ကရင်ပြည်နယ်ရှိကျုံဒုံးမြို့နှင့်ဘားအံမြို့နယ်အိန္ဒူကျေးရွာတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းသူများကို ဖမ်းမိ



 18.Sept.2013

 ကရင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူများကို စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ယင်းသို့ ရောင်းချသူများကို ကရင်ပြည်နယ်ရှိ ကျုံဒုံးမြို့နှင့် ဘားအံမြို့နယ်တို့တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ကျူံဒိုးမြို့နယ်၊ အမှတ် (၂)ရပ်ကွက်နေ လေးလူ (ခ)ဥာဏ်ထွန်းကို ယင်းနေ့ ၁၀ နာရီခွဲ၌ ၎င်း၏နေအိမ်တွင် အိတ်ဆောင်ပစ္စတိုတစ်လက်၊ အနက်ရောင် ချိုင်းစလွယ် သေနတ်အိတ်တစ်ခု၊ သေနတ်ကျည်ဘောက်တစ်ခု၊ ၂.၅ Auto ကျည်ငါးတောင့်၊ WY စာတမ်းပါ အုတ်ခဲရောင် စိတ်ကြွဆေးပြား ၁၇၆ ပြား၊ WY စာတမ်းပါ အစိမ်းရောင်တစ်ပြား အလေးချိန် (၁၇.၇) ဂရမ်၊ နိုကီရာ ဖုန်းတ စ်လုံး၊ စကားပြောစက် တစ်လုံး၊ ချီကာဂို တံဆိပ်ပါ လက်ထိပ်တစ်စုံနှင့် အားသွင်းခုံတစ်ခုတို့ ဖမ်းဆီးရမိကြောင်း သိရပြီး ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်ခုနစ်သိန်းရှစ်ထောင်ရှိကြောင်း သိရ သည်။

 ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျုံဒုံးနယ်မြေ ရဲစခန်းမှ မယ(ပ) ၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေး ၀ါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ အလားတူ ယင်းနေ့နံနက်ပိုင်း၌ ဘားအံမြို့နယ်၊ အိန္ဒူကျေးရွာတွင် မနန်းဖော်ထွန့် (၃၀)နှစ် နေအိမ်အား ကရင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၂၆ ပြား၊ အလေးချိန် (၂၆.၆) ဂရမ်၊ မူးယစ်ဆေးဝါး ရောင်းရငွေ ကျပ်နှစ်သိန်းတစ်သောင်းနှင့်အတူ လာရောက်ဝယ်ယူသူ နှစ်ဦး တို့ကို ဖမ်းဆီးရမိကြောင်း သိရပြီး ဖမ်းဆီးရမိသောစိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေစုစုပေါင်းမှာ ကျပ်ကိုးသိန်းသုံးသောင်း တစ်ထောင်ရှိကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မနန်းဖော်ထွန့်ပါ သုံးဦးကို အိန္ဒူရဲစခန်းက မယ (ပ)၁၅/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

 ယင်းသို့ အိမ်ကိုထပ်မံ ရှာဖွေနေစဉ် တစ်ရွာတည်းနေ ဦးမုနိန် (၄၂) နှစ်သည် ဆိုင်ကယ်တစ်စီးဖြင့် မူးယစ်ဆေးဝါး လာ ၀ယ်၍ ရဲတပ်ဖွဲ့က ၎င်းအားရှာဖွေခဲ့ရာ ၉ မမ ကျည်ခြောက်ထောင့် ထည့်ထားသည့် တရုတ်နိုင်ငံလုပ် ပစ္စတိုတစ် လက်နှင့် ပွိုင့် ၂၂ ကျည်လေးတောင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ၎င်းကိုနယ်မြေခံ ရဲစခန်းမှ (ပ) ၄၂/၂၀၁၃၊ လက် နက်ဥ ပဒေ ပုဒ်မ၁၉ (စ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ by EMG

Related

news 3092220432111057346

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item