MKO ကျောင်းဆင်းပွဲ



ဒီမနက်(17.11.2013)နေ့တွင် MKO ကျောင်းဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ သည် 2013ပညာသင်နှစ်ကျောင်းဆင်းပွဲတော်ကိုကျောင်းအုပ်ဆရာမ နော်ရှယ်ရွန်ကအခန်းအနား မှုးအဖြစ် MKO Learning Center တွင် ကျင်းပပြုလုပ် သွားခဲ့ပါသည်။

 MKO ဥက္ကဌ မန်းဒုံယောင်းကလည်း ကြွရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ နှင့်မိဘများအတွက် ဂုဏ်ပြုမိန့်ခွန်းပြောကြားသွားခဲ့သည်။ ဥက္ကဌ မန်းဒုံယောင်းက “ဒီစာသင် ကျောင်းဖြစ်မြောက်ရေးအတွက် ဟိုးလွန်ခဲ့တဲ့ (11.01.2009) နေ့တွင်ယခင်MKO ဥက္ကဌဟောင်း မန်းစိန်သန်း(USA) ၊ ကျွန်တော် မန်းဒုံယောင်း(ဒုဥက္ကဌ)၊ အတွင်းရေးမှုး စောဖိုးထွန်း(USA) ၊ အလုပ်အမှုဆောင်များနှင့်တကွ (SIBKL Bless) မှ Mr. Mike တို့နှင့်ပူးပေါင်းပြီး မလေးရှားရပ်ဝေး၊ ရပ်နီးမှ ကရင်ကလေးငယ်များ၊ ပညာရေးကို လိုလားသော ကရင်လူငယ်များနှင့် အပတ်တကုတ် ပညာရေးကို လိုက်စားသောကရင်လူငယ်များ အဖို့ ဒီ MKO Learning Center ကိုဖွင့်လှစ်ရခြင်း ဖြစ်သည်” ဟုပြောကြားသွားခဲ့သည်။



စတင်ဖွင့်စတွင် ကျောင်းသား၊ကျောင်းသူ ဦးရေ စုစုပေါင်း (19) ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့ သည်။ ထို့နောက် 2013 ပညာသင်နှစ်တွင် အတန်းလိုက်ဆုရရှိသော ကျောင်းသူ၊ကျောင်းသားများ အားဆုပေးခြင်းနှင့် အောင်လက်မှတ်များ ပေးအပ်ပြီး၊ အခမ်းအနား တက်ရောက်လာသူများအား လုံး အတွက် (စထွန်းလင်း + Ms. Thanapha) မိသားစုကလည်း ကြက်သားဒန်ပေါက်နှင့် အချို ရည်များကို လှူဒါန်းခဲ့ပြီး အစီအစဉ်ကို အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

Related

news 4782181674657390622

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item