ပရော်ဖက်ရှင်နယ် သွင်းဂိုးများဖြင့် လက်ရှိချန်ပီယံKYUအသင်းကို ခွဲကဘောင်အသင်း ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲ

ခွဲကဘောင်အသင်းမှ နိုင်ငံတကာစံချိန်မှီသော ဂိုးသွင်းယူသည့် ကစားသမားများ
ယနေ့ ၆-၇-၂၀၁၃၊ရက်နေ့  ညနေ ၅း၃၀ အချိန်တွင် ကိုရဲနီဦးစီးကျင်းပသော အမေရိကန်ပြည်ထောင်စု ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(၃)ကြိမ်မြောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို အောင်မြင်စွာဖြင့် ကျင်းပပြီးစီးသွားပြီဖြစ်သည်။

ယနေ့ဗိုလ်လုပွဲစဉ်တွင် Utica အသင်းများဖြစ်ကြသော လက်ရှိချန်ပီယံ KYU အသင်းနှင့် ခွဲကဘောင်အသင်းတို့ယှဉ်ပြိုင်ကစားရာမှာ ခွဲကဘောင်အသင်းက ၅ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါသည်။

ပွဲစီစဉ်သူ ကိုရဲနီနှင့် ခွဲကဘောင်အသင်းနည်းပြချုပ် စောမြဟန်


ပထမပိုင်း ဒိုင်လူကြီးပွဲစခရာမှုတ်သည်နှင့် တပြိုင်နက် KYU အသင်းသည် လက်ရှိချန်ပီယံဖြစ်သည်နှင့် အညီ သမ္မာရှိစွာဖြင့် ထိုးဖေါက်ကစားခဲ့သော်လည်း ခွဲကဘောင်နောက်တန်း၏ မဟာတံတိုင်းကြီးကို
မကျော်ဖြတ်နိုင်ခဲ့ပေ။

ဆက်လက်၍ သူတပြန် ကိုယ်တပြန် တိုက်စစ်ဆင်ကစားကြရာ ခွဲကဘောင်အသင်းမှ အပေးအယူ အချိတ်အဆက်မိမိ ဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲစပြီး ၈မိနစ်မှာပင် ခွဲကဘောင်အသင်းမှ ကျောနံပါတ် ၃၂ Nei Nei က ထောင့်ကျဉ်းကနေ အသည်းယားဖွယ် ကန်သွင်းနိုင်ခဲ့ပါသည်။

စောစောစီးစီး အဖွင့်ဂိုးရရှိသွားသော ခွဲကဘောင်အသင်းသည် တသင်းလုံးစုစည်းစွာ ပို၍ သွက်လက်လျင်မြန်စွာဖြင့် ကစားနိုင်ခဲ့သော်လည်း KYU ဂိုးသမား Poe Moo (ကျောနံပါတ် ၁၃)၏ ပုတ်ထုတ် ကာကွယ်မှုကြောင့်လည်းကောင်း၊ ဘားတိုင်ထိ ဂိုးလွန်သွားမှုကြောင့်လည်းကောင်း ဆက်၍ ဂိုးမရရှိပဲ ပထမပိုင်းပြီးဆုံးချိန်တွင်  ၁ဂိုး ဂိုးမရှိ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။



ဆက်လက်ပြီး ဒုတိယပိုင်းစရန် ဒိုင်ခရာစမှုတ်မှုတ်ချင်းမှာပင်  ပွဲစဉ်တလျှောက် အကောင်းဆုံးခြေစွမ်း ပြကစားနိုင်ခဲ့သော ခွဲကဘောင်အသင်းမှ အသင်းခေါင်းဆောင် Saw A Pit (ကျောနံပါတ် ၁၉) က ကွင်းလယ်မှတဆင့် သေသပ်လှပစွာဖြင့် တိုက်ရိုက်ကန်သွင်းနိုင်ခဲ့ပါသည်။

ခွဲကဘောင်အသင်းမှ ၂ ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေချိန်တွင် KYUအသင်းမှ ချေပဂိုးရရန် ကစားအားမြှင့်တင်ခဲ့သော်လည်း စုစည်းမှုအားကောင်းသော ခွဲကဘောင်အသင်း၏ တန်ပြန်တိုက်စစ်ဆင်မှုကိုသာ အလူးအလဲ ခုခံကာကွယ်ခဲ့ရသည်။

ထိုသို့ဖြင့်ဒုတိယပိုင်းစပြီး ၉ မိနစ်မှာပင် ခွဲကဘောင်အသင်း၏ တိုက်စစ်မှူး I.Lay (ကျောနံပါတ် ၇)က အမှားအယွင်းမရှိပဲ တတိယဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့ပါသည်။

KYU အသင်း


၃ဂိုးရှုံးနိမ့်နေပြီဖြစ်သော KYU အသင်းသည် ကစားအားအနည်းငယ်ကျလာသည်ကို ခွဲကဘောင်အသင်းက အခွင့်ကောင်းယူပြီး အချိတ်အဆက်မိမိဖြင့် ဆက်လက်ထိုးစစ်ဆင်ကစားခဲ့ရာမှာ ဒုတိယပိုင်းပွဲချိန် ၁၇ မိနစ်တွင် ခွဲကဘောင်အသင်း ကျောနံပါတ် ၂၃ Lin က ကိုက် ၃၀ အကွာကနေ လှလှပပ ကန်သွင်းယူနိုင်ခဲ့ရုံသာမက ပွဲချိန် ၂၅ မိနစ်မှာလည်း ခွဲကဘောင်ကျောနံပါတ် ၁၄ ဖြစ်သူ Sky Thaw က ဂိုးသမားကိုကျော်ပြီး ထောင့်ကျဉ်းကနေ ခဲရာခဲဆစ် ကန်သွင်းနိုင်ခဲ့ပြန်ပါသည်။

ခွဲကဘောင်အသင်းမှ နိုင်ငံတကာစံချိန်မှီသော သွင်းဂိုးများဖြင့် ၅ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရယှဉ်ပြိုင်ကစားနေချိန် ဒုတိယပိုင်း မိနစ်၃၀အချိန်တွင် KYU အသင်းမှ ပယ်နတီရခဲ့သော်လည်း
ခွဲကဘောင်ဂိုးသမား Po Hee (ကျောနံပါတ် ၂၄)က ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါသည်။



နောက်ပိုင်းအချိန်များတွင် ခွဲကဘောင်အသင်းမှ ဂိုးသွင်းရန်အခွင့်အရေးရခဲ့သော်လည်း ဂိုးရှေ့ပယ်နတီ ဧရိယာမှာပင် ဂိုးမသွင်းပဲ အပေးအယူလုပ်ရင်း ဒုတိယပိုင်းအချိန်ပြီးဆုံးသွားခဲ့ပါသည်။

တတိယနေရာလုပွဲတွင် Sylacuse အသင်းက KNG အသင်းကို ယှဉ်ပြိုင်ကစားရန် ပျက်ကွက်ခဲ့သောကြောင့် KNG အသင်းကပင် တတိယဆုကို ရယူနိုင်ခဲ့ပါသည်။



ယခုပြိုင်ပွဲတွင် ပထမ ဒုတိယ တတိယ ရရှိခဲ့သော အသင်းများသည် Utica မှ ကရင်လူငယ်အသင်းများ ဖြစ်ကြပြီး ပထမဆုဖလားရရှိသော ခွဲကဘောင်အသင်းအား လာမည့်မနက်ဖြန် ကျင်းပမည့် သင်္ကြန်မဏ္ဍပ်တွင် ဆုဖလားချီးမြင့်မည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူ ကိုရဲနီက ဆိုပါသည်။



ယခုနှစ် ကျင်းပသော အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၃)ကြိမ်မြောက် Albany ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တလျှောက် ခြေစွမ်းပြကစားနိုင်ခဲ့သော ခွဲကဘောင် အသင်းခေါင်းဆောင် Saw A Pit က အကောင်းဆုံးနှင့် အသန့်ရှင်းဆုဆုကို ရရှိခဲ့ပြီး ခွဲကဘောင်ဂိုးသမားSaw Po Hee က အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိသွားပါသည်။





Related

news 7491161247313430221

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item