ဗုဒ္ဓဂယာ ဗုံးခွဲမှု သံသယရှိသူတဦး ဖမ်းဆီးရမိ


မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာ ဒေသတွင် တနင်္ဂနွေနံနက်က ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သံသယရှိသူတဦးကို တနင်္လာနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း အေအက်ဖ်ပီ သတင်းတရပ်တွင် ရေးသားထားသည်။

လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းအရ ဗုံးထောင်သူ နှစ်ဦးအား တွေ့ရှိခဲ့ပြီး တဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသတွင်း ရဲအရာရှိများအား ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

“Vinod Mistri ဆိုသူ လူတဦးကို ဗုဒ္ဓဂယာ ပဒေသာဗုံးများ ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားပါတယ်” ဟု ရဲအရာရှိ S.K. Bharadwaj က ဆိုသည်။

Mistri ဆိုသူကို မော်ဝါဒီ သူပုန်များ၏ အမာခံနယ်မြေ ဘာရာချတ္တီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မော်ဝါဒီ လက်နက်ကိုင်တပ်များအန္တရယ် စိုးရိမ်ရသည့် ပြည်နယ်များအနက် တခုအပါအဝင်ဖြစ်သည်။

သို့သော် ဒေလီမြို့တော် ရဲဌာနချုပ်ကမူ မြန်မာပြည် ပဋိပက္ခများနှင့် ပတ်သက်၍ အိန္ဒိယ အစ္စလာမ် စစ်သွေးကြွများက တုန့်ပြန်လက်စားချေသည့်အနေဖြင့်မဟာဗောဓိ စေတီတော်အား တိုက်ခိုက်နိုင်ခြေရှိကြောင်း ကြိုတင်သတိပေးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏနှင့် ပြင်းထန်စွာ ဖြစ်တတ်သော်လည်း ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဆောက်အဦများကိုမူ တိုက်ခိုက်လေ့ မရှိခဲ့ဖူးပေ။ တနင်္ဂနွေ နံနက် ၅ နာရီခွဲမှ ၆ နာရီအတွင်း (နာရီဝက်အတွင်း) မဟာဗောဓိ ပရဝုဏ်တွင် ဗုံးလေးလုံးနှင့် အခြား ဗုဒ္ဓဘာသာဆိုင်ရာ နေရာများတွင် ငါးလုံး (စုစုပေါင်း ကိုးလုံး) ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မြန်မာ သံဃာတပါးနှင့် တိဘက် လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြသည်။
===========================================
ပုံစာအညွှန်း - ဇူလိုင်လ ၇ ရက်နေ့ နံနက်စောက ဗုံးပေါက်ကွဲမှုများအပြီး အိန္ဒိယနိုင်ငံရှိ မဟာဗောဓိ စေတီတော်သို့ တာဝန်ရှိသူများ လာရောက်ကြည့်ရှုနေကြစဉ်။ (ဓာတ်ပုံ - SANJAY KUMAR, GANAURI) မဟာဗောဓိ စေတီ ပရဝုဏ် အပါအဝင် ဂါယာမြို့တွင် နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

Related

news 1008599206832790119

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item