ဝန်ကြီးကဖြတ်သန်းခွင့်ပြုရန်ညှိနှိုင်းပေးထားသော ငြိမ်းချမ်းရေး တပ်ဖွဲ့ပိုင်မော်တော်ယာဉ်များကို ပြည်နယ်ရဲတပ်ဖွဲ့ကဖမ်းဆီး



 21-6-2013

 ကရင်ပြည်နယ်၊ဘားအံမြို့ တွင် ခေတ္တအခြေချနေထိုင်လျက် ရှိသော K.E.A.P ငြိမ်းချမ်းရေး တပ်ဖွဲ့(နောင်ရိုးအထူးဒေသ)ပိုင် မော်တော်ယာဉ်များကို ၁၆.၆. ၂၀၁၃ရက်နေ့က သံလွင်တံတား (ဘားအံ)ကို ဖြတ်သန်းစဉ် ကရင် ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားလိုက် ကြောင်း သတင်းရရှိသည်။

 ဖြစ်စဉ်မှာK.E.A.P ငြိမ်း ချမ်းရေးတပ်ဖွဲ့ဝင်များ အတွက် နိုင်ငံတော်မှ ချမှတ်ပေးထား သော ဘီးလင်းမြို့နယ်ရှိ ဘုရင့် နောင် အိမ်ရာ သို့နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက် နိုင်ဝင်းနှင့် အရှေ့တောင်ပိုင်းစစ် ဌာနချုပ်တိုင်းမှုးတို့က ၁၆.၆. ၂၀၁၃ ရက်(၁၂)နာရီခွဲ အချိန် တွင် လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း၊ ဘုရင့်နောင် အိမ်ရာ (ဘီးလင်း)သို့လာရောက် စစ် ဆေးကြမည့် နယ်စပ်ရေးရာ ၀န်ကြီးနှင့်အရှေ့တောင် တိုင်းစစ် ဌာနချုပ်တိုင်းမှုး တို့ကိုK.E.A.Pငြိမ်းချမ်းရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှုးကြီး စောအဲစေးမှ ဘီး လင်းသို့ အသွား သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ယင်းကဲ့သို့ ဖမ်းဆီးထိန်းသိမ်း ခံရခြင်းဖြစ် ကြောင်းသိရသည်။

K.E.A.Pငြိမ်းချမ်းရေးတပ် ဖွဲ့၏ အဆိုအရ-တပ်ဖွဲ့အသုံးပြု ရန် မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း၊တင်ပြထားသော အဆို ပါ မော်တော်ယာဉ် များမှာ တရားဝင်မှတ်ပုံတင်မရရှိသေး ကြောင်း၊ တရားဝင်မှတ်ပုံတင် မော်တော်ယာဉ်မရရှိသေးမီ တပ် ဖွဲ့၏သွားလာမှုကိစ္စများ အဆင် ပြေစေရန် မွန်ပြည်နယ်၊နယ်စပ် ရေးရာဝန်ကြီးမှ လည်းထောက်ခံ ချက်ပေးထားပြီး ဖြစ်သည် ဟု ဆိုသည်။

 K.E.A.Pငြိမ်းချမ်းရေး တပ် ဖွဲ့ဥက္ကဋ္ဌဗိုလ်မှုးကြီးစောအဲစေးက ပြောကြားရာတွင် “နယ်စပ်ရေး ရာဝန်ကြီး ဌာနကပြည်ထောင်စု ၀န်ကြီး၊ဒုတိယ ဗိုလ်ချုပ်ကြီးသက် နိုင်ဝင်းနဲ့ အရှေ့တောင်ပိုင်း စစ်ဌာ နချုပ်တိုင်းမှူးတို့က ၁၆.၆. ၂၀၁၃ ရက်နေ့လယ်၁၂း၃၀ အချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့ အိမ်ရာ ကိစ္စလာရောက်စစ်ဆေး မယ်ဆိုတော့ တာဝန်ရှိသူတွေရဲ့ လိုအပ်ချပ်မေးမြန်းချက်တွေ ကျွန်တော်တို့က ပြောပြဖြေကြား ပေးရမည့်တာဝန်ရှိတယ်။

တပ်ဖွဲ့ အလိုက်အဲ့ဒီကို သွားဖို့က မော် တော်ယာဉ် အဆင်မပြေဘူး၊ဒီ တော့ ကျွန်တော်တို့က လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးတို့ အကူ အညီ တောင်းပြီး အကြံဥာဏ်ယူ ကြည့်တယ်၊ လမ်းပန်းဆက်သွယ် ရေး ၀န်ကြီးဦးခင်မောင်မြင့်က ကျွန်တော်တို့မော်တော်ယာဉ် (၄) စီးနဲ့ သွားလာမည့် အစီအစဉ် အတွက် သက်ဆိုင်ရာကို ညှိနှိုင်း အကြောင်းကြားစာ ပို့ပေးထား တယ်။

 ““ကျွန်တော်တို့ကလဲ ၀န်ကြီး ရဲ့ညှိနှိုင်းဆောင်ရွက်ပေးထားမှု ရှိ နေပြီး ဆိုတော့ ယုံယုံကြည်ကြည် နဲ့ပဲတံတားကို ဖြတ်တာပေါ့၊အဲဒီ မှာ ကျွန်တော်တို့ မော်တော်ယာဉ် (၄)စီးကို ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်း ဆီးထိန်းသိမ်းလိုက်တာပဲ”” ““အဲဒီ မှာ နယ်စပ်ရေးရာဝန်ကြီးနဲ့ ရတခ တိုင်းမှူးတို့လာရောက် စစ်ဆေးမှု မှာ ကျွန်တော်တို့က အစစ်ဆေး မခံနိုင်ဘဲ တာဝန်ဝတ္တရားတွေ ပျက်ကွက်ခဲ့ရတယ်၊ နောက်တစ်ခု ကနိုင်ငံတော် အစိုးရနဲ့ငြိမ်းချမ်း ရေးတပ်ဖွဲ့အသီးသီးတွေဟာ ထာ ၀ရ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နေကြရ တဲ့အချိန်၊ ဒီအချိန်မှာ ဒီလိုဖြစ်တာ ဟာ တော်တော်အရုပ်ဆိုးလွန်း တယ်””
တရားမ၀င်ကားတွေကို တကယ် စီမံချက်နဲ့ဖမ်းပြီလား၊ ဘယ်လိုသတ်မှတ်ချက်တွေထား ပြီး ဖမ်းကြမှာလဲ ကျွန်တော်တို့ သိချင်တယ်၊ တံတားကိုဖြတ်မှ ဖမ်းမှာလား၊ လမ်းမပေါ်သွားလာ နေရင် မဖမ်းဘူးလား၊ခြံထဲဝင်းထဲ တွေမှာ တရားမ၀င်ကားတွေရှိနေ တာရော မဖမ်းဘူးလား၊ဖမ်းချင် တဲ့ကားတွေကိုဘဲရွေးပြီး ဖမ်းတဲ့ သဘောလားဆိုတာမေးစရာ ဖြစ် လာမယ်””

 K.E.A.P ငြိမ်းချမ်းရေးတပ် ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထား ရသည့် မော်တော်ယာဉ်များမှာ MARK 2 (၂)စီး၊HONDA Fit (၁)စီးနှင့် Cardina (၁)စီးတို့ ဖြစ် ကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့ ပိုင်မော်တော်ယာဉ်များ ပြန်လည်ထုတ်ယူခွင့်ရရှိရန် ပြည်ထောင်စု ၀န်ကြီးဦးအောင် မင်း ထံသို့တင်ပြတောင်းခံ ကြောင်းသိရသည်။

 ကရင်ပြည်နယ်၊ဘားအံ့မြို့တွင် တရားမ၀င်မော်တော်ယာဉ်များကို ဇွန်လ တတိယပတ်မှ စတင်ဖမ်း ဆီးနေပြီးဖြစ်ကြောင်း၊မြို့ အထွက်သံလွင်တံတား (ဘားအံ) ၌စစ်ဆေးဖမ်းဆီးနေ သော်လည်း မြို့တွင်း၌ အဆိုပါတရားမ၀င် မော်တော်ယာဉ်များသွားလာမောင်း နှင်နေကြသည်ကို တွေ့မြင်နေရ သေးကြောင်း ယာဉ်ပိုင်ရှင်တစ်ဦး မှပြောကြားသည်။

 ပွင့်ဆန်း(ပုပ္ပား)

Related

news 8677362259467201473

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item