"အမေရိကန်သမ္မတ အိုဘားမား၏ မလေးရှားခရီးစဉ် ဆိုင်းငံ့"



အမေရိကန်အစိုးရ၏ လုပ်ငန်းလည်ပတ်မှုယန္တရား ရပ်ဆိုင်းလိုက်ရသောကြောင့် သမ္မတအိုဘားမား၏ မလေးရှားနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇတ်ခ်က ယနေ့ ပြောကြားသည်။ အမေရိကန်သမ္မတ အိုဘားမားသည် အောက်တိုဘာ ၁၁ ရက်တွင် မလေးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံသို့ ခရီးစဉ်သွားရောက်ရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

အိုဘားမားသည် အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့တွင် ကျင်းပမည့်အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားသည်။
မလေးရှားခရီးစဉ်ကို ဆိုင်းငံ့ထားခဲ့ပြီဖြစ်သော်လည်း အခြားအာရှခရီးစဉ်ကိုတော့ တိကျစွာ မသိရှိရသေးချေ။

အမေရိကန်လွှတ်တော်သည် သမ္မတအိုဘာမားအစိုးရ တင်ပြတောင်းခံလာသည့် အသုံးစားရိတ်များကို ခွင့်ပြုချထားပေးရန် ငြ်းပယ်လိုက်ပြီးတဲ့နောက် အမေရိကန်အစိုး၏လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းရကာ ပြည်သူ့ဝန်ထမ်း(၈)သိန်းကျော်မှာ လာစာမဲ့ ခွင့်ယူရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

Related

news 7481544749384916395

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item