စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား



၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နအဖအတွင်းရေးမှူး (၂)မြန်မာ့တပ်မတော်စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးတင် ဦးနှင့်နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်ဦးဆောင်တဲ့ တပ်မတော် အရာရှိကြီးများတစ်စုဟာ ရုရှား လုပ်ြ-၁၇ စစ်ရဟတ်ယာဉ်နဲ့ သံ လွင်မြစ်ပေါ်ကနေ ဘားအံမြို့နား ကို ရောက်ရှိလာတဲ့အချိန် ပေါ့ဗျာ။

 ရာသီဥတုကလည်း ဆိုးနေ တယ်လို့ ဆိုတယ်။ အခု ဘားအံ မြို့အတွင်း သံလွင်မြစ်ကူးတံ တားကြီးရဲ့တောင်ဘက်ခပ်လှမ်း လှမ်းက လှမ်းမြင်ရတဲ့သံလွင်မြစ် ပြင်ထဲက ကျွန်းကလေးတစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တယ်။ အချိန်ကတော့ နံနက် ၈နာရီအ ချိန်ဖြစ်တယ်။

ရဟတ်ယာဉ်ပေါ် မှာ ရဟတ်ယာဉ်မှူးအပါအ၀င် အားလုံး လူ ၃၀လောက် လိုက် ပါခဲ့ပြီး ၁၄ ဦးကနေ ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၄ဦးခန့် အသက် ရှင်ခဲ့ကြတယ်။ ရဟတ်ယာဉ်ပျက် ကျစဉ် သေဆုံးသူတွေကတော့ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး (ကြည်း) ဥွှ၊ ရ.တ တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်(ကြညှ်းီဗ)၊ ၀န်ကြီးချုပ် ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်နဲ့ စု စုပေါင်းတပ်မတော်ခေါင်း ဆောင် ၁၄ ဦးရှိတယ်လို့ ဆိုတယ်။

 ထူးဆန်းတာက ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ရုပ်အလောင်းမှာ ခြေနှစ်ဖက်စလုံး ပေါင်ရင်းကနေ ပြတ်နေတာ တွေ့ရတယ်။ ဗိုလ်ချုပ်သီဟသူရစစ်မောင်ရဲ့ ရုပ် အလောင်းကတော့ သုံးရက် လောက်အကြာမှာသံလွင်မြစ် တစ်နေရာမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရှာတွေ့နိုင်ခဲ့တယ်။ ပျက်ကျမှုမှာ သေဆုံးသွား ရသူတွေကတော့ ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ၆၇နှစ် ကြည်း /၈၁၈၂(ဥွှ ၂၂)၊ ဗိုလ်ချုပ်သီဟ သူရစစ်မောင် ၅၀နှစ် ကြည်း /၁၁၇၁၆ ၊ှီဗ -၁၂)၊ဗိုလ်ချုပ်လွန်း မောင် ၆၅ နှစ် ကြည်း/၁၀၁၃၃၃ -ဥွှ ၃၀)၊ ဗိုလ် မှူးကြီးဝင်းလှိုင် ၅၈နှစ်၊ ကြည်း/ ၁၁၄၆၇ ဥွှ ၃၈၊ ဒုတိယဗိုလ်မှူး ကြီးလှပိုင် ၄၄ နှစ် ကြည်း ၁၄၇၇၀ှီဗ ၂၀ ၊ ဗိုလ်မှူးအောင်ဖုန်းနိုင် ၄၀နှစ် ကြည်း/၁၈၁၇၁ှီဗ ၂၅ ၊ဗိုလ်ခင်မောင်ကျော် ၂၆ နှစ် ကြည်း /၂၉၄၇၀ှီဗ ၃၉ ၊ ဗိုလ်မှူးကြီးတင်ဝင်း ၅၁ နှစ် လေ/ ၁၆၁၃၃ ဥွှ ၁၄ ၊ဗိုလ်မှူးစိုးနိုင် ၄၁ နှစ် လေ/၁၈၆၂ှီဗ ၂၃၊ ဗိုလ်ကြီးနေမင်းအောင် လေ/ ၁၈၄၀၀ တပ်ကြပ်ကျော်ဆွေ ၃၇ နှစ် လေ/၁၉၇၅၂၊ တပ်ကြပ် ထိန်လင်းအောင် ၂၉နှစ် လေ/၂၂၆၁၄ တို့ သေဆုံးခဲ့ကြ တယ်။ နောက်တစ်နေ့ အစိုးရ သတင်းစာထဲမှာ အတွင်း ရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးခင် ညွှန့်နဲ့ ဇနီးဒေါက်တာခင်ဝင်းရွှေတို့ရဲ့ ၀မ်းနည်းကြေကွဲကြောင်း ကြော် ငြာကို တွေ့ရတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ အ သက်ရှင်ကျန်ရစ်ခဲ့တာ ၁၃ဦးရှိ တယ်။ သေရွာပြန်တွေလို့ပြောရမှ ပဲ။ ကံကောင်းကြတာပေါ့ဗျာ။ အသက်ရှင်ခဲ့တဲ့သူတွေကတော့ ဗိုလ်ချုပ်သန်းမောင်၊ဗိုလ်မှူးကြီး လှဌေးဝင်း(ယခု ဗိုလ်ချုပ်ကြီးလှ ဌေးဝင်း မြန်မာ့တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး) လက်ရှိမြန်မာတပ်မတော် မှာ နံပတ်(၃)အဆင့်ရှိသူ)၊ ဒုတိယဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဒု-ဗိုလ်မှူးကြီး အုန်းလွင်၊ ဗိုလ်မှူး စိုးအောင်ကျော်၊ ဗိုလ်မှူးနေမျိုးဦး၊ ဗိုလ်ကြီးအောင် ဇော်ထွန်း၊ဗိုလ်ကြီး ရဲမြင့်ထွန်း၊ ဗိုလ် အုန်းမြင့်၊ တပ် ကြပ်ကြီးဝင်းမော်၊ တပ်ကြပ်မြတ် ကျော်၊တပ်ကြပ် မောင်မောင်၊ အရပ်ဘက်က ဦးနေစိုးနိုင်တို့ အသက်ရှင်ခဲ့ကြတယ်။ အစိုးရက ရာသီဥတုဆိုးဝါးမှု ကြောင့် ရဟတ်ယာဉ်ပျက်ကျရ ခြင်းဖြစ်တယ်လို့ ကြေညာခဲ့တယ်။

 ရုရှားနိုင်ငံကတော့ ရုရှားလုပ်ြ -၁၇ ရဟတ်ယာဉ်တွေဟာ ရုရှား ရာသီဥတုအလွန်ဆိုးဝါးတဲ့နေရာ တွေမှာ သုံးနိုင်အောင်တည် ဆောက်ထားတာမို့ ရဟတ်ယာဉ်ရဲ့ ချို့ယွင်း မှုကြောင့် မဖြစ်နိုင်ဘူးလို့ ပြန်ကြေညာခဲ့တယ်။ ဒီရဟတ် ယာဉ် မပျက်ကျခင်ကတည်းက ဗိုလ်ချုပ်ကြီးတင်ဦးဟာ နှစ်ကြိမ် တိုင်တိုင် အလုပ်ကြံခံရပြီး အသက် ဘေးမှသီသီ ကလေးလွတ်မြောက် လာခဲ့သူဖြစ်တယ်ဗျ။ သူ့ရဲ့နေအိမ် မှာစာတိုက် ကပို့လိုက်တဲ့လက် ဆောင်ဗုံးကို သူ့ကိုယ်စား သူ့ သမီးက ဖွင့်ကြည့်လိုက်လို့ သမီး သေဆုံးခဲ့ရပြီး သူအသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခါ ကမ္ဘာအေးလိုဏ်ဂူ တော်ကြီးမှာ ဗိုလ်ချုပ်ကြီးတင်ဦး လာမယ် သိ ထားလို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံး က သူမရောက်ခင်ကွဲ သွားလို့ တစ်ခါအသက်ဘေးက လွတ်ခဲ့ပြန် တယ်။

 ဒါတွေက အရှေ့မှာ ဖြစ်ခဲ့ တယ်။ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ်သီဟသူရ စစ်မောင်အကြောင်းကတော့ အ နာဂတ်မြန်မာ့တပ်မတော်ရဲ့ကာ ကွယ်ရေးဦးစီးချုပ်ဆက်ခံနိုင်သူလို့ အသတ်မှတ်ခံထားရသူဖြစ်တယ်။ ဗိုလ်ချုပ်သူရစစ်မောင်ဟာ မြန်မာ့တပ်မတော်မှာ သူရဲကောင်း ဆုတွေ ဖြစ်တဲ့ သီဟသူရတစ်ကြိမ် သူရ တစ်ကြိမ်ရခဲ့ဖူးပြီး ဇွတ်တော့ လုပ်တတ်သူဖြစ်တယ်။ ၁၉၉၆ ဇူလိုင် လ ၂၄ ရက်က ဗိုလ်ချုပ် စစ်မောင်ကိုယ်တိုင် လိုက်ပါလာခဲ့ တဲ့ မြန်မာ့လေကြောင်းဖော်ကာ င်္ -၂၇ လေယာဉ် ဌ့ ဗနွှ ဟာ ခရီးသည် ၄၄ ဦးနဲ့ ထားဝယ်-မြိတ်ခရီးစဉ် ပျံသန်းလာစဉ် မြိတ် လေယာဉ်ကွင်း ဆင်းဖို့ မိုးတအား ရွာနေလို့ လေယာဉ်မှူးက မဆင်း ဘဲ ရန်ကုန်ပြန်လှည့်ဖို့ ဆုံးဖြတ် တယ်။ ဗိုလ်ချုပ်စစ်မောင်က သူ့ အလုပ်ကိစ္စအရေး တကြီးဖြစ်တာ မို့ အမိန့်နဲ့အတင်း ဆင်းခိုင်းတယ်။

ဒါနဲ့ လေယာဉ်လည်း မြိတ်အဆင်း လေယာဉ်ကွင်းမှာ လမ်းချော်သွား ပြီး ပျက်စီးသွားတယ်။ ခရီးသည် ၈ ဦးသေဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်စစ် မောင်ကိုယ်တိုင်နဲ့ ခရီးသည် ၁၀ဦး ဒဏ်ရာရခဲ့ကြရဖူးတယ်။ ဗိုလ်မှူးကြီးမောင်အေးနဲ့ ဗိုလ် ချုပ်ကြီးတင်ဦးတို့ကတော့ ဗိုလ် ချုပ်စစ်မောင်ရဲ့သတ္တိကို သဘော ကျတယ်။ လက်ခံတယ်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ် စစ်မောင်ကို သိပ်သဘောမကျဘူး လို့ သိရတယ်။ ဒါနဲ့ ဗိုလ်ချုပ်စစ် မောင် သေဆုံးသွားပြီးနောက် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ဇနီးနဲ့နီးစပ်ဖြစ်သူလို့ ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေကို တာဝန်ပေး ခဲ့တယ်။ နောက်တော့ သံလွင်မြစ်ပေါ်က ရဟတ်ယာဉ် ပျက်ကျမှုမှာ အနာဂတ်မြန်မာတပ်မတော် အတွက် အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီ ဟသူရ သူရစစ်မောင်တို့ သေဆုံး သွားပြီးတဲ့နောက်ပိုင်း တပ်မတော် ရဲ့ရာထူးအခင်းအကျင်းနှင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေစိတ်ကြိုက် ဗိုလ် ချုပ်ကြီးသူရရွှေမန်း ကြည်း/ ၁၁၅၃၄ှီဗ ၁၁ ကို ၂၀၀၁ နိုဝင် ဘာလ ၁၅ ရက် နေ့မှာ ကြည်း/ ရေ/လေ ညှိနှိုင်း ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး( ညှိကွပ်) နမခတိုင်း မှူးဗိုလ်ချုပ်စိုးဝင်း ကြည်း/ ၁၁၇၁၅ှီဗ -၁၂ကို လေကြောင်း ရန်ကာကွယ်ရေးအ ရာရှိချုပ်၊ တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်(ကြည်း/၁၁၂၅၂)ှီဗ ၉ ကို စစ်ရေးချုပ်၊ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင် မြင့်ဦး(ကြည်း -၁၁၇၀၁)ှီဗ ၁၂ ကို စစ်ထောက်ချုပ်၊တပခတိုင်း မှူးဗိုလ်ချုပ်တင်အေး(ကြည်း/၁၁၂၃၆)ှီဗ ၉ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်(ယခု ရွေးကောက်ပွဲကျင်းပရေးကော်မ ရှင်ဥက္ကဌ)စသည့်တို့ကို တာဝန် တွေ အသီးသီးပေးအပ်ခဲ့ကြတယ် ဗျာ။

 နောက်ပိုင်းကျတော့ စစ်ရေး ချုပ်ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာတယ်။ ၂၀၁၀ကျ တော့ သမ္မတကြီးဦးသိန်းစိန်ဖြစ် လာ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းက လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ပြီးရင် တကယ်သြဇာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့တယ်။ ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့် ဦးက၂၀၁၀မှာ ဒုတိယသမ္မတဖြစ် လာပြီး ၂၀၁၂ မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ဒုတိယသမ္မတ အဖြစ်နှုတ်ထွက်သွားတယ်။ စစ် ထောက်ချုပ် ဗိုလ်ချုပ်တင်အေးက တော့ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌဦးတင်အေး ဖြစ်လာတယ်။ သံလွင်မြစ်ထဲ ရဟတ်ယာဉ် ပျက်ကျစဉ်က အသက်မသေဘဲ အသက်ဘေးက လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဒီ နေ့ မြန်မာတပ်မတော်မှာ တစ်ချိန် က ဗိုလ်မှူးကြီးသူရရွှေမန်း ပထမ ဆုံးရခဲ့ဖူးတဲ့ရာထူး ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲ ရေးမှူး(ညှိ/ကွပ်)ရာထူးရပြီး တပ် မတော်အဆင့်(၃)တောင်ဖြစ်လာခဲ့ တယ်ဗျာ။

၁၉၈၈ကနေ့ အာဏာသိမ်း ပြီး တစ်စနဲ့တစ်စ အာဏာရှင် ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကတော့ ၂၀၁၀မှာ အငြိမ်းစား ယူပြီး နေပြည်တော်က သူရဲ့ခြံ ကြီးထဲမှာပဲ အေးအေးချမ်းချမ်းနဲ့ စာတွေ ဖတ်နေပါပြီ။ အားလုံးက ပြီးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ကန့်ဘလူဇာတိ မြို့ကိုပြန်ပြီး ဘုန်းကြီးတောင် ၀တ် လိုက်သေးတယ်။ နောက်တော့ လေဖြတ်သွားတယ်။ စင်ကာပူ သွားကုလိုက်၊ တရုတ်ပြည်သွားကု လိုက်နဲ့ဆေးကုနေရတာနဲ့ပဲ အလုပ်ကို ရှုပ်နေပါပြီ။ ဘာမှကို မလုပ်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်လည်း တပည့် တပန်းတွေ လာကန်တော့တာ လက်ခံလိုက်၊ ထောင်ထဲကမလွတ် သေးတဲ့သူ့ တပည့်တွေရဲ့မိသားစု တွေ မျက်ရည်လေးတစမ်းစမ်းနဲ့ လာကန်တော့တာကိုခံပြီး စိတ် မကောင်းရုံကလွဲပြီးသူလည်း ဘာမှမတတ်နိုင်တော့ပါဘူး။

 ထောင်ထဲမှာရှိနေဆဲသူ့တပည့် စစ်ထောက်လှမ်းရေးတွေ အမြန် ဆုံး လွတ်မြောက်လာဖို့ပဲ ဆု တောင်းနေ ရတဲ့အခြေအနေ ရောက်နေပါပြီ။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ဇနီးဒေါ်မာလာ မွေးနေ့ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းတင်လှိုင် (ပြည် ထဲရေးဝန်ကြီးဟောင်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်တို့ကို ဆီဒိုးနားဟိုတယ်မှာ တွေ့လိုက် သေးတယ်။ နေကောင်းရဲ့လားမေး တော့ “လူကြီးကောင်း ကောင်း တာပေါ့ဗျာ”တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မျိုးညွှန့်က ဖြေသွားတယ်။ ““ပီတိကိုစား အားရှိပါ၏””ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုး ညွန့်ခေတ်တစ်ခေတ်ကို သွား သတိရမိသေးတယ်။ အားလုံးကတော့ ပြီးသွားပါ ပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ယောက်ကိုတော့ ကျုပ်အကြံ ပေးချင်တယ်။ စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား လို့ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဆူ ပင် စီမံကိန်းဆိုတာ အဘ တစ် ချိန်က အကြီးအကျယ်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ဖူးတယ်လေ။ အဲဒီ တုန်းက အဘက မအားလပ်တော့ ကောင်းကောင်းအကောင်အထည် ဖော်ခဲ့ရလို့ ကြက်ဆူပင်စိုက်ပျိုး ရေးစီမံကိန်းမအောင်မြင်ခဲ့ရဘူး။ ဒါကြောင့် အခုလို အဘတစ် ယောက် အားလပ်နေပြီဆိုတဲ့အ ချိန်ကြတော့ အဘယုံကြည် သက် ၀င်ခဲ့ဖူးတဲ့ကြက်ဆူပင်စိုက်ပျိုးရေး ကို စိတ်အေးလက်အေးနဲ့ အာ ရုံစိုက်ပြီး စိုက်ပျိုးလို့ရပြီမို့ အဘ စိတ်ဝင်စားခဲ့တဲ့ကြက်ဆူပင်တွေ စိုက်ရင်း စာဖတ်ရင်းနဲ့ခပ်အေး အေးပဲနေလို့ရပါပြီလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။ “အနောက်ဘက်စစ်မျက်နှာ တွင် အားလုံးငြိမ်သက်လျက်ရှိနေ တော့သည်”ဆိုတဲ့ကမ္ဘာကျော် ပထမ ကမ္ဘာ စစ်နောက်ခံဂန္ထ၀င် စစ်ကားကြီးကိုသာ သွားသတိရမိ ပါတယ်ဗျာ။

 Credit To >သူရိယနေ၀န်း

Related

article 7845198759601126512

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item