MKO ရုံးတွင် ကျန်းမာရေးအခမဲ့ကုသ
https://albanykarennews.blogspot.com/2013/11/mko_15.html
ယနေ့ (08.11.2013) နေ့၊ မနက် (10) နာရီအချိန်တွင် GMC (Gethsename Medical Care) မှ ကျန်းမာရေး အဖွဲ့အစည်းသည် Coordinator Dr. Rakesh Pai နှင့် ဇနီး Dr. Hu Yoe Yin တို့မှဦးဆောင်ပြီး Volunteers စုစုပေါင်း (14) ဦးပါဝင် ပူပေါင်းဆောင်ရွက်ကာ MKO Learning Center မှ ကျောင်းသား၊ကျောင်းသူပေါင်း (70) ကျော်နှင့် ချင်းတိုင်းရင်းသားအဖွဲ့အစည်းမှ ကျောင်းသား၊ကျောင်းသူ ပေါင်း (100) ကျော် တို့ကို အခမဲ့လာရောက်ကုသ စစ်ဆေးပြီးလိုအပ်သော ဆေးဝါးများကိုလှူဒါန်းထောက် ပံ့ပေးသွားပါသည်။
GMC ကျန်းမာရေးအဖွဲ့အစည်းသည် (Gethsemane Community Church) မှလက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး၊ ထိုနည်းလည်းကောင်း GHT(Gethsemane Home Team) နှင့် GMI (Gethsemane Medical International) ကျန်းမာရေးအဖွဲ့အစည်းတို့သည်လည်း ( GCH, Meru, Klang) အသင်းတော်မှ လက်အောက်ခံ အသင်းအဖွဲ့ဖြစ်သည်။
GMC သည် မလေးရှာတွင် နေထိုင်သောလူမျိုးမရွေး၊ ဘာသာမရွေး တစ်နှစ်လုံး January မှ November အထိတစ်လလျှင်လေးကြိမ်း နယ်ဆင်းပြီးလိုအပ်သော ကျန်းမာရေးဆေးဝါးများကိုလှူဒါန်းပေး ခြင်း၊ GHT အဖွဲ့သည်လည်း (GCH, Meru, Klang) အသင်းတော်တွင် ရုံးခန်းရှိပြီး၊ GMI အဖွဲ့အစည်းသည် နိုင်ငံတကာ အဖွဲ့အစည် ဖြစ်သည့်အလျောက် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သာ (India, Cambodia, Bangladesh and Malaysia) နိုင်ငံသီးသီးတို့မှ ဆေးဝါးကုသလှူဒါန်းမှုများလည်း ရှိပါသည်။

Post a CommentDefault CommentsFacebook Comments