Albany လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေဆဲ

အနားယူနေကြတဲ့ Utiica ဇွဲကပင်ဘောလုံးအသင်း
ကိုရဲနီဦးဆောင်ကျင်းပပေးသော Albany လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲသည် ယမန်နေ့ ၄-၇-၂၀၁၃နေ့တွင် ကွင်းဖွင့်ပွဲနှင့် အုပ်စုပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားပြီးသည့်နောက် ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ ၅-၇-၂၀၁၃နေ့တွင် အုပ်စုပတ်လည်ပွဲစဉ်နှင့်ကွာတားဖိုင်နယ် ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားနေဆဲပင် ဖြစ်သည်။

ယခုကျင်းပသော ဘောလုံးပြိုင်ပွဲနှင့်စပ်လျဉ်းပြီး ကမကထပြုလုပ်သူ ကိုရဲနီအား မေးမြန်းကြည့်ရာမှာ ''ကျွန်တ်ာလုပ်တဲ့ပွဲက ယခုဆို ၅ ကြိမ်ရှိပြီဖြစ်ပေမဲ့ အစိုးရဆီကနေ တရားဝင်အကြောင်းကြားပြီး ခွင့်တောင်းတာ ၃ ကြိမ်ပဲရှိသေးတယ်ဆိုတော့ တရားဝင်အနေနဲ့ ၃ ကြိမ်မြောက်ပဲ ပြောရပါမယ်။ ကျွန်တော်လုပ်တဲ့ရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာပြည် သားတွေအနေနဲ့  national team မှာ တက်လှမ်းပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ပါပဲ။'' ဟု ဆိုပါသည်။

လာမည့်မနက်ဖြန်တွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမ ဒုတိယ တတိယ ရရှိသော အသင်းကို ဆွဲပြားချီးမြှင့်ပေးမည်ဟုလည်း သိရပါသည်။ ဆုဖလားကိုတော့ သင်္ကြန်ပွဲကျင်းပမည့် (၇)ရက်နေ့မှသာ ပေးအပ်ချီးမြှင့်မည်ဟုလည်း ကိုရဲနီက ဆိုပါသည်။

ဝင်ရောက်ယှဉ်ပြိုင်သော အသင်း(၁၃)သင်းအနက် Utica Karen Youth မှ Kwe Ka Baw, KYU, KNG, futher leader, TNF, on the cross, Rissingsun စတဲ့ ကရင်လူငယ်အသင်းက အများဆုံး ပါဝင်ကြောင်းလည်းသိရပါသည်။


Related

news 6261358058798669522

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item