OKRSO ၏ ဗဟိုကော်မတီအသစ် ပြန်လည်ရွေးကောက်ပြီးစီး
http://albanykarennews.blogspot.com/2013/12/okrso.html
ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ၏ ဗဟိုကော်မတီအသစ် ရွှေးကောက်ပွဲကို ယမန်နေ့က ဘန်ကောက်မြို့ရှိ SCC ခန်းမတွင်ကျင်းပခဲ့ရာ အဖွဲ့ဥက္ကဌအဖြစ်စောမြင့်စိုး၊ဒုဥက္ကဌအဖြစ်စောနိုင်နိုင်၊အထွေထွေအတွင်းရေးမှူးအဖြစ် စောအဲသိုတို့ကို ရွှေးကောက်တင်မြောက်ခဲ့ကြသည်။
OKRSO အဖွဲ့ကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိလာကြသည့် ကရင်အမျိုးသားများ၏ လူမှုဒုက္ခအ၀၀ကို ကူညီဖြေရှင်းပေးရန်အတွက် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
အဖွဲ့ကိုစတင်တည်ထောင်ခဲ့စဉ်က ပထမဆုံးဥက္ကဌမှာ စောတကောဝါးဖြစ်သည်။ ယမန်နေ့ကပြုလုပ်ခဲ့သည့် (OKRSO) ကော်မတီအသစ် ရွှေးကောက်တင်မြောက်ပွဲသို့ ကရင်အမျိုးသား ၁၅၀ ခန့်တက်ရောက်ခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်











Post a CommentDefault CommentsFacebook Comments