တရုတ် အရုပ်များတွင် ဓာတုပစ္စည်းပါဝင်မှုကြောင့် အမေရိကန် သိမ်းဆည်း



အမေရိကန်ပြည်ထောင်စုသို့ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကလေးကစားစရာ အရုပ်ပေါင်း ၂၀၀,၀၀၀ ကျော်တွင် တားမြစ်ထားသည့် ဓာတုပစ္စည်းများ ပါဝင်နေမှုကြောင့် အမေရိကန်အာဏာပိုင်များက သိမ်းဆည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ကလေးကစားစရာ အရုပ်များမှာ လာမည့် နှစ်သစ်ကူးကာလအတွင်း အမေရိကန်တွင် ရောင်းချသွားရန် ရည်ရွယ်ကာ တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်သည်။ အမေရိကန်က သိမ်းဆည်းလိုက်သည့် အရုပ်များတွင် ဖသာလ်လိတ်စ် (phthalate) ဓာတုပစ္စည်း မြင့်မားစွာပါဝင်နေကြောင်းနှင့် ၎င်းကို ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပိုမိုပျော့ပျောင်း နူးညံ့စေရန် အသုံးပြုလေ့ရှိသည်။

အမေရိကန်တွင် ကလေးကစားစရာများ ထုတ်လုပ်ရာ၌ ဓာတုပစ္စည်းထည့်သွင်း အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားသည်။ အမေရိကန်တာဝန်ရှိသူများက လွန်ခဲ့သည့် ဧပြီလမှ စတင်ကာ နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကလေးကစားစရာများကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

နည်းပညာအကူအညီဖြင့် ပို့ကုန်အချို့ကို ထိရောက်စွာ စောင့်ကြည့်နိုင်ခဲ့ခြင်းက အမေရိကန်စားသုံးသူများကို ဘေးဥပါဒ်ဖြစ်မည့် အန္တရာယ်မှ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ကြောင်း Consumer Product Safety Commission (CPSC) ဥက္ကဋ္ဌက ပြောကြားသည်။

ယခု သိမ်းဆည်းလိုက်သည့် အရုပ်များကို ထုတ်လုပ်သည့် ကုမ္ပဏီကိုမူ အမေရိကန်အာဏပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သိန်း တန်ဖိုးရှိသော အရုပ်များတင်သွင်းမှု ၁၀ ခုကို ချီကာဂိုရှိ ဒဲလ်လက်ဆိပ်ကမ်း၊ လော့စ်အိန်ဂျလိစ်ရှိ နော်ဖော့ခ်ဆိပ်ကမ်း၊ ဗာဂျီးနီးယားရှိ မမ်ဖစ်ဆိပ်ကမ်း၊ တင်နက်ဆီရှိ နီဝါ့ခ်ဆိပ်ကမ်း၊ နယူးဂျာဆီရှိ ပို့တ်လန်းဒ်ဆိပ်ကမ်း အစရှိသည့် ဆိပ်ကမ်းများတွင် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အမေရိကန်၏ CPSC သည် နိုင်ငံအတွင်း တင်သွင်းလာသော အန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်းများကို အဓိကဆိပ်ကမ်း အများအပြားတွင် စောင့်ကြည့်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်မှုများကြောင်း ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန် စားသုံးသူ၊ သုံးစွဲသူများအတွက် စိတ်ချရမှုမရှိသော ထုတ်ကုန်ပစ္စည်း ၁.၁ သန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်

Related

news 4302156353688129522

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item