ပထမဆုံးအကြိမ် မုက္ကဒိ(Selanyang)အသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်
https://albanykarennews.blogspot.com/2013/11/selanyang.html
၁၂ ကြိမ်မြောက်၊ မလေးရှားကရင်နှစ်သစ်ကူးအထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ကို ယမန်နေ့ (၁၇-၁၁-၂၀၁၃)က (၃)ပတ်မြောက် ဆက်လက်ယှဉ်ပြိုင်ကစားပြီးစီးသွားပြီဖြစ်သည်။
မနက်(၈)နာရီပထမပွဲစဉ်တွင် စောကျော်အဲကိုင်တွယ်သည့် မုက္ကဒိ(Selayang) အသင်းနှင့် စောညိုထွန်းနည်းပြလုပ်သည့် မျိုးချစ်ကရင်(Klang)အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး
မုက္ကဒိသားနည်းပြနှစ်ဦး တွေ့ဆုံကစားခဲ့သော ပွဲကောင်းတပွဲလည်း ဖြစ်ခဲ့သည်။
၎င်းအသင်းနှစ်သင်းသည် နှစ်စဉ်နှစ်တိုင်း တအုပ်စုထဲကျရောက်လျှက်ရှိပြီး စောကျော်အဲဦးစီးသည့် မုက္ကဒိအသင်းကပင် အရေးနိမ့်ရစမြဲပင်ဖြစ်သည်။
သို့သော်လည်း ယမန်နေ့က ကစားခဲ့သောပွဲတွင် မုက္ကဒိအသင်းက ဘောလုံးပွဲအစဉ်အလာကို ဖေါက်ထွက်ပြီး မျိုးချစ်ကရင်အသင်းကို ၃-၂ ဂိုးဖြင့် ခဲရာခဲဆစ် အနိုင်ယူပြလိုက်ပြီဖြစ်သည်။
ထိုနိုင်ပွဲကြောင့် မုက္ကဒိအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။
မနက်(၁၀)နာရီအချိန်တွင် ဒုတိယပွဲစဉ် Balakong အသင်းက MKO အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်ပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် MKO အသင်း နည်းပြစယောရှုအောင်ကို နှုတ်ထွက်ပေးဖို့ ဖိအားပေးခံရပြီး နည်းပြအသစ်ဖြင့် အစားထိုးဖွယ်ရှိကြောင်းလည်း သိရသည်။
Post a CommentDefault CommentsFacebook Comments