ကရင့်တော်လှန်ရေးနေ့ စကားဝိုင်း(ဘန်ကောက်)

   ဖေဖော်ဝါရီ ၂ -၂၀၁၄ 
သတင်း- အလှဒသနပန်းခင်းမီဒီယာ 



ထိုင်းနိုင်ငံဘန်ကောင်မြို့မှာ ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် စကားဝိုင်း ကို ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။ ဒီစကားဝိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ရေခြားမြေခြားကို ရောက်ရှိနေတဲ့ ကရင်လူငယ်တွေ အမှတ်ရသိရှိ အတုယူနိုင်ဘို့ဖြစ်တဲ့အကြောင်း ဒီစကားဝိုင်းကို ကမကထပြုတဲ့ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) အဖွဲ့ကပြောပါတယ်။ 

အဖွဲ့ရဲ့နာယကဖြစ်တဲ့ စောဆိပ်ပလောင်က" ၆၅ နှစ်ကြာ ကရင့်တော်လှန်ရေးသမိုင်းမှာ ကရင်အမျိုးသားအတွက် ကိုယ်ကျိုးစွန့်အသက်သွေးချွေးပေးဆပ်သွားတဲ့ အာဇာနည်တွေကိုအမှတ်ရပြီး မျိုးချစ်စိတ်ရှင်သန်ဘို့အတွက် လူငယ်တွေနဲ့ ဒီစကားဝိုင်းကို ပြုလုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။ 


ဒီစကားစိုင်းမှာ ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက်ပေးပို့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ မိန်ခွန်းကိုဖတ်ကြားခဲ့ ပြီး တက်ရောက်လာတဲ့ လူငယ်တွေကို ဝေငှပေးခဲ့ပါတယ်။ 

ဒီနေ့စကားဝိုင်းအဖွင့်မှာ ကရင်အမျိုးသားအလံတော်ကို အလေးပြုခဲ့ကြပြီး ကရင့်တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်အထောင်အသောင်းကိုလည်း အလေးပြုခဲ့ကြပါတယ်။ ပုံစာ-ယနေ့ဘန်ကောက်တွင်ကျင်းပသည့် ကရင့်တော်လှန်ရေးနေ့စကားဝိုင်း။ ဓာတ်ပုံ-OKRSO-ဘန်ကောက်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item