ဘတ်ဂျက်ကြောင့် အမေရိကန်အစိုးရဌာနတွေ ပိတ်ရပြီ



အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်မှာ ရီပက်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေအကြား ဘတ်ဂျက် အသစ် ပြဋ္ဌာန်းဖို့ကိစ္စ အတည်မပြု နိုင်ခဲ့တဲ့အတွက် အရေအတွက် ၁ သန်း လောက်အထိ ရှိလာနိုင်မယ့် ဗဟို အစိုးရ ဝန်ထမ်းတွေဟာ စတင် အလုပ်လက်မဲ့ ဖြစ်ကြရပြီလို့ သိရပါတယ်။ 

တချို့သူတွေကတော့ သူတို့ အလုပ်စားပွဲတွေကို ရှင်းလင်းဖို့အတွက် ရုံးတွေကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုံးတွေ ပိတ်ပစ်ဖို့ အပြည့်အဝ သက်ရောက်မှု မတိုင်ခင် အချိန် အနည်းငယ်တော့ ရကောင်းရနေနိုင်သေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

 ဒီကနေ့မှာ တစိတ်တပိုင်း စတင် အသက်ဝင်ပြီ ဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမားရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရီပတ်ဘလီကန်တွေက ဆိုင်းငံ့ထားစေချင်တာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခု ဘတ်ဂျက်ကို အတည်ပြုပေးဖို့ ဖြစ်ပါတယ်။

 ဒါပေမယ့် အဲဒီလို သဘာမတူနိုင်ခဲ့တဲ့အတွက် အိုဘားမား အစိုးရ အနေနဲ့ မတိုးသာ မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သိပ်အရေးမကြီးတဲ့ အစိုးရဌာန တချို့ကို ရပ်ဆိုင်းဖို့ အိမ်ဖြူတော်က အမိန့်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။

Related

news 7149804225460399646

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item