၊ သဘာဝ ဂေဟပျက်ယွင်းမှုနှင့် မျိုးတုံန်းပြောက်ကွယ်နိုင်သော သတ္တဗေဒ အခြေနေများအပြင် ဧရာဝတီမြစ်ရေအား အကန့်သတ်ဖြင့်သာ လွှတ်ထုတ်စီးဆင်းအောင်ဆောင်ရွက်ထားမှုများက ဧရာဝတီမြစ်ကြောင်း အဆုံးဒေသဖြစ်သည့် လူဦးရေး ၈ဒသမ ၆ သန်းကျော် နေထိုင်နေကြသော ဧရာဝတီတိုင်းတွင်၊ လူဦးရေ ၁၄ဒသမ ၉ သန်းကျော်ခန့်နေထိုင်နေကြသော ရန်ကုန်တိုင်း စသော ကြီးမားသည့် ဒေသလွင်ပြင်များအတွက် မလွဲမသွေ ရင်ဆိုင်ရနိုင်သော အန္တရယ်မှာ အန္ဒိယသမုဒ္ဒရာမှ နေ့တဓူဝ စီးဝင်လာနေသော ဆားငန်ရေများအား လက်ရှိ ဧရာဝတီမြစ်ရေ၏ စီးတွန်း ကျားကန်ထားမှု အရှိန်များကင်းမဲ့ သွားပြီး အထက်ဖေါ်ပြပါ ဒေသကြီး တိုင်းကြီးများတွင် ဆားငန်ရေး တနေ့တခြားလွှမ်းမိုးလာပြီး အားလုံး စိုက်ပျိုးရေးနှင့် ကျန်မားရေစသော လူဦးရေ ၁၈ သန်း၏ လူမှုဘ၀များအား တိုက်ရိုက် ထိဆက်လာသော ဒုက္ခဘေးဆိုးကြီးအား ရင်ဆိုင်ရနိုင်ကြောင်း တိကျစွာ ဖေါ်ပြထားသည်ကိုတွေ့ရသည်။(နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစီရင်ခံစားအား တင်ပြပေးပါမည်)။ မှတ်ချက် သူမအား ဖားလိုခြင်းမဟုတ်ပါ .. အမှန်ဆန်းစစ်ကြမည်ဆိုပါလျှင် မြစ်ဆုံစီမံကိန်းသည် ကျနော်တို့ တိုင်းရင်းသား ညီကို မောင်နှစ်မများ အေးတူပူမျှ နေထိုင်နေကြခြင်းမှ အချင်းချင်း သတ်ဖြတ်ခိုက်ရန်ဖြစ်ပွားအောင် လက်ရှိ နေပြည်တော်တွင် ဆက်လက် အာဏာယူ အုပ်ချုပ်နေကြသော စစ်သားလူဝတ်လဲများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို စာရေးသူက တိတိပပ တင်ပြနိုင်ပါသည်။
၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာ့ နေပြည်တော် စစ်ရုံး၏ ညွန်ကြားချက်အရ ကေအိုင်အေ တပ်ဖွဲ့များ စခန်းချနေရာယူထားသည့် မြစ်ဆုံးဆည်တည်ဆောက်ရေးနှင့် အလွန်နီးစပ်သော တိုင်ပိန် မြစ်ရိုးတလျောက်နှင့် မြစ်ဆုံတည်ဆောက်ရေးအတွက် ဖြတ်သန်းသွားလာနေရသော လမ်းကြောင်းပေါ်မှ ကေအိုင်အေ တပ်စခန်းများအား ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက် မြန်မာ့ စစ်ဘက်မှ ၀င်ရောက် တိုက်ခိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးထားခဲ့သော (၂၀၀၉)ခုနှစ် မြစ်ဆုံဒေသ လုံခြုံရေးအစီမံများ၏ တရုတ်တို့နှင့်သဘောတူညီချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၁၇)ကြာမျှ ငြိမ်းချမ်းရေးတည်ဆောက်ထားသော ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အကြီးအကျယ် လူမဆန်သော လက်နက်များအသုံးပြုကာ လက်ရှိ ဒုက္ခသယ်ပေါင်း တသိန်းမျှ ဖြစ်ပေါ်လာရပြီး နှစ်ဖက်လက်နက်ကိုင် စစ်အင်အား ( ၂၂၀၀၀)ခန့် ကျဆုံးထိခိုက်ဒဏ်ရာရစေသည့် စစ်ပွဲအား မြန်မာ့နေပြည်တော်၏ အစီမံအရ မြစ်ဆုံဒေသ လောဘကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း နိုင်ငံတကာ စစ်ရေးအကဲခတ်များမှ တညီတညွတ်တည်း ကောက်ချက်ချပါသည်။ အဆိုပါအချက်လက်နှင့်ပတ်သက်ပြီး အအောက်ပါ ကောက်နုတ်ချက်အား လေ့လာနိုင်ပါသည်။
Fighting erupted between Kachin Independence Army and Myanmar Army troops on June 9, 2011, when government forces broke the ceasefire and attacked KIA positions along the Taping river east of Bhamo, Kachin State, near the Ta-pein hydropower plant.[10] Fighting has occurred throughout Kachin State, which is about the size of Portugal, as well as the Northwestern portion of Shan State.[11] According to news reports fighting broke out as a result of the central government attempting to take control of Kachin Independence Army controlled areas and attempts to secure areas around lucrative energy projects in Kachin and Shan state, the majority of which are backed by the Chinese government.[12] Despite a December, 2011 statement by Myanmar's President Thein Sein that he had ordered the army to cease its campaign in Kachin state the conflict continued into 2012.[13] In 2012 the largest battles occurred in March along the Myitkyina-Bhamo road,[11] in April during the battle for Pangwa in Chipwi Township near Luchang,[14][15] in August in Hpakant, where rebels claimed to have killed 140 Myanmar Army troops when they exploded mines buried inside the Myauk Phyu (White Monkey) jade mine which is owned by the Wai Aung Kaba Company,[16] and in December and January, 2013 around Laiza where airstrikes and artillery were heavily used against KIA positions.
သို့သော် မြန်မာ့နေပြည်တော်မှ ယူဆထင်မြင်ထားသည့်အတိုင်းဖြစ်မလာပဲ စစ်ပွဲရှည်ကြားပြီး စစ်စရိတ်ကုန်ကျများလာရသည့်အပြင် နိုင်ငံတကာအသိုင်းဝိုင်းနှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများ ပြည်မတွင်းရှိ လူတန်းစားအလွှာသီးသီးမှ ပြည်သူများ တက်ကြွလှုပ်ရှားသူများ နက်ဝပ်စာရေးဆရာ သတင်းထောက်များ သံတမန်များ၏ ပြင်းထန်စွာကန့်ကွက်မှုကြောင့် လက်ရှိနေပြည်တော် အစိုးရမှ ငြိမ်းချမ်းရေးဘက်သို့ ဦးလှည့်ပြပြီး ပုံစံတမျိုးဖြင့် ပြန်လည် ဆောင်ရွက်လာသည်ကို အားလုံးသတိထားစောင့်ကြည့်သင့်ပေ၏။
မြစ်ဆုံဒေသ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆိုင်းငံထားသည်ဆိုသော နိုင်ငံတော် သမ္မတ ပြန်တမ်းတွင် အခိုင်မာ ရေးသားထားပြီး မြစ်ဆုံရေကာတာနှင့်ပတ်သက်သော တိကျမှန်ကန်သည့် အချက်လက်ဖြစ်သော ကေအိုင်အေနှင့် ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာ အဆင်မမြေမှုမဖေါ်ပြပဲ ပြည်သူလူထု၏ သဘောဆန္ဒအရ ဆိုင်းငံကြောင်း သာ လူလည်လုပ်ကာ ပြန်တမ်းတွင် ရေးသားထားသာသည်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
THE government has suspended work on the controversial Myitsone dam as a result of widespread public protest over its likely environmental and social impact. The dam will be postponed until at least the end of the government’s five-year term, President U Thein Sein announced in a statement dated September 29. Speaker of the Pyithu Hluttaw Thura U Shwe Mann read out the announcement to hluttaw representatives the following day. “It has come to our knowledge that the public is concerned about the [dam] issue. We respect public’s desire as [our] government is a government elected by the public. We are obligated to address the public’s concerns and therefore in the time of our government we will stop constructing the Myitsone dam,” the statement said. The 6000-megawatt Myitsone dam is part of a series of seven dams on the upper reaches of the Ayeyarwady River to be built by China Power Investments Corporation (CPI) at a total estimated cost of US$20 billion. The Myitsone dam would displace about 20,000 people, of which more than 2000 have already been resettled, according to CPI.
နိဂုံးချုပ်ဆိုရသော် လက်ရှိ မြစ်ဆုံဒေသ ဆက်လက်အကောင်ထည်ဖေါ်ရေးအတွင် တရုတ်ပြည်ဘက်မှ ဆက်လက်ကြိုးပမ်းနေကြပြီး ၇န်ကုန်မြို့၇ှိ (၈၈) ပွင့်လင်း လူ့အဖွဲ့စည်း ခေါင်းဆောင်များနှင့် တရုတ်ပြည် သံအမတ်အပါဝင် စီပီအိုင်ကုမဏီတို့မှ စီဒိုးနား ဟော်တည်တွင် တခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၊ တရုတ်ပြည်ဘက်မှ လုပ်ငန်း ဖေါ်ဆောင်ရန် ဆန္ဒပြင်းပြနေကြောင်းအား (၈၈) ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင်များအား စနစ်တကျ ဆွေးနွေးပြပြီး (၈၈) ပွင့်လင်းဘက်မှ အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ခြင်းမရှိပဲ သတင်းအမှောင်ချထားပြီး စီပီအိုင်တရုတ်ကုမဏီနှင့် လူမမြင်ကွယ်ရာတွင် ပလူးပလဲ ဖြစ်ကာ မြစ်ဆုံအရေးအား အဖက်ဖက်မှ အမြတ်ထုတ်လာနိုင်စ၇ာရှိသော နိုင်ငံရေးခြေလှမ်းတကွက် ဖြစ်နေပါကြောင်း ခိုင်ခိုင်လုံလုံ အချက်လက်များဖြင့် စာရေးသူမှ တင်ပြအပ်ပါသည်။ စာရေးသူမှ အထက်တွင် ကတိပေးထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီ အစီရင်ခံစာအား အောက်တွင် တင်ပြပေးထားပါသည် အားလုံး လေ့လာ ဖတ်ရှု့နိုင်ကြမည်ဟု ရည်ရွယ်ပါသည်။ မနက်ဖြန် သြဂုတ်လ (၄)ရက်တွင် စာရေးသူမှ ရေးသားတင်ပြခဲ့သော အပိုင်း (၄)ပိုင်းလုံးအား တပေါင်းတစည်းတည်တင်ပြပေးပါမည်။
စောင့်မျှော်ဖတ်ရှု့ကြမည်ဟု အပြည့်ဝ ယုံကြည်ပါသည်။
ကျေးဇူးတင်စွာဖြင့်
ဂိုလ်ရှယ်လေး
Aung San Suu Kyi (Irrawaddy Appeal) 54 - 56 University Avenue Bahan Township Rangoon August 11,2011 lrrawaddy Appeal Irrawaddy, 'the great river," is the main waterway of Burma, It starts in the Kachin State in the north as the confluence of the Maykha and Malikha rivers and follows a steady course to the south where it disperses into a network of streams and rivulets that feed the fertile delta before finally flowing into the Indian Ocean. It is the most significant geographical feature of our country, the grand natural highway, a prolific source of food, the home of varied water flora and fauna, the supporter of traditional modes of life, the muse that has inspired countless works of prose and poetry. Today, the lrrawaddy is under threat. tack of sound planning, the failure to enforce necessary conservation laws, and a poor ecological awareness have created diverse problems. The plains forests on the banks of the river are in danger of disappearing as illegal logging and charcoal production proceed at an alarming pace. Deforestation has meant erosion that in turn has led to a rise in the level of the riverbed and an increased formation of sandbanks. The building of bridges without sufficient attention to the appropriateness of location and design has aggravated the problems of erosion and sandbank formation. For some decades now, navigation and the procurement of potable water have become increasingly difficult during the hot season. Climate change is an additional factor to be taken into account in assessing the damage that has been inflicted and continues to be inflicted on the lrrawaddy due to lack of timely and effective action. A relatively new problem is pollution. The proliferation of factories and the unregulated panning for gold over the last decade have introduced waste matter that constitutes a threat to rare species of fish, including the famous lrrawaddy dolphin, and to the health of people who rely on the river for water and food. The construction of darns and hydro-electric power stations bring such benefits as the regulation of waterways and the availability of renewable electric energy. However there is a downside to such projects. The river course is fragmented and the strength of flow is weakened; decrease in sedimentation aggravates the erosion problem; although the water becomes clearer, there is a greater concentration of impure elements; during the course of the construction work much industrial refuse is generated, adding to the despoliation of the environment and pollution of the river. A particularly serious problem resulting from the weakened flow of the waters of the lrrawaddy is the intrusion of salt water into the delta. This is detrimental to paddy production and thus affects the whole population of the country for whom rice is the staple food. Moreover rice is one of our major export items and any decrease in its production could affect foreign exchange earnings. The Eight Dams Project The latest dam construction, begun in 2010, is the prologue of the 'Eight Dams', or Myit Sone Hydro Electric Project, a joint Burmese-Chinese venture. This project has raised issues additional to the problems of dam construction outlined in the previous paragraph. An environmental impact assessment report has generated intense concern, in particular with regard to the safety aspect. The presence of fault lines in the vicinity of the dams and the sheer immensity of the reservoir raises the spectre of horrendous devastation in the event of an earthquake. Meanwhile 12,000 people from sixty three villages have been relocated. It is not yet clear whether they will receive compensation commensurate with the loss of livelihoods and the disruption to a traditional way of life. As good neighbours, Burma and China have an established tradition of mutual regard and friendship. We believe that, keeping in mind the interests of both countries, both governments would wish to avoid consequences which might endanger lives and homes. Since the commencement of the Myit Sone project, the perception, long held by the Kachin people, that successive Burmese governments have neglected their interests has deepened. While recognizing that large sums of money have already been spent on the realization of the project, we would urge that in the interests of both national and international harmony, concerned parties should reassess the scheme and cooperate to find solutions that would prevent undesirable consequences and thus allay the fears of all who are anxious to protect the Irrawaddy. Save the lrrawaddy Ecological changes to the lrrawaddy would impact all those whose lives are linked to the great river, from the ethnic peoples in the northernmost state of our country to the rice growing communities of the delta. To conserve the Irrawaddy is to protect our economy and our environment as well as to safeguard our cultural heritage. Most important of all, uniting in conservation efforts would carry dividends in the way of better understanding and practical cooperation. Many individuals and organizations have done valuable research on the lrrawaddy and there will surely be no lack of information and practical suggestions that could serve as a basis for a conservation scheme. Much can be achieved simply by the strict application of already existing laws and regulations pertaining to the conservation af forests and rivers. We therefore appeal to environmental experts, to conservationists and to lovers of nature, peace and harmony everywhere to join us in a campaign to create a worldwide awareness of the dangers threatening one of the most important rivers of Asia. Together we can find solutions to problems, ecological, economic, technical, and political, related to the Irrawaddy. Aung San Suu Kyi
အပိုင်း (၁) အပိုင်း(၂) အပိုင်း (၃) အပိုင်း(၄) နိဂုံးပိုင်းတို့အား တစုတစည်းတည်း တင်ပြထားပြီ နေပြည်တော်မှ သမ္မတ ဦးသိန်းစိန်တို့ ငြင်းချင်လျှင် တိကျသော အချက်လက်များဖြင့် စာရေးသူထံတွင် ရှိနေပါသဖြင့် လာခဲ့ ထပ်ဖဲ့လိုက်မည် ဟုသာ ပြောဆိုလိုကြောင်း လေးစားစွာဖြင့် ဂိုလ်ရှယ်လေး

Post a CommentDefault CommentsFacebook Comments