တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပမည့်ရက် အစိုးရနှင့် ညှိနှိုင်းထုတ်ပြန်မည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် တည်ရှိရာ လေးဝါးစခန်းတွင် ပြုလုပ်မည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပမည့် နေ့ရက်ကို အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ 

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ညီလာခံကို ဇန်နဝါရီလအတွင်း ကျင်းပမည် ဖြစ်သော်လည်း မည်သည့် ရက်တွင် ကျင်းပမည်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။
“ကျွန်တော်တို့က တိုင်းရင်းသား ညီလာခံပြီးရင် အစိုးရနဲ့ ဆွေးနွေးဖို့ကို ဆက်တိုက် လုပ်မှာဆိုတော့ ညှိနှိုင်းဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံ ကျင်းပမည့်ရက်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ရန်နှင့် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် ဆွေးနွေးရန် လျာထား သတ်မှတ်ကြောင်း ၎င်းကဆိုသည်။

ဆွေးနွေးပွဲ ရက်နှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်သောကြောင့် ဇန်နဝါရီ လဆန်းပိုင်းမှသာ ထုတ်ပြန် ပြောဆိုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ဆိုသည်။
“တိတိကျကျ ပြောလို့ မရသေးပါဘူး။ နှစ်ဖက်လုံးက ညှိနှိုင်းဆဲ အခြေအနေပဲ ရှိသေးပါတယ်” ဟု ၎င်းကဆိုသည်။

KIO ဌာချုပ်လိုင်ဇာတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ညီလာခံတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် ခေါင်းဆောင်များအကြား ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့သည်။

KNU နယ်မြေနှင့် ဘားအံမြို့တို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး အပြီးသတ် လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အခြေခံ မူဘောင်များ ညှိနှိုင်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အသီးသီးက ပြောဆိုထားသည်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item