မလေးရှား နှစ်သစ်ကူးဘောလုံးပွဲ အုပ်စုပွဲစဉ်များ ပြီးစီး
https://albanykarennews.blogspot.com/2013/11/blog-post_25.html
ယမန်နေ့ (24.12.2013) 12th ကြိမ်မြောက် ကရင်နှစ်သစ်ကူးဘောလုံးပွဲရဲ့ နောက်ဆုံးပတ်လည် အုပ်စုပွဲကို ( Kelab Sukan Dewan Bandaraya Kuala Lumpur) အားကစားကွင်းတွင် အသီးအသီး ယှဉ်ပြိုင်ကစားသွားခဲ့ပါသည်။ ပထမပွဲကို Puchong နှင့် Balakong ယှဉ်ပြိုင်ကစားခဲ့ရာ Puchong အသင်းက ဂိုးမရှိနဲ့ Balakong က (2) ဂိုး ဦးဆောင်နေပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရမည်။
ဒုတိယပွဲစဉ် Klang နှင့် Chan Sow Lin အသင်းတို့ကလည်း Chan Sow Lin ကဂိုးမရှိ၊
Klang က (9) ဂိုး၊ အပြတ်အနိုင်ရပြီး Klang အသင်းကလည်း ဆီးမီးဖိုင်းနယ်သို့ တက်ရောက်ရ မည်ဖြစ်သည်။
တတိယပွဲစဉ် Selayang နှင့် Subang အသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံးရလဒ် (2) ဂိုးစီ ၊ သရေကျခဲ့ပြီး Selayang အသင်းက ဆီးမီးဖိုင်နယ်တက်ရောက် ရမည်ဖြစ်သည်။
နောက်ဆုံးပွဲစဉ် Alor နှင့် MKO ယှဉ် ပြိုင် ကစားခဲ့ရာ မထင်မှတ်ပဲ MKO က (3) ဂိုး နဲ့ Alor အသင်းက (1) ဂိုး ရရှိခဲ့ကြပြီး၊ Alor အသင်းကဆီမီးဖိုင် နယ်သို့တက်ရောက်ရမည်ဖြစ်သည်။
ဆီမိးဖိုင်နယ်ကို (8.12.2013) ရက်နေ့ မနှစ်က ကွင်းဟောင်းတွင် ချန်ပီယံ Alor အသင်းနှင့် Selayang အသင်း ၊ Klang နှင့် Balakong အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။ ဖိုင်နယ် ပွဲစဉ်ကို (12.12.2013) ရက်နေ့တွင် ပြန်လည်ကစားမည်ဖြစ်သည်။
24.12.2013 ဘော်လုံးပွဲရလဒ်
| အသင်း | ဂိုး | ဂိုး | အသင်း |
| Puchong | 0 | 2 | Balakong |
| Klang | 9 | 0 | Chan Sow Lin |
| Selayang | 2 | 2 | Subang |
| Alor | 1 | 3 | MKO |
(၁၂) ကြိမ်မြောက် မလေးရှားကရင်နှစ်သစ်ကူး အထိမ်းမှတ် ဘောလုံးပြိုင်ပွဲရလဒ်
| | အုပ်စု(၁) | ပွဲ | နိုင် | သရေ | ရှုံး | ရဂိုး | ပေးဂိုး | ရမှတ် |
| 1 | Selayang | 3 | 2 | 1 | 0 | 9 | 4 | 7 |
| 2 | Klang | 3 | 2 | 0 | 1 | 14 | 4 | 6 |
| 3 | Subang | 3 | 1 | 1 | 1 | 4 | 5 | 4 |
| 4 | Chan Sow Lin | 3 | 0 | 0 | 3 | 0 | 15 | 0 |
| | အုပ်စု(၂) | ပွဲ | နိုင် | သရေ | ရှုံး | ရဂိုး | ပေးဂိုး | ရမှတ် |
| 1 | Balakong | 3 | 2 | 0 | 1 | 8 | 3 | 6 |
| 2 | Alor | 3 | 2 | 0 | 1 | 4 | 3 | 6 |
| 3 | Puchong | 3 | 1 | 0 | 2 | 2 | 3 | 3 |
| 4 | M .K. O | 3 | 1 | 0 | 2 | 5 | 8 | 3 |
ဆီမီးဖိုင်နယ်တက်ရောက်ရမည့်အသင်းများ (08.12.2013)
(1) Selayang + Alor
(2) Klang + Balakong

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
Post a CommentDefault CommentsFacebook Comments