(၆၅) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် မန်းရောဘတ် ဘဇန် ပေးပို.သော သ၀ဏ်လွှာ။
http://albanykarennews.blogspot.com/2014/01/blog-post.html
(၆၅) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက်
မန်းရောဘတ် ဘဇန်
ပေးပို.သော သ၀ဏ်လွှာ။
(၀၁၊ ၃၁၊၂၀၁၄)
သူရဲကောင်းပီသသော ကရင်အမျိုးသမီး-အမျိုးသားများခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံက ရဲဘော်-ရဲမေအပေါင်းတို.-
(၆၅) ကြိမ်မြောက် ကရင့်တော်လှန်ရေး နေ.မှာ နုတ်ခွန်းဆက် သ၀ဏ်လွှာပါး
အပ်ပါတယ်၊ ဦးစွာ ကရင့်လက်နက်ကိုင် တော်လှန်ရေးကိုဦးဆောင်မှုပေးခဲ့သော က
ရင့်ခေါင်းဆောင်ကြီးများဖြစ်ကြသော အာဇာနည်စောဘဦးကြီး၊ ဗိုလ်ချုပ်စောစန်းကေ၊
စကောမောလေး၊ ဗိုလ်ချုပ်စောမင်းမောင်၊ မန်းဘဇန်၊ ဗိုလ်ချုပ်စောဗိုလ်မြ၊ စောဘသင်၊
ဗိုလ်ချုပ်စောတာမလာဘောတို.ကိုအလေးပြုပါတယ်။ မြတ်တရားတဲ့ကရင့်တော်လှန်စစ်
(၆၅)နှစ်အတွင်း ကျဆုံးလေပြီးသော အခြားကရင့်ခေါင်းဆောင်ကြီးများ၊ ကရင့်လက်နက်
ကိုင်တပ်ပေါင်းစုံက ကရင့်သူရဲကောင်းရဲဘော်-ရဲမေများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်တိုင်း၊
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အထက်မြန်မာ
ပြည်မှကရင်မျိုးချစ်-ပြည်ချစ်များ၊ တတိယနိုင်ငံရောက် မျိုးချစ် ကရင်များ၊ ကရင်သာသ
နာ့ အာဇာနည်များကို ထာဝရ ဦးညွတ်အလေးပြုပါတယ်။
အဆိုပါခေါင်းဆောင်ကြီးများရဲ့ တောက်ပြောင်၊မှန်ကန်တဲ့ခေါင်းဆောင်မှုကြောင့်
ကရင့်တော်လှန်စစ်တံခွန်ကို (၆၅)နှစ်တိုင် လွင့်ထူုနိုင်ခဲ့တယ်၊ ထိုခေါင်းဆောင်ကြီးများမှာ
တောက်ပြောင်တဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတယ်၊တော်လှန်တဲ့အတွေးအခေါ်ရှိတယ်၊
ကရင်အမျိုးသားအပေါ်သစာရှိတယ်၊ ကိုယ်ကျိုးစွန့်တယ်၊ ရန်သူကို ရန်သူလိုမြင်တယ်၊ တပ်
ပေါင်းစုနဲ.အောင်ပွဲခံမယ်ဆိုတဲ့ တော်လှန်တဲ့(ဒသန)ကို စွဲမြဲစွာ ယုံကြည် အကောင်အထည်၊
ဖေါ်ထုတ်လုပ်ဆောင်ခဲ့တယ်၊ ရန်-ငါ စည်းခြားနိုင်တယ်၊ ကိုယ်ကျင့်တရားကောင်းမွန်တယ်၊
ကရင့်တော်လှန်ရေးကလွဲပြီး ကိုယ်ကျိုးစီးပွား ဘာတခုမှ မရှိခဲ့ဘူး၊ သူတို.ရဲ့ယုံကြည်မှုဟာ
(ကရင့်လွတ်လပ်ရေး)မှတပါး အခြားဘာမှမရှိ၊ သူတို.မှာထွက်ပြေးရေး၊ လက်မြောက်အရှုံး
ပေးရေးစိတ်ဓါတ်တွေမရှိ၊ နောက်ဆုံးထွက်သက်အထိ ကရင့်တော်လှန်းကိုဆုံးခန်းတိုင်ဆင်
နွဲခဲ့ကြတယ်၊ ကရင့်တော်လှန်ရေးကို ဘာနဲ.မှ မလဲခဲ့ဘူး၊
ဒီအထက်ပါအရည်အချင်းတွေနဲ.ပြည့်စုံခဲ့တဲ့ ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများ
ကောင်းရာသုဂတိဘုံဘ၀တွင် စံမြန်းနေနိုင်ပါစေလို.ဒီ (၆၅)ကြိမ်မြောက် ကရင့်တော်လှန်ရေး
နေ.မှာ ဆုမွန်ကောင်းတောင်းပါတယ်၊
အသက်ရှင်သန်နေတဲ့ ဒီနေ.ကရင်တမျိုးသားလုံး ကရင့်အာဇာနည်များရဲ့ တော်လှန်တဲ့
အတွေးအခေါ်၊ သဘောတရား၊ ခံယူချက်၊(ဒသန)များ၊ စံနမူနာများကို စွဲစွဲမြဲမြဲကိုင်စွဲကြပြီး မပြီး
ဆုံးသေးတဲ့မြတ်တရားတဲ့ ကရင့်လက်နက်ကိုင်တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်
တိုက်ပွဲကြမယ်--လို.ဂတိပြုကြပါစို.။
သူရဲကောင်းပီသတဲ့ ကရင်အမျိုးသမီး-အမျိုးသားများခင်ဗျား-
သူရဲကောင်းပီသတဲ့ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံက ရဲဘော်-ရဲမေများခင်ဗျား-
ဗမာပြည်ရဲ့ လူ.ဖြစ်စဉ်သမိုင်းမှာ ဗမာနဲ. တခြားလူမျိုးတွေစစ်ပွဲတွေဖြစ်ခဲ့တယ်။ မွန်-ဗမာ စစ်ပွဲ၊ ရခိုင်-ဗမာ စစ်ပွဲ၊ ရှမ်း-ဗမာစစ်ပွဲ တွေဖြစ်ခဲ့တယ်၊ ဒီစစ်ပွဲတွေအတွင်း ကရင်အမျိုးသားများ ညီ
ကိုတော် မွန်နဲ.၄င်း၊ ညီကိုတော်ရခိုင်နဲ.၄င်း၊ ညီကိုတော်ရှမ်း နဲ.၄င်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်၊
သီးခြားကရင့်တော်လှန်ရေး သတ်သတ်မှတ်မှတ် မရှိခဲ့ဘူး၊သို.သော် ၁၉၄၉ ခုနှစ်ကျမှဘဲ ကရင်တ
မျိုးသားလုံးအတိုင်အတာဆောင်တဲ့ကရင်တမျိုးသားလုံးပါဝင်တဲ့(တော်လှန်ရေး)ဖြစ်ပေါ်လာတယ်၊
လက်နက်မကိုင်ဘဲ၊တသီးတခြားနေလို.မရတော့တဲ့အခြေအနေဖန်တီးလာလို.၊မိမိကိုယ်ကို မကာ
ကွယ်ရင် ကရင်တမျိုးသားလုံး (မျိုးဖြုတ်)ခံရမဲ့ အခြေအနေရောက်လာလို. (လက်နက်ကိုင်)ရတာ
ဖြစ်တယ်၊ စစ်မလိုချင်ဘူး၊ ကိုယ့်အိုး၊ကိုယ့်အိမ်၊ ကိုယ့်မိသားစုနဲ. ဥမကွဲ၊ သိုက်မပျက် နေချင်တယ်၊ ဒါပေမဲ့ (ကရင်ကို အစိတ်သားကောင်တောင် အသက်ရှင်ခွင့် မပေးချင်တဲ့။ ကရင်ကိုပြတိုက် ထဲပို.
ချင်တဲ့၊ သွေးဆာနေတဲ့စစ်အုပ်စုအဆက်ဆက်ကို ရရာလက်နက် ရှာကြံပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ ဆယ်စုနှစ် (၆)ခုကျော်ခဲ့ပြီး၊
အခြားညီကို တော်လူမျိုးစုတချို.ရဲ့ သမိုင်းမှာ (ဗမာ) ကိုစစ်ရှုံးခဲ့တယ်၊။ (ကရင်နဲ. ဗမာစစ်
အာဏာရှင်တွေရဲ့ စစ်ပွဲ)သမိုင်းမှာ(စစ်ရှုံးတဲ့လူမျိုး)မဖြစ်အောင်လုပ်ရမဲ့ အမျိုးသားရေးတာဝန်ဟာ
မျိုးဆက်သစ် ကရင်တိုင်းရဲ့ကြီးမားတဲ့ တာဝန်ဖြစ်တယ်။
ကရင်တွေ(စစ်ရှုံးတဲ့လူမျိုး)မဖြစ်အောင်၊ လွတ်လပ်တဲ့လူမျိုးဖြစ်အောင်ဒီ(၆၅)ကြိမ်မြောက်
ကရင့်တော်လှန်ရေးနေ.မှာ အောက်ပါအတိုင်းအကြံပြုပါတယ်။
-ကရင်တမျိုးသားလုံးက (KNU) ကရင်အမျိုးသားအစည်းအရုံးကို ကရင့်လွတ်လပ်ရေး နဲ.
တော်လှန်ရေးကိုခေါင်းဆောင်ဘို. ၁၉၃၈ ခုနှစ်ကတဲက တာဝန်ပေးထားတယ်။ ကရင်အဖွဲ.ပေါင်းစုံ
နဲ.ဖွဲ.စည်းတယ်၊ မျက်မှောက်အခြေအနေမှာ ကရင်အမျိုးသားတွေဟာ-
၁။ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊
၂။ ပဲခူးတိုင်း။
၃။ ရန်ကုန်တိုင်း။
၎။ တနင်္သရီတိုင်း
၅။ မွန်ပြည်နယ်။
၆။ ကရင်ပြည်နယ်။
ရ။ မြန်မာပြည်အထက်ပိုင်း နဲ.၊
ဂ။ တတိယနိုင်ငံတွေမှာ နေထိုင်ကြတယ်။
(KNU)ကရင်အမျိုးသားအစည်းအရုံးကြီးဟာ ကရင်တမျိုးသားလုံးကို်ယ်စားပြုနိုင်ဘို.၊ ရှေ့
ဆောင်ဘို.၊ အထက်ပါ ဒေသ(၆)ခုက ကရင်အမျိုးသားတွေပါဝင်တဲ့ (ရှေ.ဆောင်)တဲ့ (ပါတီ)၊ အ
စည်းအရုံးဖြစ်ဘို. လိုအပ်လာပြီးဖြစ်တယ်၊ (KNU)ဟာ ကရင်ပြည်နယ်တခုထဲက အဖွဲ.၀င်တွေ နဲ.
မလုံလောက်တော့ဘူး။ တမျိုးသားလုံးပါဝင်တဲ့ ရှေ.ဆောင်အဖွဲ.ဖြစ်ဘို.လိုလာပြီးဖြစ်တယ်။(၅၆)
ခုနှစ် ညီလာခံက ဖွဲ.စည်းပုံကိုပြင်သင့်ရင်ပြင်ရမယ်၊ ဒီနေ.တခြားကရင်ပါတီတွေနဲ.ညှိနှိုင်းပြီး က
ရင်ရှေ.ဆောင်ပါတီဖြစ်ဘို. လုံးပန်းကြပါ၊ စိုင်းပြင်းကြပါ-လို.မေတာရပ်ခံပါတယ်၊ ကရင်တွေ(စစ်
မရှုံး)ဘို.(KNU) ကိုဦးဆောင်ဖွဲ.စည်းခဲ့တဲ့ ခေါင်းဆောင်ကြီးများရဲ့ လမ်းစဉ် အတိုင်း (ဂိုဏ်းဂန)
စိတ် ကင်းရှင်းစွာဖြင့်၎င်း၊သဘောထားကြီးစွာဖြင့်၎င်း၊ကရင်တမျိုးသားလုံးရဲ့အကျိုးစီးပွားကိုကြည့်
ပြီး အင်အားကြီးမားတဲ့ (KNU)ကို ပါဝင်စုဖွဲ.ကြဘို. လိုတယ်၊
ဒီလို ကရင်အဖွဲ.ပေါင်းစုံကိုစုဖွဲ.ပြီး ကရင့်တော်လှန်ရေးကို ခေါင်းဆောင်နိုင်မှ (စစ်မရှုံး) တဲ့လူမျိုးဖြစ်မယ်။ စစ်အာဏာရှင်တွေ ကရင်ကို ဦးညွတ် အလေးပြုလာလိမ့်မယ်၊ ကရင်ဂုဏ်သိ
ခာရှိမယ်၊ ဒီကရင်အမျိုးသားရေးတာဝန်ကို မလုပ်နိုင်လို. ကရင်တွေ (စစ်ရှုံး) သွားရင် နောင်မွေး
ဖွားလာမဲ့ ကရင်မျိုးဆက်သစ်တွေခေါင်းဖော်နိုင်တော့မှာမဟုတ်ဘူး။
ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ ကရင်တိုင်း ကရင့်လွတ်လပ်ရေး၊ တန်းတူရေးနဲ.ကိုယ်ပိုင်ပြ
ဌာန်းခွင့်ရှိတဲ့ (ဖယ်ဒရယ်)ပြည်ထောင်စု၊ (ဖယ်ဒရယ်)တပ်မတော်ဖွဲ.နိုင်ဘို. ကရင်အဖွဲ.များ စုပေါင်း
ပြီး (KNU)သစ်ကိုဖွဲ.စည်းကြပါလို. ဒီ (၆၅)ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ.မှာ ပန်ကြားအပ်ပါ
တယ်၊
မြန်မာတပြည်လုံးရှိ ကရင်တိုင်း ကရင်ပြည်တောင်းလို. (ရရင်ရ-မရရင်ချ)-ဆိုတာကိုကိုင်စွဲ
ပြီး သူရဲကောင်းပီသတဲ့ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံနဲ. ပူးပေါင်းကြပါ။
နောက်ဆုံးပြောလိုပါတယ်၊ ကရင်လက်လက်ကိုင်တပ်များဖြစ်ကြတဲ့-
၁၊ (KNLA)။
၂၊ (KNU-KNLA Peace Council။
၃၊ DKBA။
၎၊ BGF-တပ်ဖွဲ.၀င် မျိုးချစ် ကရင်စစ်သည်တော်များ။
၅၊ အခြားလက်နက်ကိုင်ကရင်ရဲဘော်-ရဲမေများ တခုတည်းသော ကရင်အမျိုးသားအလံတော် လာ
ရောက်စုဝေးကြပြီး ကရင့်လွတ်လပ်ရေးအတွက် နည်းလမ်းရှာကြမယ် လို. ဒီ (၆၅)ကြိမ်မြောက် က
ရင့်တော်လှန်ရေးမှာ အဌိဓာန်ပြုကြပါစို.၊
-ဘုရားသခင် ကရင်မျိုးသားလုံးကိုကောင်းကြီးမင်္ဂလာသွန်းလောင်းပါစေ။ကြည့်ရှုစောင်မပါစေ-
ကရင်တမျိုးသားလုံးကို ဦးညွတ် အလေးပြုလျှက်-
မန်းရောဘတ် ဘဇန်
အမေရိကန်ပြည်ထောင်စု၊
ဇန်န၀ါရီလ-၃၁ ရက်၊ ၂၀၁၄ ခုနှစ်။
Post a CommentDefault CommentsFacebook Comments