ဦးဝီရသူကို ကန်ထည့်လိုက်တဲ့ လက်သည် အစစ်ကတော့ ဗိုလ်ရွှေမန်း



  တကယ်တော့ အမေရိကားလို ဥရောပလို ဒေသတွေက နိုင်ငံကြီးတွေက သတင်းထောက်တွေနဲ့ အင်တာဗျူးရင် အရမ်းသတိထားရပါတယ်၊ အရမ်းလဲ ကြောက်စရာကောင်းပါတယ်။

သူတို့တတွေက မေးခွန်းတွေကို ဘယ်တော့မှ တိုက်ရိုက်မမေးပါဘူး... ဒါပေမယ် မေးခွန်း ၃ ခုလောက်မေးပြီးရင်တော့ ဖြေထားတဲ့ အဖြေ ၃ ခုကို ပေါင်းရေးလိုက်ရင် အဖြေက တခုတည်းဖြစ်နေတတ်တယ်...၊ အဲ့ဒါက ဒီနေ့သတင်းဌာနကြီးများလောကမှာ အလွန်အသုံးဝင်နေတဲ့ အင်တာဗျူး စနစ်ပါ။

 ဗိုလ်ရွှေမန်းက ပြီးခဲတဲ့ ရက်ပိုင်းအတွင်းတွေတုန်းက အမေရိကန်နိုင်ငံမှာ တော်တော်လေး အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်...၊ မြန်မာပြည်မှာက ရခိုင်ပြည်နယ်အရေးလူသတ်မှု၊မိတ္ထီလာအရေးလူသတ်မှု၊  ဥက္ကံအရေးလူသတ်မှုတွေနဲ့ ထိုနယ်တွေအပါအ၀င်
 လာရှိုးပဋိပက္ခအစရှိတဲ့  မီးရှို့မှုတွေက မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့သတင်းတွေက ကြီးစိုးထားခဲ့သလို.....။

ကမ္ဘာကျော် အကြမ်းဖက် လူသတ်မှု့တွေထဲမှာ အရင်က မွတ်စလင်အကြမ်းဖက်များက ခေါင်းဖြတ်သတ်မှု့၊ သေနတ်နဲ့ နားထင်ကိုတေ့ပြီး ပစ်ခတ်သတ်မှု့၊ အမဲနိုင်ငံတခုမှာ အဖိုးကြီးနှင့် အဖွားကြီး ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်မှု့ တွေက ကမ္ဘာကြီးကို အံသြတုန်လှုပ် မုန်းတီးစက်ဆုတ်စရာအဖြစ် တည်ရှိခဲ့သော်လည်း...အဲ့ဒါတွေက ၁၀ စုနှစ်နီးပါးလောက် ကျန်ခဲ့သလိုရှိနေစဉ်မှာ...၊

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ အရှင်လတ်လတ် တောင်ကုတ်မှာ ရဲတင်းနှင့် ခေါင်းကို ခုတ်ပိုင်းပြီး သတ်ဖြတ်မှု့များ၊ မိတ္ထီလာမှာ အရှင်လတ်လတ် တုတ်များနှင့် အလဲအကွဲရိုက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေက ကမ္ဘာ့သတင်းစာမျက်နှာတွေပေါ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အာဖဂန်နိုင်ငံလို ကြောက်စရာကောင်းတဲ့ အစွန်းရောက်တွေ ကြီးစိုးတဲ့ မြန်မာပြည်အဖြစ် ထိတ်လန့်တုန်လှုပ်စရာ မြန်မာပြည်အဖြစ် အမည်းဆိုးနဲ့ ချက်ချင်းလက်ငင်း ကြော်ကြားလာပါတော့တယ်...၊

 အဲ့ဒီ ဗွီဒီယို ဖိုင်တွေကိုတော့ ထောက်လှမ်းရေးတွေကပဲ ကင်မရာကောင်းကောင်းတွေနဲ့ အဝေးကနေဆွဲရိုက်ပြီး လိုချင်တဲ့အနေအထားတွေ ဖေါ်ပြ၍ လိုအပ်ပါက တရာခံပြသက်သေအဖြစ် အသုံးချဖို့ အင်တာနက်တွေပေါ်မှာ ပြန်တင်ပေးခဲ့တာပါပဲ ၊

 ဒီကြားထဲမှာ အမျိုးသားရေးကို ဘန်းပြပြီးတော့ အာဏာတည်မြဲရေး လုပ်ဆောင်နေကြတဲ့ စစ်အုပ်စုရဲ့ ယုတ်မာမှု့တွေကြောင့် ဘုန်တော်ကြီးများရဲ့ ဘာသာရေးလုပ်ဆောင်မှု့တွေနှင့် ( ၉၆၉ ) ဘာသာရေး ၀ံသာနုလုပ်ရှားမှု့တွေကို ကာဗာယူပြီး နိုင်ငံရေးတတ်သိနားလည်သူတွေ အခြေအနေတွေကို သဘောပေါက်နေသူတွေကို အပြောခက်အောင် ဘုန်းကြီးဒိုင်းနဲ့ မိုက်ရိုင်းခဲ့ကြတာကို ကောင်းကောင်းတွေ့မြင်နေခဲ့ရပါတယ်....၊

 ဘုန်းကြီးဒိုင်းကိုင်ဆောင်သူ အမျိုးသားရေး လုပ်ကြံသူများက လူသတ်မှု့တွေပြုလုပ်ပြီး ကြေညာသွားတာ ၉၆၉ ၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ပြီး ကြေညာသွားတာ ၉၆၉ ၊ ရပ်ကွက်ကြီးလိုက် ပြာကျသွားအောင် မီးတွေရှို့ပြီး ကြေညာသွားတာ ၉၆၉ ၊ အဲ့ဒီလိုနဲ့ ကမ္ဘာကျော်တဲ့ လူဆိုးကြီးအဖြစ် ၉၆၉ ဟာ အမည်ဆိုးကြီးနဲ့ ကျော်ကြားလာခဲ့ပါတော့တယ်....၊

 ဗိုလ်ရွှေမန်းက အမေရိကန်ကို ရောက်တော့ သတင်းဌာန ဗျူးဆရာကြီးတွေက .......

၁။ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှု့တွေက ဘာကြောင့်လဲလို့မေးလိုက်တယ်... 
ဗိုလ်ရွှေမန်းဖြေပြသွားတာက လူတစုရဲ့ အကြမ်းဖက် ဘာသာရေး လှုပ်ရှားမှာတွေကြောင့်...တဲ့၊

၂။  သတင်းဌာနတွေကမေးတယ်... ( ၉၆၉ ) က ဘယ်သူတွေဦးစီးတာလဲတဲ့ .... ဗိုလ်ရွှေမန်းကဖြေတယ်... ဘုန်းတော်ကြီးတွေပါတဲ့.....၊

 ၃။  အကြမ်းဖက်တဲ့ ဘယ်လိုအဖွဲ့အစည်းတွေကို အရေးယူဖို့ ဆုံဖြတ်ထားလဲတဲ့...၊
 ဗိုလ်ရွှေမန်းက ဖြေတယ်... ( ၉၆၉ )တွေကိုတော့ အရေးယူဖို့ အမိန့်ပေးထားခဲ့ပါပြီးတဲ့၊

အဲ့ဒီ အဖြေ ၃ ခု ကို တခုတည်းပေါင်းစပ်လိုက်တော့....
 သမ္မတလောင်းကြီး ဗိုလ်ရွှေမန်းကြီးရဲ့အဖြေက.............. လူတစု အကြမ်းဖက် ဘာသာရေးလှုပ်ရှားမှုတွေကြောင့် ဘုန်းတော်ကြီးတွေပါတဲ့ ( ၉၆၉ )တွေကိုတော့ အရေးယူဖို့ အမိန့်ပေးထားခဲ့ပါတယ်.....တဲ့ ဗျာ.....။ တရားခံ ဘယ်သူလဲဟေ့.... တရားခံ ဘယ်သူလဲဟေ့....။

 ( ဦးနိုင်ဝင်း လန်ဒန် )

Related

article 7860446312145707516

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item