နေပြည်တော်လျှို့ဝှက်သတင်း(၂)

ဦးသန်းရွှေ နှင့် လက်ရှိစစ်တပ်ခေါင်းဆောင်များ ကတောက်ကဆ ဖြစ်ခဲ့ရခြင်း နှင့် စစ်တပ်အတွင်း ဦးသန်းရွှေ သိက္ခာကျဆင်းမှုများ ဖြစ်နေရခြင်းများသည် လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှ စွပ်စွဲပြောကြား 



 ဦးသန်းရွှေ နှင့် လက်ရှိစစ်တပ်ခေါင်းဆောင်များ ကတောက်ကဆ ဖြစ်ခဲ့ရခြင်း နှင့် စစ်တပ်အတွင်း ဦးသန်းရွှေ သိက္ခာကျဆင်းမှုများ ဖြစ်နေရခြင်းများသည် လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှ စွပ်စွဲပြောကြား လိုက်သည် ၊

 ကံဇာတာနိမ့်နေသော ဦးသန်းရွှေ တစ်ယောက် လက်ရှိအနေအထားတွင် စစ်တပ်ခေါင်းဆောင်များနှင့် ကတောက်ကဆများ ဖြစ်ပွားခဲ့ပြီး စစ်တပ်အတွင်းတွင် ဦးသန်းရွှေ၏ ဓါတ်ပုံများ ဖြုတ်ချခြင်း များ ပြုလုပ်နေသည်အထိ သိက္ခာကျဆင်းမှုများ ဖြစ်ပေါ်နေပါသည် ၊

 မြန်မာလူထုအတွင်းတွင်လည်း ဦးသန်းရွှေ မိသားစုကို တိုင်းပြည်အားရောင်းစားခဲ့သူ တိုင်းပြည်ကို ဖျက်ဆီးခဲ့သူ စစ်တပ်ကိုနောက်ကွယ်မှ ကြိုးကိုင်ပြီး မတရားသဖြင့်ရရှိပိုင်ဆိုင်မှုများကို ကာကွယ်ရန်ကြိုးစားနေသူအဖြစ် မြန်မာပြည်သူတစ်ရပ်လုံးက အခိုင်အမာ ယူဆနေကြပြီဖြစ်သည် ၊ ထိုသို့ ဦးသန်းရွှေ နှင့် မိသားစု အတွက် ဖြစ်ပေါ်နေမှုများသည် လက်ရှိ လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ချိမှုများကြောင့် ဖြစ်သည်ဟု နေပြည်တော်ရှိ ဦးသန်းရွှေ၏ သမီးတော်များမှ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွန့် နှင့် တွေ့ဆုံရာတွင် ဒေါသတကြီးပြောကြားလိုက်သည် ၊

 ဦးရွှေမန်း၏ လုပ်ရပ်များကို လုပ်ကြံရန်စမှုအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်လက်တုန့်ပြန်သွားမည်ဟု သမီးတော်များမှ ပြောဆိုခဲ့ကြောင်းလည်းသိရသည် ၊ လက်ရှိအချိန်တွင် ဦးသန်းရွှေမှာ ကံဇာတာနိမ့်သည့် ကာလနှင့် ကြုံနေရပြီး နေ့စဉ် ယတြာခြေခြင်း အလုပ်များနှင့် ဒေါ်ကြိုင်ကြိုင်ရော ဦးသန်းရွှေပါ မအားမလပ်ဖြစ်နေသည်ဟု သိရသည် ၊

 သမီးတော်များနှင့် ဦးသိန်းညွှန့်တို့ လက်တုန့်ပြန်ရန် ပစ်မှတ်များ ရှာဖွေသည့် အနေနှင့် ဦးရွှေမန်းမိသားစု ပိုင်ဆိုင်ထားသော လုပ်ငန်းများ၏ အားနည်းချက်များကို နေ့စဉ်တွေ့ဆုံ၍ အသေးစိတ် တိုင်ပင်ဆွေးနွေးနေကြကြောင်း သိရသည် ၊

 (နေပြည်တော်မှ ပေးပို့လာသော လျှို့ဝှက်သတင်းဖြစ်သည်)

Related

news 8897154445980247307

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item