Utica မှ KYU FC အသင်းနှင့် Kwe Ka Baung အသင်းတို့ ဗိုလ်လုပွဲတက်ရောက်
https://albanykarennews.blogspot.com/2013/07/utica-kyu-fc-kwe-ka-baung.html
| တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားသည့် KYU ကွင်းလယ်ဖန်တီးရှင် YCM Htoo |
ဒီကနေ့ ၆-၇-၂၀၁၃ နေ့မှာ ယှဉ်ပြိုင်ကစားကြတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ရလဒ်အရ KYU အသင်းနဲ့ ခွဲကဘောင်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ပါတယ်။
ဒီမနက်ဆီမီးဖိုင်နယ်ပွဲစဉ်ကို တပြိုင်တည်းယှဉ်ပြိုင်ကစားစေပြီး KYU အသင်းနဲ့ KNG အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ အကြိတ်အနယ်ရှိလှပါတယ်။ KYU အသင်းဆိုတာက ဒီ Albany လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖလားမှာ (၂)နှစ်ဆက်တိုက် ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဖြစ်သလို နယူးယောက်ပြည်နယ်မှာ ထင်ရှားကျော်ကြားတဲ့ ယူတီကာ ကရင်လူငယ်အသင်းကောင်းတသင်းလည်း ဖြစ်ပါတယ်။
| နည်းပြ မင်းဟန် ဦးစီးသည့် ခွဲကဘောင်အသင်း အနားယူနေစဉ် |
KYU အသင်းနဲ့ KNG အသင်းတို့ဟာ အပြန်အလှန်ထိုးစစ်ဆင်ကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်းပြီးဆုံးတဲ့အထိ
တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ဒုတိယပိုင်းစပြီး ၁၅ မိနစ်လောက်မှာ ဗိုလ်လုပွဲကို တက်ရောက်စေမဲ့ တလုံးတည်းသော အနိုင်ဂိုးကို KYU မှ ကွင်းလယ်ဖန်တီးရှင် ကျောနံပါတ် ၂၃၊ YCM Htoo က သွင်းယူနိုင်ခဲ့ပါ။ ဒီဂိုးကြောင့် KNG မှ ပြန်လည် တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ KYU ဂိုးသမားရဲ့ လက်စွမ်းပြကာကွယ်နိုင်တဲ့အတွက် ၁ဂိုး ဂိုးမရှိနဲ့ KYU အသင်း ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်ပါတယ်။
တဘက်ကွင်းက ကစားကြတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ခွဲကဘောင်အသင်းနဲ့ Sylacause အသင်းတို့ကလည်း
ပရိသတ်တွေ တော်တော်များများလာရောက်အားပေးတာကိုလည်း တွေ့ရပါတယ်။
ဒီပွဲစဉ်မှာ အပြန်အလှန် ထိုးစစ်ဆင်ကစားကြပေမဲ့ Sylacause ဘက်မှ ဂိုးကံခေတာကိုလည်း တွေ့ရပါတယ်။
ပထမပိုင်း ၃၂ မိနစ်မှာ ခွဲကဘောင်အသင်းမှ ကျောနံပါတ် ၁၂ Klose က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၁ဂိုး ဂိုးမရှိနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ဒူတိယပိုင်း မိနစ်၂၀မှာ ဗိုလ်လုပွဲတက်ရောက်ဖို့ ပိုပြီးသေချာစေတဲ့ အနိုင်ဂိုးကို ခွဲကဘောင် တိုက်စစ်မှူး Ta Pit Pit (ကျောနံပါတ် ၉၉) က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီညနေ ၄း၃၀ မှာ တတိယနေရာလုပွဲအဖြစ် Sylacause အသင်းနဲ့ KNG အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်သလို ဗိုလ်လုပွဲစဉ်အဖြစ် KYU နဲ့ ခွဲကဘောင်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ KYU ကပဲ ဖလားဆက်လက်ဆွတ်ခူးသွားမလား၊ ခြေစွမ်းပြကစားသွားကြတဲ့ ခွဲကဘောင်လူငယ်တိုက်စစ်မှူးအသင်းဘက်ကပဲ ဖလားရယူမလားဆိုတာ ပရိသတ်တွေ စိတ်ဝင်တစား ရှိကြပါတယ်။ဒီအသင်းနှစ်သင်းကလည်း Utica မှ ကရင်လူငယ်အသင်းတွေပဲဖြစ်ပါတယ်။
ကိုရဲနီဦးစီးကျင်းပတဲ့ ဒီနှစ်(၃)ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု Albany လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖလားမှာ Uticaမှ အသင်းသုံးသင်းက ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ အမေရိကန်နိုင်ငံသားတွေပါဝင်ဖွဲ့စည်းထားတဲ့ Albany လက်ရွေးစင်အသင်းက ကွာတားအထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီညနေယှဉ်ပြိုင်ကစားမဲ့ ဗိုလ်လုပွဲစဉ်ကိုလည်း ဆက်လက်တင်ပြပေးဦးမှာ ဖြစ်ပါတယ်။
Post a CommentDefault CommentsFacebook Comments