မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစားဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား



 မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

 စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

 " အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

 မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

 သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

 " အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင် ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

 တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊

Related

news 7746255612063022695

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item