ကရင်နှစ်သစ်ကူးနေ့တွင် သမိုင်းတွင်မည့် ပူးတွဲစစ်ရေးပြအခမ်းအနားပြုလုပ်ရန်ရှိ



စည်းလုံးညီညွတ်မှုပြယုဂ်နှင့် ပြန်လည်သင့်မြတ်ခြင်းသဘောဆေင်သော ကမ္ဘာ့ကြီးကျယ်ခမ်းနားဆုံး ကရင့်နှစ်သစ်ကူးနေ့ကို မကြာမီမှာပင် မြ၀တီမြို့နယ် ရွှေကုက္ကိုမြိုင်တွင် ကျင်းပတော့မည်ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်တိုင်းသားပါတီများ၊ ပြည်ပရောက်မျိုးချစ်ကရင်များနှင့် ဒေသခံကရင်အမျိုးသားတရပ်လုံးပါဝင်သော ယခုနှစ်သစ်ကူးပွဲ၏ ထူးခြားချက်မှာ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများ သမိုင်းတွင်မည့် ပူးတွဲစစ်ရေးပြအခမ်းအနားပါဝင်နေခြင်းပင် ဖြစ်သည်။



ကရင်အမျိုးသားအသည်းအရုံး KNU၊  (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊  ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့ KPF တို့က စစ်ကြောင်းတကြောင်းလျှင် စစ်သည် ၁၀၀ နူန်းဖြင့် ချီတက်ကာ စစ်ရေးပြကြမည်ဖြစ်သည်။

ထို့ပြင် ကရင်တိုင်းရင်းသားများ အားမလိုအားမရ ဖြစ်နေသော  ပြည်နယ်အစိုးရ(ဦးဇော်မင်း) တိုက်ရိုက်ဦးစီးသည့် ကရင်ပြည်နယ်နေ့ပွဲတော်၏ အဖြစ်သဘော ဒုံးပြိုင်ပွဲနှင့် ကွဲပြားခြားနားမည့် ကရင့်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲကိုလည်း ထိုက်တန်သောဆုကြေးများဖြင့် အကုန်အကျခံသွားမည် ဟုလည်းသိရသည်။

ယဉ်ကျေးမှုနှင့်ဒုံးအကကဏ္ဍမှ က်ေမတီတဦးဖြစ်သူ စောအဲချန်(အေစီ)က '' ဒီနှစ် နှစ်သစ်ကူးက ကရင့်အဖွဲ့အစည်းတွေအကုန်ပါဝင်နေတော့ ပိုပြီး အားရစရာကောင်းသလို ဒုံးပြိုင်ပွဲကိုလည်း ခမ်းခမ်းနားနား လုပ်ဖို့ရှိပါတယ်။ အရင်၂၀၀၈ ခုနှစ်တုန်းက ကရင်အားလုံးစုစည်းပြီး ဇွဲကပင်တောင်ခြေမှာလုပ်ဖို့ မဖြစ်လာခဲ့ဘူး။ အခုတော့ ဖြစ်လာပါပြီ။ ဒါဟာ ရွှေကုက္ကိုမှာ လုပ်ဖို့ ဗိုလ်ချစ်သူတဦးထဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ပြည်ပရောက်ကရင်တွေ အလွယ်တကူ ပြန်လာတက်ရောက်နိုင်ဖို့အတွက် အားလုံးက ၀ိုင်းပြီး ဆုံးဖြတ်ကြတာပါ'' ဟု ကိုးဒီသွေးကို ပြောပါသည်။

 စစ်ရေးပြပွဲအပြင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊အားကစားပြိုင်ပွဲများ၊ကရင်ဇာတ်ပွဲနှင့်ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ၊ ကရင်-မြန်မာခေတ်ပေါ်တေးဂီတ တင်ဆက်မှုများ ပါဝင်ကြောင်းလည်း သိရသည်။


Related

news 3194688497416829792

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item