ဂနိုင်မင်းသား(နောင်ကမြိုင်)နှင့် Selanyang(မုက္ကဒိ)အသင်းတို့ ချန်ပီယံ ဇွဲကပင်(Alor)အသင်းကို ကျော်ဖြတ်နိုင်ပါ့မလား
https://albanykarennews.blogspot.com/2013/11/selanyang-alor.html
(၁၂)ကြိမ်မြောက် မလေးရှားကရင်နှစ်သစ်ကူးအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ခါတိုင်းနှစ်ထက် ပိုပြီးစိတ်ဝင်စားစရာ အနေအထားကို ရောက်ရှိနေပါပြီ။
ပါဝင်ယှဉ်ပြိုင်ကြတဲ့ အသင်း(၈)သင်းက အုပ်စုလက်ကျန်ပွဲ တပွဲစီကို လာမဲ့အပတ်မှာ အသီးသီးယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။
အုပ်စု(၁)မှာတော့ Selanyang(မုက္ကဒိ)အသင်းက နှစ်ပွဲနိုင်(၆)မှတ်နဲ့ ဇယားထိပ်မှာ ဦးဆေင်နေပါတယ်။
နောင်ကမြိုင်ဂနိုင်မင်းသားမျိုးချစ်ကရင်(Klang) အသင်းကအစဉ်အလာကေင်းနဲ့ ခြေစွမ်းရှိတဲ့ အသင်းဖြစ်ပေမဲ့ ပြီးခဲ့တဲ့အပတ်က မထင်မှတ်ပဲ မုက္ကဒိအသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့လို့ နှစ်ပွဲကန်(၃)မှတ်နဲ့ Subang နဲ့ အမှတ်တူနေပါတယ်။
ဒါပေမဲ့ လာမဲ့အပတ်မှာ တပွဲမှအနိုင်မရရှိသေးတဲ့ ဇယားအောက်က Chan Sow Lin အသင်းနဲ့ ကန်ရမှာမို့ ပွဲချောင်တယ်လို့ ပြောလို့ရသလို ဆီမီးဖိုင်နယ် တက်နိုင်ဖို့အတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်မယ်ဆိုတာလည်း သိရပါတယ်။
မုက္ကဒိအသင်းနဲ့ နောင်ကမြိုင်ဂနိုင်မင်းသားတို့အသင်းက ဆီမီးဖိုင်နယ်မှာ ချန်ပီယံ ဇွဲကပင်အသင်းကို ရှောင်လွဲနိုင်ဖို့အတွက် အုပ်စုဗိုလ်ရဖို့ ကြိုးစားကြမှပါ။
ပိုပြီးထူးခြားတာက ဂနိုင်မင်းသားအသင်းနဲ့ ဇွဲကပင်အသင်းကို ပရိုဂျူဆာတဦးထဲပဲ ဖြစ်ပါတယ်။ သူက စောစံထူးပါ။ သူ့အသင်းနှစ်သင်း ဆီမီးမှာ မဆုံဖို့ အုပ်စုဗိုလ်ဖြစ်ရေးအတွက် အပြင်းအထန် လေ့ကျင့်နေသလိုပဲ စောကျာ်အဲကိုင်တွယ်ဦးစီးတဲ့ မုက္ကဒိအသင်းကလည်း (၁၂)ကြိမ်မြောက်ဖလားရရှိဖို့ ဆန္ဒပြင်းပြနေပါတယ်။
ခါတိုင်းနှစ်တွေမှ အုပ်စုက မကျွတ်ခဲ့တဲ့ မုက္ကဒိအသင်းက ဒီနှစ်မှတော့ ကစားသမားကောင်းတွေခေါ်ယူပြီး
အသင်းကို တောင့်တောင့်တင်းတင်း တည်ဆောက်ယူတာကို တွေ့ရပါတယ်။
အုပ်စု(၂)မှာတော့ ဇွဲကပင်(Alor)ပြီးရင် Puchong နဲ့ Balakong ကလည်း ဆီမီးတက်ဖို့ အခွင့်အရေးရှိတာမို့ လာမဲ့အပတ်အုပ်စုပွဲစဉ်က အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။
အုပ်စု(၂)က MKO အသင်းကလည်း သိက္ခာဆယ်ဖို့အတွက် လက်ကျန်ပွဲကို အနိုင်ရအောင် ကန်မယ်လို့ လည်း သိရပါတယ်။ နည်းပြချုပ်စယောရှုအောင်ကိုလည်း တာဝန်ရှိသူတွေက နှုတ်ထွက်ခွင့်မပေးပဲ နောက်နှစ်ပွဲအတွက်ကျမှ ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။
'' ကျွန်တော်တို့အသင်းက လူငယ်ရွက်ပုန်းကစားသမားတွေကို တောင်တယောက် မြောက်တယောက်နဲ့ စုယူပြီး မွေးထုတ်တာပါ။ ပြီးတော့ လူငယ်တွေက တယောက်ယောက်နဲ့တယောက် အကြောင်းတွေမသိကြဘူး။ လေ့ကျင့်ချိန်လည်း သိပ်မရဘူး။ တခြားအသင်းတွေက တခြားပြိုင်ပွဲတွေမှာ ၀င်ပြိုင်နေကျ အသင်းတွေမို့ ပွဲအတွေ့အကြုံလည်း ရှိကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးပွဲကို ဦးစီးရတာမို့ သိပ်အချိန်မပေးနိုင်ဘူးဖြစ်နေတယ်လို့'' စယောရှုအောင်က ဆိုပါတယ်။
ဆက်လက်ပြီးသူက '' MKO က ကောင်းကောင်းပံ့ပိုးမယ်ဆိုရင် ကျွန်တော်တို့ ကစားသမားကောင်းတွေစုယူလို့ရပါတယ်။ စောဒါးဘို ကိုင်တွယ်တဲ့အချိန်တုန်းကလည်း ဒီလိုပဲ ကိုယ့်အားနဲ့ကိုယ် အသင်းကို တည်ဆောက်ယူရတော့ ဆန္ဒရှိသလောက် အောင်မြင်မှု မရခဲ့ဘူး။ MKO အသင်းကောင်းနဲ့ ဖလားရဖို့အတွက် အားလုံးပါဝင်ဖို့ လိုပါတယ်လို့ ဆက်ပြောသွားပါတယ်။
ဒီနှစ်ဖလားက လက်ရှိချန်ပီယံဇွဲကပင်အသင်းက ဆက်ပြီးရယူနိုင်သလို ဂနိုင်မင်းသား၊ မုက္ကဒိနဲ့ တခြားဆီမီးတက်မဲ့ဘယ်အသင်းက ဆွတ်ခူးသွားမလဲဆိုတ စိတ်ဝင်စားနေကြကြောင်းပါခင်ဗျာ။
5 | Puchong + Balakong | ပ/ပွဲ | 24/11/2013 | 08:00A.M/09:30A.M |
Klang + Chan Sow Lin | ဒု/ပွဲ | 09:45 A.M/11:15A.M | ||
6 | Selayang + Subang | ပ/ပွဲ | 24/12/2013 | 08:00A.M/09:30A.M |
Alor + MKO | ဒု/ပွဲ | 09:45A.M/11:15A.M |

Post a CommentDefault CommentsFacebook Comments