လူလူချင်း သနားကြင်နာတတ်ကြပါစေ။
https://albanykarennews.blogspot.com/2013/03/blog-post_8483.html
ယခု မိတ္ထီလာနောက်ဆုံးအခြေအနေ
၆း၃၀ pm ကုလား အယောက် ၁၀၀၀ ကျော် ကျွန်တော်တို့ မြို့မလေး ရပ်ကွက်ကိုချီတက်လာနေပြီဆို၍ ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် ကျွန်တော်တို့ တုတ်ဆွဲရပါတော့တယ်။
ဒါပေမယ့် တိုက်ခိုက်ရန်လာ နေတာမဟုတ်ပါ။ ရှေ့ဆုံးမှ မော်လဝီတစ်ဦးခေါင်ဆောင်ကာ အားလုံးလက်မြှောက်ပြီးလာနေတာပါ။ သူတို့အားလုံးမြို့မှထွက်ပေးမယ်၊လမ်းပေးပါဟုတောင်းဆိုကြတာပါ။
စိတ်မကောင်းလိုက်တာဗျာ။ ရေငတ်နေတဲ့ လူကြီး၊လူငယ်များ၊မိန်းမများကိုမြင်ရတော့ကျွန်တော်လည်းဆွဲထားတဲ့တုတ်ကိုလွှတ်ချပြီး အိမ်ထဲမှရှိသမျှရေသန့်ဘူးအားလုံးထုတ်ပေးလိုက်တယ်ဗျာ။ဘယ်သူဘာပြောပြော ဘယ်လိုပဲကဲ့ရဲ့ကဲ့ရဲ့ ကျွန်တော့နှလုံးသားက မနေနိုင်ဘူးဗျာ။ ပျော့ညံတယ်ပဲပြောပြော ရင်ထဲကို မချိဘူးဗျာ။
ဒီအထဲမှာမှ ကျွန်တော်နဲ့သူငယ်တန်းထဲကပေါင်းခဲ့တဲ့ လူမျိုးခြားသူငယ်ချင်း နဲ့ မျက်နှာချင်းဆိုင်တွေ့မိတယ်ဗျာ။ သူမျက်လုံးမှာ ကြောက်ရွံအားငယ်မူတွေအပြည့်နဲ့ပေါ့။ ရင်တစ်ခုလုံး ပြောင်းဆန်သွားအောင်ပဲဗျာ။ နောင်ဘဝအဆက်ဆက် သည်လိုအဖြစ်ဆိုးမျိုးတွေမကြုံပါရစေနဲ့တော့။သူငယ်ချင်းရေမင်းရောငါရောက ခေတ်စနစ်ဆိုးရဲ့ သားကောင်တွေပါ။ ဓါတ်ပုံတွေအများကြီးရိုက်လိုက်နိုင်ပါတယ်။
ဒါပေမယ့် မတင်သင့်ဘူးထင်လို့မတင်တော့ပါ။သူတို့အားလုံးထွက်သွားနိုင်အောင် လက်နက်ကိုင်ဗမာတွေကိုလုံးဝ စမလုပ်ဖို့ တတ်နိုင်သလောက်စည်းရုံးအော်ဟစ်ခဲ့ရပါတယ်။ နောက်တစ်သုတ်မှာတော့ ရဲအစောင့်အရှောက်တွေပါလာပါတယ်။ လူများစုကတော့သူတို့ကိုမယုံရဲပါ။
ညအချိန်လူပြန်စု ပြီး မီးကွင်းပြန်ပစ်မှာကို စိုးရိမ်နေကြပါတယ်။ လောလောဆယ်သူတို့ကို မြို့အထွက်က ခရိုင်ဘောလုံးကွင်းမှာနေရာချထားမယ်လို့သိရပါတယ်။ ကန်အနောက်ဘက် ကုလားရွာ၊ချမ်းအေးဘက် သွားဖို့သူတို့ကတောင်းဆိုပေမယ့်။ လူအင်အားတွေပေါင်းမိသွားမှာစိုးလို့ မြိုခံတွေက ခွင့်မပြုရဲပါ။
ချမ်းသာတဲ့ ကုလားမိသားစုတွေက်တော့ မနေ့ကကတည်းက ကားတွေနဲ့ပြေးကြပြီ။ ကဲသူတို့လဲထွက်သွားပြီဖြစ်လို့ အားလုံးတော်ကြပါတော့ဗျာ။ မိတ္ထီလာမြို့အခြေအနေက အကောင်းဘက်ကိုပြောင်းလာပြီထင်တာပဲဗျာ။ ညတော့ကင်းစောင့်ရဦးမှာပေါ့။ ဘာလို့လဲဆိုတော့ အခုထွက်တဲ့လူတွေက သဘောထားပျော့ပြောင်းသူတွေနဲ့မိန်းမတွေလို့ပြော နေကြတယ်။
တစ်ကယ့်fighters တွေက ညမှမြို့ပေါ်မှာသူသေကိုယ်သေတိုက်ဖို့ ပုံးနေတယ်လို့ ကောလဟာလတွေကလဲထွက်နေတယ်။
မဟုတ်ပါစေနဲ့ဗျာ။ ထပ်ပြီးသွေးထွက်သံယိုတွေမမြင်ပါရစေနဲ့တော့။ အားလုံးကျန်းမာ၊ချမ်းသာ အန္တရာယ်ကင်းကြပါစေ။
မင်းသန့်အောင်။မိတ္ထီလာမြို့။

Post a CommentDefault CommentsFacebook Comments