သံတွဲကိစ္စ မလေးရှားမှာ ရိုက်ခတ်


Saturday, 05 October 2013

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။

Related

news 7603128639411259970

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item