အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အချို့ အစိုးရ မလိုက်နာဟု SSPP/SSA ဆို

The Voice Weekly

ရန်ကုန်၊ အောက်တိုဘာ ၎

အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသော ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လက်မှတ်ရေးထိုး ထားသော အပစ်အခတ်ရပ်စဲရေး သဘောတူချက် အချို့ကို အစိုးရဘက်က လိုက်နာခြင်း မရှိကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှဇော်က ပြောကြားသည်။

အဆိုပါ သဘောတူချက် အချို့ကို မလိုက်နာခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း ၂ နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲပေါင်း ၁၀၀ နီးပါး ပြန်လည် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် မိမိနယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့် ပါဝင်သော်လည်း အစိုးရတပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေမှုများကြောင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားရကြောင်း ၎င်းကဆိုသည်။
“အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးထားပါတယ်ဆိုမှ နယ်မြေရှင်းလင်းရေး လုပ်စရာ မလိုတော့ပါဘူး။ ဒီနယ်မြေမှာ ကျွန်တော်တို့ပဲ ရှိတယ်” ဟု ဗိုလ်မှူး စိုင်းလှဇော်က ပြောကြားသည်။

အောက်တိုဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမည် ဆိုသော်လည်း လက်ရှိအခြေအနေများအရ နိုင်ငံရေး အာမခံချက်ရှိ မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် SSPP/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
“အဓိကက နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေက တာဝန်ရှိသူတွေက ထိန်းသိမ်းရမှာပါ” ဟု ၎င်းကဆိုသည်။

အစိုးရ တပ်မတော်သည် စက်တင်ဘာလအတွင်း SSPP/SSA နှင့် တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးရဘက်မှ အထိအခိုက်များကြောင်း SSPP/SSA ထုတ်ပြန်ချက်များအရ သိရသည်။

SSPP/SSA သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီး နောက်ပိုင်း ၂ နှစ်ကျော် ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် တိုက်ပွဲအကြိမ် ၁၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း SSPP/SSA အဖွဲ့က ထုတ်ပြန်ထားသည်။

Related

news 2086655970457082098

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item