(July 1 2013 တွင် ထွက်ရှိမည့် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ကို မူရင်းအတိုင်း ဘာသာပြန်ဆိုခြင်း
https://albanykarennews.blogspot.com/2013/06/july-1-2013-time-face-of-buddhist-terror.html
ဘာသာတရားသည် တိုက်ခိုက်မှုများကိုဆန့်ကျင်ခြင်း သည်းခံခြင်း စသည်တို့ကြောင့် ကျော်ကြားလာခဲ့ရသည်။
သို့သော် ဗုဒ္ဓဘာသာအများစုနေထိုင်သော အာရှနိုင်ငံများတွင် အများအားဖြင့် မွတ်စလင်များအား ဆန့်ကျင်သည့် ဆူပူမှုနှင့် သည်းမခံရန် ဟောပြောမှုများကို ဘုန်းကြီးတို့က လုပ်နေကြပြီဖြစ်သည်။
ဗမာဘင်လာဒင်ဟုအမည်တပ်ခံရသော ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးသည် ရုပ်တုမျက်နှာကဲ့သို့ တည်ငြိမ်ကြည်လင်စွာဖြင့် တရား စဟောပါသည်။
သူ့ရှေ့မှောက်တွင် ဒကာဒကာမများရာနှင့်ချီရှိနေပြီး လက်အုပ်မိုးကာ၊ ကျောပြင်များ၌ချွေးစေးများ စီးကျနေကြသည်။
ဘုန်းကြီးက “ခုချိန်ဟာ ငြိမ်နေရမယ့်အချိန်မဟုတ်တော့ဘူး” ဟု အမုန်းတရားပြည့်နှက်သည့် လေသံနှင့်ပြောသည်။
ဗုဒ္ဓဘာသာအများစု နေထိုင်သည့်ဤမြေမှ မွတ်ဆလင် လူနည်းစုအား မုန်းစေမည့်စကားများကို နည်းလမ်းပေါင်းများစွာနှင့် တစ်နာရီခွဲခန့် ဟောပြောသည်။
“ခုချိန်မှာ မင်းတို့သွေးတွေဆူလာအောင် ထကြွရမယ့် အချိန်ပဲ” ဟု မိန့်ကြားလေသည်။
မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များ၏သွေးများဆူပွက်နေပြီး မွတ်ဆလင်အများစုသွေးများလည်း ဖိတ်စင်ခဲ့ရပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်အတွင်း ဗုဒ္ဓဘာသာလူအုပ်စုသည် ကိုးကွယ်မှုမတူသည့် လူနည်းစုကို ဦးတည်တိုက်ခိုက်ကြပြီး ဦးဝီရသူနှင့် အခြား သဘောထား တင်းမာသည့်ဘုန်းကြီးများက ဘာသာရေးဝါဒီမီးတောက်ကို မီးလောင်လေပင့်ပေးခဲ့ကြသည်။
အစိုးရစာရင်းဇယားများအရ မွတ်ဆလင်များစွာ သေဆုံးခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး
လုပ်သားများက ရာနှင့်ချီ၍ စာရင်းထုတ်ပြန်ထား သည်။ ပဋိပက္ခသည် ဦးဝီရသူနေထိုင်ပြီး တရားဟောသည့်နေရာများတွင် ဆက်လက်ပျံ့နှံ့ခဲ့သည်။
၎င်းအစွန်းရောက်ဘုန်းကြီးသည် သန်းခြောက်ဆယ်ခန့်နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် အနည်းဆုံးငါးရာခိုင်နှုန်းရှိသည့် မွတ်ဆလင်များ သည် နိုင်ငံနှင့်ယဉ်ကျေးမှုအပေါ် ခြိမ်းခြောက်မှုအဖြစ်မြင်နေသည်။
“ မွတ်ဆလင်တွေဟာ သွားဖွားနှုန်းအရမ်းမြန်တယ်၊ ပြီးတော့ ဦးဇင်းတို့လူမျိုးအမျိုးသမီးတွေကို
ခိုးယူတယ်၊အဓမ္မကျင့်တယ်” ဟု သူက ဆိုသည်။ “သူတို့တွေက ဦးဇင်းတို့နိုင်ငံကို
သိမ်းပိုက်ချင်ကြတယ်၊ ဒါပေမယ့် ဦးဇင်းက သူတို့အဲလိုလုပ်မှာကိုခွင့်မပြုနိုင်ဘူး၊ ဦးဇင်းတို့ဟာ မြန်မာ ဗုဒ္ဓဘာ သာအဖြစ် ဆက်လက်တည်ရှိရမယ်”ဟု ဆက်လက်ပြောကြားသည်။
ထိုကဲ့သို့သော အမုန်းတရားဟောပြောမှုများကြောင့် ရာစုနှစ်ဝက်ကြာစစ်အုပ်ချုပ်မှုမှ လွတ်မြောက်ခါစရှိသေးသည့် တိုင်းရင်းသား ၁၃၅မျိုးခန့် နေထိုင်ကြသည့်မြန်မာနိုင်ငံအဖို့
အထိမခံသည့် နိုင်ငံရေးဂေဟာစနစ်ကို ခြိမ်းခြောက်နေသည်။
တချို့အစိုးရအရာရှိများက ရိုဟင်ဂျာအမျိုးသမီးများအား ကလေးနှစ်ယောက်သာယူရမည့်
အစီအစဉ်ကို တောင်းဆိုနေကြပြီး နိုင်ငံမြောက်ပိုင်း ရှိ ခရစ်ယာန်အများစုကလည်း
မကြာမီကဖြစ်ပွားသည့် ဗမာစစ်တပ်နှင့် ခရစ်ယာန်ဘာသာဝင် ကချင်စစ်တပ်ကြားတိုက်ခိုက်မှုများသည် ဘာ သာရေးကွဲပြားမှုအားဖြင့် ပိုမိုဆိုးဝါးလာစေကြောင်းဆိုသည်။
ဗမာရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာလုပ်ကိုင်ကြသည့် မလေးရှားတွင် ဇွန်လအစောပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဗမာများ အသတ်ခံရပြီး နောက် မြန်မာနိုင်ငံတွင်းဖြစ်ပွားသောပဋိပက္ခများသည် နယ်စပ်ကိုကျော်လွှားသွားသည်။
မလေးအာဏာပိုင်များက မြန်မာနိုင်ငံတွင်း မွတ် ဆလင် သေဆုံးခဲ့မှုများအတွက်ပြန်လည်လက်စားချေခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။ ဘာသာရေးအစွန်းရောက်မှုများတွင် ဟိန္ဒူအမျိုးသားရေးဝါဒ၊ မွတ်ဆလင်စစ်သွေးကြွများ၊ ခရစ်ယာန်အခြေခံသမားများနဲ့ ဂျူးဘာသာရေး
ရိုးရာ နည်းဥပဒေ လိုက်နာမှုများ ရှိသည်။
ဗုဒ္ဓဘာသာသည် အစွန်းရောက်မှုများလွတ်ကင်းပြီး ဗုဒ္ဓဘာသာ၏ အကြမ်းမဖက်ရေး မေတ္တာတရား တို့သည် လွန်ခဲ့သည်နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓဟောကြားခဲ့သည့် ဝါဒများဖြစ်သည်။ သက်ဦးဆံပိုင်ဘုရင်များနှင့် ဖိနှိပ်သူတို့ကြားအာရှ နိုးထလာသောအခါ ဗုဒ္ဓဘာသာဘုန်းကြီးများသည် ကိုယ်ကျင့်တရားပညတ်ချက်နှင့် ဝိနည်း များဖြင့် ကိုလိုနီဆန့်ကျင်လှုပ်ရှားမှုဦးဆောင်ခဲ့ကြသည်။
နှစ်ပေါင်းငါးဆယ်ကြာဖိနှိပ်အုပ်ချုပ်နေသော တောင်ပိုင်းအစိုးရအားဆန့်ကျင်ဆန္ဒပြသည့် အနေနှင့် တပလ္လင်ခွေထိုင်ကာ အသေခံမီးရှို့ခဲ့သည့် ဗီယက်နမ်ဘုန်းတော်ကြီးတစ်ပါးသည် စံပြဖြစ်သည်။ ၂၀၀၇ ခုနှစ်အတွင်းမြန်မာနိုင်ငံ၌ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲကို ဘုန်းတော်ကြီးများဦးဆောင်ခဲ့ကြပြီး သပိတ်မှောက်သည့် ဘုန်းကြီး များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ငြိမ်းချမ်းစွာလျှောက်လှမ်းကြသည်။
တိုက်ခိုက်သည့် စစ်သားများက လွဲ၍ ၎င်းတို့အား ကမ္ဘာတဝှမ်းမှ မေတ္တာများစွာပေးခဲ့ကြသည်။ ဘာသာရေးတိုင်းသည် အခြေခံသဘောတရားများနှင့်ဆန့်ကျင်သည့်အတွေးများဖြင့် အဆိပ်သင့်သည့်ပျက်စီးမှုအားများဖြစ် သွားစေနိုင်သည်။
ယခုအခါ ဗုဒ္ဓဘာသာအလှည့်ရောက်လာပြီဖြစ်သည်။ မြန်မာဘုန်းကြီးများသည် ဗုဒ္ဓဘာသာဝင်လူအုပ်ရှေ့တွင် ဘုန်းကြီးများ ဦးဆောင်ခဲ့ကြပြီး တချို့က ပဋိပက္ခအတွက် အာဏာပိုင်များအား သံသယ ရှိခဲ့သော်လည်း အစိုးရပိုင်းက ငြင်းဆိုထားသည်။
အကြမ်းဖက်မှုများတိုးများလာသောအခါ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ယုံကြည်မှုစွမ်းအားနှင့် ဘာသာရေးဝါဒကို ကျော်လွှားမည် ငြိမ်းချမ်းရေး ကို ဗုဒ္ဓဘာသာဝင်များရရှိပါမည်လော။ အစ္စလာမ်ဘာသာဆန့်ကျင်သည့် ၎င်း၏နောက်လိုက်များအား ထကြွစေမှုကို ဦးဆောင်စေခဲ့သည့် အစွန်းရောက်မြန်မာဘုန်းကြီး ဦးဝီရသူ၏ မုန်းတီးရေးတရားများကို ကျော်လွှားနိုင်မည်လော။
ကမ္ဘာဝန်းကျင်မှ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသည်။
Ref:TIME (http://www.time.com/) Translated by ATL

Post a CommentDefault CommentsFacebook Comments