"ဘောလုံးကစားသမားကို ဓားဖြင့်ထိုးသတ်သည့် ဒိုင်လူကြီးအား ပရိသတ်က ခေါင်းဖြတ်"



ဘရာဇီးလ် နိုင်ငံတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ကစားသမား တစ်ဦးအား ဓားဖြင့်ထိုးသတ်သည့် ဒိုင်လူကြီးကို ခေါင်းဖြတ်လိုက်ကြောင်း သိရှိရသည်။ ဘရာဇီးလ်နိုင်ငံ မြောက်ပိုင်းတွင် ကစားခဲ့သော ဘောလုံးပွဲ တစ်ခုအတွင်း ဒိုင်လူကြီး ကစားသမား တစ်ဦးကို အနီကတ်ပြကာ ကွင်းအတွင်းမှ ထွက်ခွာရန် စေခိုင်းခဲ့သည်။ 

သို့သော်လည်း ကစားသမားက ကွင်းထဲမှထွက်ရန် ငြင်းဆန်နေသည့်နောက် ဒိုင်က ၎င်းကို ဓားဖြင့် ထိုးသတ်လိုက်သည်။ ယင်းမြင်ကွင်းကြောင့် ဒေါသထွက်နေသည့် လူအုပ်ကြီးသည် ကွင်းထဲသို့ ဝင်ရောက်လာကာ ဒိုင်လူကြီး အိုတီဗီယို ဒါဆေးလ်ဗားကို ခဲများဖြင့် ပစ်ပေါက်ကြသည်။ ထို့နောက် လဲကျနေသော ဒိုင်လူကြီးအား ခေါင်းဖြတ်ခဲ့ကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မာရန်ဟာအို ပြည်နယ်ရှိ အပျော်တမ်း ဘောလုံးပြိုင်ပွဲ တစ်ခုတွင် ဖြစ်ပွားခဲ့သော ကိစ္စအပေါ် ရဲများက စုံစမ်းလျှက် ရှိသည်။ အိုတီဗီယိုသည် ဘောလုံးသမား တစ်ဦးဖြစ်သော ဂျိုဆီနာ ဒေါ့စ်ဆန်းတို့စ်ကို ဓားဖြင့် ထိုးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။

အိုတီဗီယိုကို သတ်ဖြတ်မှုအတွက် မသင်္ကာသူ တစ်ဦးကို ရဲများက ဖမ်းဆီးထားပြီး ဖြစ်ရပ်ကို ဆက်လက် စစ်ဆေးနေဆဲဟု သိရသည်။ ဇွန်လ (၃၀)ရက်နေ့က လူသိနည်းပြီး ဝေးလံသီခေါင်သော ပီယို(၇) မြို့ငယ်လေးတွင် ဖြစ်ပွားခဲ့သော ခြောက်ခြားစရာ အခြေအနေသည် အချိန်အတန်ငယ် ကြာမှသာ လူသိရှင်ကြား ဖြစ်လာခဲ့သည်။

အိုတီဗီယိုသည် ၎င်းအနီကတ် ပြခဲ့သည့် ကစားသမားနှင့် စကားများပြီးနောက် ဓားတစ်ချောင်းကို ထုတ်ကာ ဂျိုဆီနာကို ထိုးခဲ့ခြင်း ဖြစ်သည်။ ဂျိုဆီနာသည် ဆေးရုံတွင် သေဆုံးသွားသည်။ ယင်းဖြစ်စဉ်ကို တွေ့မြင်ရပြီးနောက် ဂျိုဆီနာ၏ မိတ်ဆွေများ၊ မိသားစုများသည် ပွဲကြည့်စင်မှ ပြေးထွက်လာပြီး ဒိုင်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒိုင်လူကြီးမှာ ကျောက်တုံးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ပေါက် ခံရပြီးနောက် ခေါင်းဖြတ်ခံခဲ့ရကြောင်း ရဲများက ဆိုသည်။ အသက်(၂၇)နှစ်ရှိ လူတစ်ဦးကို ဖမ်းဆီးထားသည့် ဒေသခံ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက "ဖြစ်ရပ်မှာ ပါဝင်ခဲ့သူတွေကို အမည် ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတုန်းပါ။ ရာဇဝတ်မှု တစ်ခုအတွက် နောက်ထပ် တစ်ခုကျူးလွန်ပြီး မျှတအောင် ဘယ်တော့မှ မလုပ်ဆောင်နိုင်ပါဘူး"ဟု ပြောကြားသွားသည်။

‎#Brazil‎#soccer ‎#match
‎#PlanetMyanmar

Related

news 4986276122728648941

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item