လှိုင်သာယာ KTV လူသတ်မှုကျူးလွန်သူများကို ကရင်ပြည်နယ် ဇာသပြင်တွင် ဖမ်းမိ
https://albanykarennews.blogspot.com/2013/10/ktv.html
လှိုင်သာယာKTV ဆိုင် လူသတ်မှု ကျူးလွန်သူများကို ၁၂နာရီအတွင်း ဖမ်းမိ
ရန်ကုန်၊ အောက်တိုဘာ ၅
လှိုင်သာယာမြို့နယ်ရှိ Music Box KTV ဆိုင်တွင်အောက်တိုဘာ၎ရက်က KTV ဆိုင်၏အခန်းအတွင်း၌ မောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည့်လူသတ်မှုအား ကျူးလွန်သူများကို ၁၂နာရီအတွင်းဖမ်းဆီးရမိကြောင်းYangon Policeမှသိရသည်။
၎င်းအမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့သည်။
ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် အောက်တိုဘာ၎ရက်၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌ အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင်နှင့် (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းးYangon Policeမှသိရသည်။
အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းYangon Policeမှ သတင်းရရှိသည်။
Popular Myanmar News Journa

Post a CommentDefault CommentsFacebook Comments