အမေရိကန်တွင် ဘတ်ဂျတ်ကိစ္စအငြင်းပွားမှုကြောင့် အစိုးရလုပ်ငန်းများစွာ ရပ်ဆိုင်း


Wednesday, October 2, 2013

အမေရိကန်သမ္မတ အိုဘားမားနှင့် ရီပတ်ဘလစ်ကန်များအကြား ဘတ်ဂျတ်ကိစ္စ အနိုင်လုပွဲဖြစ်ပွားနေပြီး၊ ယခုအချိန်အထိ ဘတ်ဂျတ်ကို အတည်မပြုနိုင်သောကြောင့် အစိုးရလုပ်ငန်းများစွာ တစ်စိတ်တစ်ပိုင်း ရပ် ဆိုင်းသွားမည်ဖြစ်ကာ အမေရိကန်၏ စီးပွားရေးကိုလည်း ထိခိုက်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

အတည်ပြုရမည့် နောက်ဆုံးသတ်မှတ်ချိန်မှာ ညသန်းခေါင်အချိန်ဖြစ်ကာ၊ ဒေသစံတော်ချိန် ည ၉ နာရီ ၀န်းကျင်အထိ ဘတ်ဂျတ်အတည်ပြုရေးကိစ္စ သဘောတူညီမှုရမည့် အရိပ်အယောင်များ မတွေ့ရသဖြင့် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဘတ်ဂျတ်ကိစ္စ ကပ်ဆိုက်မှုကို တားဆီးနိုင်မည့်ပုံမရှိပေ။

“အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် စီးပွားရေးလုပ်ငန်းတွေအပေါ် အဓိကထိခိုက်ပြီး၊ စီးပွားရေးကျဆင်းမှုဒဏ်ကို ပြည်သူတွေခံရမှာပါ” ဟု သမ္မတအိုဘားမားကဆိုသည်။

“အိုဘားမား လက်မှတ်ရေးထိုး တင်ပြခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးဥပဒေကို ““Tea Party”” အမတ်များဟု ခေါ်ဆိုကြသည့် အစိုးရအသုံးစရိတ်လျှော့ချရေးကို လိုလားကြသည့် ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်များက ပယ်ချခဲ့ခြင်းသည် ပြဿနာ၏ အရင်းအမြစ်ပင်ဖြစ်သည်။

ဒီမိုကရက်များ ဦးဆောင်သည့် အထက်လွှတ်တော်နှင့် သမ္မတတို့က ရီပတ်ဘလစ်ကန်များ၏ နည်းဗျူဟာကို ဆန့်ကျင်ခဲ့ကြပြီး၊ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားမည့် အခြေအနေကို ယာယီတားဆီးထားနိုင်ရန်အ တွက် ရီဘတ်ဘလစ်ကန်များအနေဖြင့် အစိုးရအသုံးစရိတ်များ သက်တမ်းတိုးမြှင့်ရေးကို အတည်ပြုပေး ရန် တိုက်တွန်းခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့ အရွယ်အစားနှင့် ပြည်တွင်းနိုင်ငံရေးတွင် အစိုးရ၏ အခန်းကဏ္ဍ ကိစ္စရပ်များအပေါ် ဒီမိုကရက်အိုဘားမားနှင့် အောက်လွှတ်တော်တို့အကြား သဘောတရားရေးရာတိုက်ပွဲများဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး၊ ထိုသဘောတရားရေးရာ တိုက်ပွဲများထဲတွင်၊ အစိုးရလုပ်ငန်းများစွာ ရပ်ဆိုင်းသွားနိုင်သည့် ယခုအကျပ်အတည်းသည် အပြင်းထန်ဆုံးဖြစ်သည်။

ဒီမိုကရက်များဦးဆောင်သည့် အထက်လွှတ်တော်နှင့် ရီပတ်ဘလစ်ကန်များ လွှမ်းမိုးသည့် အောက်လွှတ်တော်တို့အကြား အချည်းနှီး
အားပြိုင်လျက်ရှိနေခဲ့ပြီး၊ ဘတ်ဂျတ်ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန် ပြန်လည်ပေးပို့နေခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေသဖြင့် ဘတ်ဂျတ်အတည်ပြုနိုင်ရေးကိစ္စ ကျရှုံးမည့် အခြေအနေရှိနေသည်။

ရီပတ်ဘလစ်ကန်များသည် အစွန်းရောက်သော နိုင်ငံရေးတောင်းဆိုချက်များဖြင့် အကျပ်ကိုင်နိုင်ရန်အ တွက် နိုင်ငံကိုဓားစာခံ ပြုလုပ်နေကြောင်း အိုဘားမားက စွပ်စွဲလိုက်သလို၊ ပြိုင်ဖက်ရီပတ်ဘလစ်ကန်များကလည်း အိုဘားမား၏ပါတီသည် အထက်စီးဆန်ကြောင်း ပြန်လည်ဝေဖန်လိုက်သည်။

အကယ်၍ ဘတ်ဂျတ်ကိုအတည်မပြုနိုင်ပါက အစိုးရ၀န်ထမ်း ၈၀၀,၀၀၀ ခန့်သည် အလုပ်အကိုင်များ ဆုံးရှုံးကြမည်ဖြစ်ကာ၊ အစိုးရ၀န်ဆောင်မှုလုပ်ငန်းများစွာလည်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး၊ လွတ်လပ်ရေး ကျောက်ရုပ်နှင့် အမျိုးသားဥယျာဉ်တို့ကဲ့သို့သော အထိမ်းအမှတ် အဆောက်အအုံများနှင့် နေရာများကို လည်းပိတ်လိုက်ရမည်ဖြစ်သည်။

Related

news 3566512877139904336

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item