မြန်မာဝန်ကြီး ၃ ဦးနှင့် အတိုက်အခံများ ဆွေးနွေးပွဲ အပြည့်အစုံ

(ဝဲမှယာ)ABSDF ဦးအောင်နိုင်၊ ဆိုင်မော်လဖိုင်း၊ စောဒယ်နီယာဇူ၊ ဦးဇော်တူးလဖိုင်း၊ စောလွင်ဦး၊ ဝန်ကြီးဦးခင်ရီ၊ ဦးမင်းသက်နိုင်၊ ဦးစိုင်းယုမွန် (
Credit: ABC)

သမ္မတဦးသိန်းစိန် ​​ဦးဆောင်တဲ့ ​​ကိုယ်စားလှယ်အဖွဲ့တွေ ​​သြစတြေးလျနိုင်ငံကို ​​ရောက်ရှိနေစဉ်မှာပဲ ​​ဆစ်ဒနီမြို့က ​​မြန်မာနိုင်ငံအရေး ​​လှုပ်ရှားသူတွေနဲ့ ​​နာရီဝက်ကျော်ကြာ ​​တွေ့ဆုံဆွေးနွေးမှု ​​လုပ်ခဲ့ပါတယ်။ ​မြန်မာအစိုးရရဲ့ ​​ငြိမ်းချမ်းရေးလုပ်ငန်းမှာ ​​ပါဝင်ကြတဲ့ ​​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​​ဦးခင်ရီ၊ ​​တရားမဝင် ​​မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ကြီး ​​ဦးအုန်းမြင့်နဲ့ ​​သ ​​မ္မ ​​တ ​​ပြော ​​ရေး ​​ဆိုခွင့်ရှိသူ ​​ပြန်ကြားရေး ​​ဒုဝန်ကြီး ​​ဦးရဲထွဋ်တို့က ​​ကချင်၊ ​​ကရင်၊ ​​မွန် ​​နဲ့ ​​မြန်မာ ​​နိုင်ငံလုံး ​​ဆိုင်ရာ ​​ကျောင်းသားများ ​​ဒီမိုကရက်တစ်တပ်ဦး ​​ABSDF ​​အဖွဲ့ဝင်တွေနဲ့ ​​တွေ့ဆုံခဲ့တာ ​​ဖြစ်ပါတယ်။


ဆွေးနွေးပွဲမှာ ​​ပါဝင်သူတွေက ​​ကချင်ဒေသမှာ ​​တိုက်ခိုက်မှုတွေ ​​မလုပ်ဖို့သမ္မတက ​​သုံးကြိမ်ပြောခဲ့ပေမယ့် ​​တိုက်ခိုက်မှုတွေ ​​ဆက်လက်ရှိနေသေးတဲ့ ​​ကိစ္စတွေအကြောင်း၊ ​​လူ့အခွင့်အရေး ​ချိုးဖောက်မှု ​အကြောင်း၊ ​​နိုင်ငံရေး ​အကျဉ်းသား ​​ကိစ္စတွေအကြောင်း ​​အဓိကထား ​​ဆွေးနွေးခဲ့ပါတယ်။

ကချင်ဒေသမှာ ​​ဖြစ်နေတဲ့ ​​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေမှာ ​​ချဲ့ကားပြောဆိုတာတွေရှိတယ်လို့ ​​ဝန်ကြီးတွေကပြောခဲ့ပြီး ​​ကချင်ကိုယ်စားလှယ်ကတော့ ​​လူ့အခွင့်အရေးစောင့်ကြည်သူတွေရဲ့ ​​အစီရင်ခံစာတွေ၊ ​​ဒေသခံတွေရဲ့ ​​ပြောပြချက်တွေကို ​​အခြေခံပြီး ​​ပြောဆိုတာလို့ ​​တုန့်ပြန်ခဲ့ပါတယ်။
 နိုင်ငံရေးအကျဉ်းသားကိစ္စမှာတော့ ​​နိုင်ငံရေးအကျဉ်းသား ​​အဓိပ္ပာယ်ဖွင့်ဆိုမှုအခက်ခဲတွေကြောင့်လည်း ​​လွှတ်ပေးနိုင်ဖို့ ​​ကော်မတီဖွဲ့ပြီး ​​အဖွဲ့ပေါင်းစုံနဲ့ ​​ဆွေးနွေးမှုတွေ ​​လုပ်နေတဲ့အကြောင်း ​​မြန်မာကိုယ်စားလှယ်တွေက ​​ပြောပါတယ်။

မြန်မာနိုင်ငံက ​​အခြေအနေတွေသိရအောင် ​​ကိုယ်တိုင်ကိုယ်ကျ ​​လာရောက်လေ့လာဖို့ပြောလိုက်ပြီး ​​အခက်အခဲရှိရင်ပြေလည်အောင် ​​ဆောင်ရွက်ပေးမယ်လို့လည်း ​​ကတိပေးလိုက်ပါတယ်။

အသေးစိတ်ဆွေးနွေးမှုတွေကို ဒီမှာနှိပ်ပြီး ၀င်ရောက်နားဆင်နိုင်ပါတယ်။

Related

news 7028537775016224682

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item