၂၇၅၃-ခုနှစ် (၄)ကြိမ်မြောက် အော်ဘနီကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မတီ ဖွဲ့စည်းပြီးစီး



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ အော်ဘနီမြို့ ကရင်အမျိုးသားများ (၄)ကြိမ်မြောက်
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရန် ယနေ့ ၁၉-၁၀-၂၀၁၃ ညနေ (၆)နာရီအချိန်တွင် နှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းပြီးစီးခဲ့ပြီဖြစ်သည်။

ထိုအစည်းအဝေးတွင် အော်ဘနီရှိ ကရင်မျိုးနွယ်စု စုံလင်စွာတက်ရောက်ခဲ့ကြပြီး သာရေးနာရေးဥက္ကဌ စောကျော်ဘောမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ တက်ရောက်လာကြသော ကရင်အမျိုးသား များမှ မိမိဖြတ်သန်းတွေ့ကြုံလာခဲ့သောဒေသမှ နှစ်သစ်ကူးအတွေ့အကြုံများကို ရှင်းလင်းပြောကြား ခဲ့ကြပါသည်။



ဖွဲ့စည်းပြီးစီးခဲ့သော နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီဝင်များမှာ-

ယဉ်ကျေးမှုတာဝန်ခံ- မူမူ
ဘဏ္ဍာရေးမှူး- ထီးနာ
စာရင်းကိုင်- စောဖိုးလေး
စာရင်းစစ်- ဆရာစောထူး၊ စောလင်းယုန်
အခမ်းအနားအပြင်အဆင် - စောဘွန်း၊ စောအယ်မူး
လူငယ်ဦးဆောင်- စောဖိုးထူး
ချက်ပြုတ်ရေးတာဝန်ခံ- စောကျော်ဘော၊ ကျော်လူ
သယ်ယူပို့ဆောင်ရေး- ကားရှိသူများ
ဧည့်ကြို- အဲ့ဖိုး၊ နော်ဖေါဝါး
လုခြုံရေး- လေးမူဟဲနှင့်အဖွဲ့
ဖျော်ဖြေရေး- စောမောင်ဒါး၊ အဲသုဂ်ကျာ
ရံပုံငွေရှာဖွေရေး- နော်ဖေါဝါး၊ ကျော်ဘော၊ ဖူးသာ
မှတ်တမ်းနှင့်မီဒီယာ- စောဒါးဘို တို့ဖြင့် ဖွဲ့စည်းခဲ့သည်။



အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့်နိုဝင်ဘာ(၂)ရက်၊ ညနေ ၆နာရီအချိန်တွင် ဆပ်ကော်မတီအဖွဲ့များ ပို၍ကျစ်လစ်ခိုင်မာအောင်နှင့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်းသော အကြောင်းအရာများကို ထပ်မံ စည်းဝေးမည်ဟုလည်း သိရသည်။

ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ အော်ဘနီကရင်လူငယ်အဖွဲ့များအပြင် စုံလင်စွာဖြင့်  Befflo, Hart ford. Utica ယဉ်ကျေးမှုအဖွဲ့များကိုလည်း ဖိတ်ခေါ်ထားကြောင်းလည်း သိရပါသည်။

၎င်းနှစ်သစ်ကူးပွဲတော်ကို ယမန်နှစ်က ကျင်းပခဲ့သည့်  Boys & girls Club of Albany, 21 Delaware Ave, Albany,NY 12210 နေရာတွင် လာမည့် ၂၀၁၃ ဇန္န၀ါရီလ (၅)ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည် ဟု ဆုံးဖြတ်ခဲ့ကြသည်။




Related

news 1403502376159053981

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item