ကဲ ဘယ်လိုမြင်လဲ တရားခံ ဘယ်သူလဲ အတုအပ သတိပြုဖို့တော့လိုမယ်နော်။ ဒင်းပဲလား ပေါင်းကြံတာလား
https://albanykarennews.blogspot.com/2013/10/blog-post_8145.html
???????????????? ?????????????????
အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ် ထားတဲ့ ထဲမှ စဉ်းစားစရာဖြစ်နေသော မေးခွန်းနဲ့ အဖြေကို ဆွဲထုတ်ပြီး ပြန်လည်တင်ထားခြင်းဖြစ်သည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ်ရပ်စဲခဲ့ပါ သည်။
၎င်းတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီ ခရိုင် မြောက်ဖက်တွင် အခြေချ ခဲ့ပါသည်။ ၄င်းတို့သည် လတ်တလော အခြေ အနေတွင် မြန်မာနိုင်ငံ အနှံ့ နေရာ အများ အပြားတွင် ဗုံးပေါက်ကွဲ ခဲ့ဖြင့် ထိုလုပ်ရပ် မျိုးကို ပစ်တင် ရှုတ်ချခဲ့ ပါသည်။ ဗုံးပေါက်ကွဲ မှုကြောင့် အနည်းဆုံး နှစ်ဦး သေဆုံး ခဲ့ပြီး ဒါဏ်ရာ ရရှိ ခဲ့မှု အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖေါ်ခဲ့ပါသည်။
ဤသို့ကြောင့် ၄င်းတို့၏ သဘောထား အသေးစိတ်ကို သိရှိ နိုင်ရန် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ထိုကဲ့ သို့သော ဗုံးပေါက် ကွဲမှု လုပ်ရပ် မျိုးကို ရှုတ်ချ ခဲ့သော်လည်း အစိုးရ၏ သတင်းစာရှင်း လင်းပွဲ ကျင်းပ ပုံနှင့် အထောက်အထား ထွက်ဆိုမှု များကြောင့် စွပ်စွဲမှု များသည် အဓိပ္ပါယ် မရှိကြောင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါ သည်။
မေး။ ဆရာ ပြောတာက တမျိုး ပေါ့လေ။ ဒါပေမဲ့ KNU အလုပ် အမှုဆောင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် ကတော့ ဒီဗုံးပေါက် ကွဲမှုမှာ KNU မှာလည်း တာဝန် ရှိတယ်လို့ ပြည်တွင်း မီဒီယာ တွေနဲ့ ပြောဆို ခဲ့ပါတယ်။ အဲဒီ အပေါ် မှာရော ဆရာ ဘယ်လိုသ ဘောရလဲ။
ဖြေ။ ။KNU အလုပ် အမှုဆောင် တစ်ဦးက အစိုးရ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာဒီဗုံး ဖေါက်ခွဲမှုနဲ့ ပတ်သတ်ပြီး KNU မှာ တာဝန် ရှိတယ်လို့ KNU ကိုယ်စားလှယ်က ပြောလိုက်တဲ့ အပေါ်မှာ ကျနော် သုံးသပ် ရမယ် ဆိုရင် KNU ကိုယ်စား လှယ်က အစိုးရလူ ဖြစ်နေ ပါပြီ။ သူက လိုက်ရှာ ပေးမယ် ဘာပေးမယ် ပြောနေ ရအောင် ဗုံးဖေါက်ခွဲတဲ့ လူက သူကစီစဉ် ထားလို့လား။ သူဟာ အစိုးရ ထောက်လှမ်းရေး ဖြစ်နေ ပြီလား။ ဖြစ်သင့် တာက ကျနော်တို့ လွှတ်တဲ့ ကိုယ်စားလှယ်ဟာ အဖြစ်မှန်ကို လူသိ ရှင်ကြား ဖေါ်ထုတ်ဖို့ ဖြစ်တယ်။ လက်တွေ့ ဆန်တဲ့ သဘောမျိုး ပြသ နိုင်ရ မယ်လေ။
အဲဒီ ကိုယ်စားလှယ် ကတော့ အယုံအကြည် မရှိဘူး။ ကရင် အမျိုးသား ပြည်သူ လူထု အတွက် အကာကွယ် ပေးဖို့၊ အခွင့် အရေး တန်းတူ ရဖို့၊ ဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ဖို့ အတွက် ပြောဖို့ နေပြည်တော်ကို လွှတ်ခဲ့တာ သူဘာပြော ခဲ့သလဲ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့ မရ ဘူးလို့ ထုတ်ပြော ခဲ့တဲ့ လူလေ။ ။၂၀၀၈ ဥပဒေက ပြည်သူ အတွက် အကာ အကွယ် ပေးထားတာ ဘာမှ မရှိသလို စစ်ဥပဒေလည်း ဖြစ်တယ်။ အစိုးရ ဥပဒေက ပြည်သူ လူထုတွေ အတွက် မျက်ရည် ကျခဲ့တဲ့ လယ်သိမ်း ယာသိမ်း ဥပဒေတွေ ဖြစ်တယ်။ သူနားမလည် ဘူးလား။ ဒီတော့ အဲဒီလို ကိုယ်စားလှယ် မျိုးကိုမှ လွှတ်တာ စဉ်းစား စရာ ဖြစ်နေတယ်။ ဒီတော့ မန်းငြိမ်းမောင်ဟာ အစိုးရ ခရိုနီ ဖြစ်သွားတဲ့ သဘော သက်ရောက် နေပါတယ်။

Post a CommentDefault CommentsFacebook Comments