လွှတ်တော်အတွင်း ပါတီနှစ်ခုအားပြိုင်၍ အမေရိကန်အစိုးရလုပ်ငန်းများ ရပ်ဆိုင်း
https://albanykarennews.blogspot.com/2013/10/blog-post_1619.html
[ ၀ါရှင်တန် ၊ အောက်တိုဘာ ၁ ၊ Ref-AFP ]
အမေရိကန်ပြည်ထောင်စု တွင် ရီပတ်ဘလီကင်နှင့် ဒီမိုကရက် တို့အနေနှင့် အစိုးရအသုံးစရိတ် ရန်ပုံငွေထည့်ဝင်ရေး သဘောတူ ညီမှုမရရှိသည့်အတွက် နှစ်ပေါင်း ၁ရနှစ်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် အစိုးရ၏လုပ်ငန်းဆောင် တာများ ရပ်ဆိုင်းသွားကြောင်း သိရသည်။
တနင်္လာနေ့ ညသန်းခေါင် မတိုင်မီ ဆယ်မိနစ်အလိုတွင် အိမ် ဖြူတော်ဘတ်ဂျက်ဌာနက အစိုးရ ဌာနတော်တော်များများအား လုပ် ငန်းများရပ်ဆိုင်းရန် အမိန့်ထုတ် ပြန်ခဲ့သည်။
ထိုကြောင့် လုပ်ငန်းရပ်နား ပိတ်သိမ်းခဲ့ခြင်းက လုပ်သားရှစ် သိန်းခန့်အား အထူးအခြေအနေ အဖြစ် ယာယီခွင့်ဖြင့် အနားပေး လိုက်ရပြီဖြစ်သည်။ လေဘာတီ ရုပ်တု၊ ဂရင်းကင်ညွန့်နှင့် စမစ်ဆိုနီယမ် ပြတိုက် အဆောက်အအုံတို့အပါ အဝင် ပြတိုက်များ၊ ပန်းခြံများနှင့် အမျိုးသားအထိမ်းအမှတ်ရုပ်တု များမှာ အများပြည်သူလာရောက် လည်ပတ်ခွင့်မှ ပိတ်ထားရတော့ မည်ဖြစ်ကြောင်း သိရသည်။
အိုဘားမားက ''အစိုးရလုပ် ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး လွှတ်တော်၏ သဘောတူညီမှုရ ရှိရေးအတွက် ဖြစ်နိုင်သမျှ အမြန် ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ပါ''ဟု စစ်ဘက်ဆိုင်ရာအဖွဲ့ဝင် များကို ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု တွင် အစိုးရလုပ်ငန်းများပိတ်ထား ရသည့်အခြေအနေသို့ ရောက် ရှိစေရသည့်အကြောင်းမှာ ဒီမိုက ရက်တို့ဦးဆောင်သော အထက် လွှတ်တော်နှင့် ရီပတ်ဘလီကင် ဦးဆောင်သော အောက်လွှတ် တော်တို့တွင် သမ္မတအိုဘားမား ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ် သက်၍ အချေအတင်ဖြစ်ခဲ့ရာမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။

Post a CommentDefault CommentsFacebook Comments