ဖြုတ်ချိန်တန်လို့ ဖြုတ်နေကြပြီ (နေပြည်တော်လျှို့ဝှက်သတင်း(၁)


နေပြည်တော်တိုင်းစစ်ဌာနချှုပ်အတွင်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချနေကြ


Thursday, November 21, 2013
လက်ပံခါးလှပွဲ ခွင့်ပြုမိန့်နှင့်ပတ်သတ်၍ ဦးသန်းရွှေ နှင့် ကာချုပ် မင်းအောင်လှိုင်တို့ သဘောထားကွဲလွဲမှု များဖြစ်ပေါ်လာခဲ့သည်။ 

ဦးသန်းရွှေမှ ကာချုပ်အား ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဦးသန်းရွှေ အား လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့ရာ ဦးအောင်သောင်းနှင့် ဦးတင်အေးတို့မှ ဦးသန်းရွှေအားတောင်းပန်နှစ်သိမ့်ကာ အခြေအနေကို ထိန်းသိမ်းခဲ့သည်။

ကာချုပ်ကလည်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့ခြင်းဖြစ်၍ မိမိအားဖိအားပေးလာလျှင် ရာထူးမှ စွန့်လွှတ်ဖို့ အချိန်မရွေးရှိကြောင်း တုန့်ပြန်မည့်အနေအထားများ နေပြည်တော် စစ်ရုံးအတွင်း သတင်းပျံ့နှံ့ခဲ့သည်။

ယခင်နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခုကာကွယ်ရေးဝန်ကြီးနှင့် စစ်ထောက်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဝေလွင်ကလည်း ဦးသန်းရွှေ ရှေ့မှောက်တွင် ကာချုပ်နှင့် အတူရပ်တည်မည် ဟု ပြောကြားကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ဒုချုပ် ညှိကွပ် နှင့် ကထစမှူးများက အခြေအနေများကို လေ့လာနေစဉ်တွင်ပင် တိုင်းမှူး တပ်မမှူးများက ကာချုပ်ဘက်တွင် ရပ်တည်မည် ဟုသော သတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည် ၊

ဒီကနေ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ရုံးခန်းများ နှင့် အရာရှိ လိုင်းခန်းများ အရာခံ စစ်သည် လိုင်းခန်းများကို ဦးသန်းရွှေ ဓါတ်ပုံများကို ဖြုတ်ချခြင်း ဆုတ်ဖြဲ၍ အမှိုက်ပုံး သို့ လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည် ဟု သိရသည် ၊

ကံဇာတာနိမ့်ခြင်းကို အပြင်းစာ ယတြာများဖြင့် ကုစားနေသော ဦးသန်းရွှေအတွက် တန်ပြန် ယတြာပြုလုပ်ခြင်း ဖြစ်သည်ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ် အတွင်းပြောဆိုသံများ ကြားနေရသည် ၊

ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြုတ်ချခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်းများ နေပြည်တော်တိုင်းစစ်ဌာနချုပ် အတွင်း ပြုလုပ်နေသည့်သတင်းများ အခြားတိုင်းစစ်ဌာနချုပ်နှင့် တပ်မဌာနချုပ်များ တပ်ရင်းတပ်ဖွဲ့များသို့ သတင်းများ ပျံ့နှံ့လျှက်ရှိသည် ၊

မနက်ဖန် တွင် အခြား တိုင်းစစ်ဌာနချုပ်များ တပ်မဌာနချုပ်များ တပ်ရင်းတပ်ဖွဲ့များတွင်လည်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြုတ်ချ ခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်းနှင့် စုပုံမီးရှို့ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း တီးတိုးဆက်သွယ်ပြောဆိုမှုများရှိနေသည်ဟု သိရသည် ၊

ဦးသန်းရွှေသည် စစ်သားပီသသော စစ်ဗိုလ်ချုပ် ဦးစီးခေါင်းဆောင် တစ်ယောက် မဟုတ်ခဲ့ပေ ၊ သူ၏မိသားစုမှာလည်း ကြီးသူကိုရိုသေ ဟုသော တပ်၏ ထုံးစံကို ဖင်ခုထိုင်လျှက် ငယ်သားများကို အစေခံပမာ ဆက်ဆံနေ သူဖြစ်သည်။

ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်မိသားစု ငွေအများဆုံးပါဝင်၍ ဦးတေဇ အမည်ခံ လုပ်ကိုင်လျှက်ရှိသော အာရှစိမ်းလမ်းဘဏ် AGD Bank မှ အပ်ငွေများ ကိုလည်း နေပြည်တော်ဘဏ်ခွဲ နှင့် အခြား မြို့နယ် ဘဏ်ခွဲများတွင် ပြန်လည်ထုတ်ယူနေသည် ဟုသော သတင်းများလည်း ထွက်ပေါ်နေသည်။

ဦးသန်းရွှေ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ နေပြည်တော်ကောင်စီ မှ ဦးသိန်းညွန့်ကမူ အဘချုပ်ကို အာခံလျှင် မင်းတို့ ခွေးလုံးလုံးဖြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည် ဟု သိရသည်။

မြို့များ နယ်များရှိ AGD ဘဏ်မှ အပ်ငွေများ ပြန်လည်ထုတ်ယူနေမှုသည် ဦးတေဇမှ ကချင်ဦးဂွမ်မော် ကိုဖိတ်ကြားထားသည့် အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဖြစ်နေသည်။

ဦးတေဇမှ ကချင်ဦးဂွမ်မော် ကို လုပ်ငန်းများတွင် ပူပေါင်းရင်းနှီးမြုတ်နှံ မှုပြုရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည် ဟု သတင်းများအရ သိရသည်။

ကိုယိပိုင်အစောင့် တပ်များစွာနှင့် သီးသန့်နေထိုင်လျှက်ရှိသော ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့၏ သမီးများမှ ကာချုပ်မင်းအောင်လှိုင်ကို အမြန်ဆုံးလူစားလဲပစ်မည်ဟု ကြိမ်းဝါးလျှက်ရှိသည်ဟု သိရသည်။

(နေပြည်တော်မှ ပေးပို့လာသော သတင်းများဖြစ်သည်)
Hawdeka Khalaylay
Fom Aung Lynn Htut

Related

news 4519521559797385002

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item