နောင်ကမြိုင်ဂနိုင်မင်းသား(Klang)အသင်း (၁၂)ကြိမ်မြောက် မလေးရှားကရင်နှစ်သစ်ကူးဖလား ဆွတ်ခူး



 12th ကြိမ်မြောက် မလေးရှားကရင်နှစ်သစ်ကူး ဘောလုံးပွဲစဉ် ရဲ့နောက် ဆုံးဖိုင်နယ် ဗိုလ်လုပွဲကို MKO ဥက္ကဌ မန်းဒုံယောင်း နှင့် နှစ်သစ်ကူးဥက္ကဌ မန်းကံမြင့် တို့ကိုယ်တိုင် တက်ရောက်အားပေးပြီး ဒီကနေ့ ဒီဇင်ဘာ 15 ရက်နေ့မှာ  အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပါတယ်။

 အားကစားကော်မတီများ ဆုံးဖြတ်ချက်အရ ဆီမီးဖိုင်နယ် Balakong နှင့် Kalang ပွဲစဉ်တွင် နှစ်သင်းစလုံး နစ်နာမှုမရှိဘဲ အမုန်းမပွား တစ်ဦးအပေါ်တစ် ဦး အချစ်၊အပြုံး များပြားလာစေရန် အားကစားကော်မတီများက Klang အသင်းကို ဖိုင်နယ် ကစားခွင်ပေးခဲ့ပါတယ်။

 Selayang အသင်းအုပ်ချုပ်သူ၊ အသင်းခေါင်းဆောင် စောကျော်အဲအနေနဲ့12th ကြိမ်မြောက်ဖလားကို ရည်မှန်းထားသော်လည်း ဆီမီးဖိုင်နယ်ကို ချန်ပီ ယံအာလောအသင်း နှင့် ကန်သောပွဲမှာ(1-4) ဂိုးနှင့် အရေးနိမ့်ခဲ့ပြီး ဖိုင်နယ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

ဒီမနက်ဖိုင်နယ်ပွဲစဉ် Alor နှင့် Klang ကစားသည့်ပွဲတွင် Klang အသင်း သည် အပေးအယူမျှပြီး ခံစစ် နှင့် တိုက်စစ်ဆင် မှုကိုဦးစားပေး ကစားတာ ကိုတွေ့ရပါတယ်။ ပွဲစစချင်း ပထမပိုင်း 10 မိနစ်တွင် Alor အသင်းမှ ကျေားနံပတ် (17) လူငယ်မျိုးဆက်သစ်တိုက်စစ်မှူး စောတိုက်ဂါးမှ အဖွင်းဂိုးသွင်းယူခဲ့ပါတယ်။

 Klang အသင်းမှ ကစားသမားများကလည်း အသင်းကစားကွက် ကို ဆက်ထိန်းကစားပြီး ပထမပိုင်း 15 မိနစ်မှာဘဲ ချေပဂိုးကို Klangအသင်းခေါင်း ဆောင် စောသိန်းဖော့ ကသွင်းယူခဲ့သည်။ ပထမပိုင်းမှာဘဲ Klang အသင်းရဲ့ဒုတိယ ဂိုးကို ကျောနံပါတ် (10) စောကြည်စိုးကသွင်းယူခဲ့ပါတယ်။

 Klang အသင်း မှ (2) ဂိုး နှင့် Alor အသင်းမှ (1) ဂိုး 45 မိနစ် ပထမပိုင်းပြီးဆုံးသွားခဲ့သည်။ ဒုတိယပိုင်း ကို Alor အသင်းမှ တိုက်စစ်ဆင်းကစားတာကို တွေ့ရပြီး၊ Klang အသင်းကလည်း ခံစစ် ကစားတာကိုတွေ့ရပါတယ်။

ဒုတိယပိုင်း 10 မိနစ်တွင် Klang အသင်းမှ ကျေားနံပါတ် (10) စောကြည်စိုးမှ ထပ်မံသွင်းယူနိုင်ခဲ့ပြီး၊ 30 မိနစ် တွင် Alor အသင်းမှ တိုက်စစ်မှုး ကျေားနံပါတ် (7) စောကျော်မင်းနိုင် ကလည်း ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးပြန်လည်ရရှိရန် နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ကစားရာမှ နောက်ဆုံးပွဲချိန်ကို Alor အသင်းမှ (2) ဂိုးနှင့် Klang အသင်းမှ (3)ဂိုး ရရှိပြီး ဒီနှစ် 12th ကြိမ်မြောက် မလေးရှား ကရင်နှစ်သစ်ကူး ဖလားကို Klang အသင်းမှ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။









Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item