ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့်ဖန်တီးပြသူ



အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို မလေးရှားနိုင်ငံဖွား တရုတ်လူမျိုး အနုပညာဗိသုကာပညာရှင်မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က မလေရှားနိုင်ငံ Sutera Harbour Marina, Golf & Country Club တွင်ဖန်တီးပြခဲ့သည်။

 ဟောင်ရီသည် ၎င်းပုံတူဖန်တီးရာတွင် ရေ၊ ဆေးရည်ထည့်ထားသော ပလက်စတစ်ခွက် အတွင်းသို့ ဇော်မွှားပန်းအဖြူများထိုးစိုက်၍ ဖန်တီးပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖန်တီးရာတွင် ပန်းပွင့်အဖြူသို့ အောက်ခံခွက်မှဆေးရည် သူမလိုချင်သည့်အရောင်ရောက်အောင် နာရီ ၄၀ ကြာ စောင့်ခဲ့ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည် အခြားဖန်တီးမှုများအဖြစ် နေကြာစေ့များဖြင့် ပုံတူဖန်တီးခြင်း၊ ဖယောင်းစက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများပက်ဖြန်း၍ ဖန်းတီးခြင်းကဲ့သို့သော အနုပညာဖန်တီးမှုမျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအတွက် ကြိုးပမ်းလှုပ်ရှားခြင်းကို လေးစားအားကျသဖြင့် ယခုလိုဂုဏ်ပြု ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Popular Myanmar News Journal











Related

news 2025114245042153314

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item