"ဗင်နီဇွဲလားသံတမန်များအား အမေရိကန်အစိုးရ နှင်ထုတ်"
https://albanykarennews.blogspot.com/2013/10/blog-post_5729.html
အမေရိကန်အစိုးရသည် ဗင်နီဇွဲလား သံတမန် ၃ ဦးအား နိုင်ငံမှ ၄၈ နာရီအတွင်း ထွက်ခွာရန် ညွှန်ကြားလိုက်သည်။ ဗင်နီဇွဲလားက အမေရိကန်သံတမန် ၃ ဦးအား နိုင်ငံမှ နှင်ထုတ်ခဲ့ပြီးနောက် အမေရိကန်ကလည်း တုံ့ပြန်သည့်အနေဖြင့် ဗင်နီဇွဲလားသံတမန်များကို နိုင်ငံမှ ထွက်ခွာစေခြင်းဖြစ်သည်။
အမေရိကန်သံတမန် ၃ ဦးသည် ဗင်နီဇွဲလားတွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓာတ်အားပေး အခြေခံ အဆောက်အအုံများ ဖျက်ဆီးခံရမှုတွင် ပါဝင်ခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက စွပ်စွဲထားသည်။ အမေရိကန် သံရုံးကမူ အမေရိကန် အစိုးရအနေဖြင့် မည်သည့် လုပ်ကြံဖျက်ဆီးမှုတွင်မျှ မပါဝင်ကြောင်း၊ ဗင်နီဇွဲလား အစိုးရ၏ စွပ်စွဲချက်များကို လုံးဝဥဿုံ ငြင်းဆန်ကြောင်း ကြေညာချက် ထုတ်ပြန်သွားသည်။

Post a CommentDefault CommentsFacebook Comments