TNLA ၏ ထူးချွန်ပြောင်မြောက်သော ပြောက်ကျားတိုက်ခိုက်မှုကြောင့် အစိုးရတပ်(၁၀)ယောက်ကျော်သေ၊ (၂၀)ကျော် ဒဏ်ရာရ




Tuesday, 17 September 2013

အစိုးရ စစ်ကြောင်း များသည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA အား လိုက်လံ စစ်ဆင် နေရာ ယနေ့ စက်တင်ဘာလ ၁၇ရက် နံနက် ၁၁ နာရီခန့်မှ ၁၁း၃၀ နာရီ အချိန်တွင်လည်း ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် နမ့်ဖက်ကာအုပ်စု မိုင်းယုလေးနှင့် လူမ်ကမ် ကျေးရွာ အကြား တောတန်း တနေရာတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ကျနော်တို့က အပစ်ရပ်ရေး လက်မှတ် မထိုးလို့ လိုက်တိုက် နေတယ် ထင်ပါတယ်။ ဒီတော့ သူတို့ နောက်ယောင်ခံ လိုက်တိုက်နေမှတော့ ကျနော်တို့ ကလည်း နေရာ ကောင်းမှာ စောင့်ပစ်တော့မှာပေါ့။ အခုလည်း ခလရ ၄၅ ရယ်၊ ခလရ ၁၂၃ ရယ်၊ ခလရ ၁၄၅ ပေါ့နော်။ ပူးပေါင်း စစ်ကြောင်းကို ကျနော်တို့ တပ်ရင်း ၁၁၂ တပ်ခွဲ (၃) တပ်ဖွဲ့တွေက နာရီဝက် လောက် ပျောက်ကြား ပစ်လိုက်တာပါ” ဟု ဆိုပါသည်။

TNLA ၁၁၂ တပ်ဖွဲ့သည် နေရာကောင်းယူပြီး၊ ပျောက်ကြား ပစ်ခတ် ခဲ့သည့် အတွက် အစိုးရ ဖက်မှ (၅) ဦး ကျပြီး၊ အများ အပြား ဒဏ်ရာ ရရှိ ခဲ့သည်ဟု ဆိုပါသည်။ TNLA တပ်များသည် နာရီ ၀က်ခန့် ပစ်ခတ်ပြီး နောက်တနေရာသို့ ပြောင်းရွှေ့ သွားပါသည်။

အစိုးရ တပ်များသည် အင်အား အလုံးအရင်းဖြင့် TNLA ကို လိုက်တိုက် နေရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ တွင် လည်းခလရ ၄၅ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ပူးပေါင်း ထားသည့် စစ်ကြောင်းအား နမ့်ဟွန်းချောင်းတွင်တိုက်ခိုက် လိုက်ရာ (၁၀) ဦးကျော် ကျပြီး (၂၀) ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုပါသည်။ ပုတ်ပွနေသော အလောင်း (၄) လောင်း သည် တောင်ကျ ချောင်းထဲသို့ မျောပါသွားရာ ဒေသခံများက သင်းဂြိုဟ် ပေးခဲ့ရသည်ဟု ဆိုပါသည်။

ဤကဲ့သို့ အထိနာ ခဲ့ဘူး သဖြင့် အစိုးရ တပ်များသည် TNLA တပ်ရင်း ၁၁၂ ကို တပ်ရင်း ၃ ရင်းမှ စစ်ကြောင်းများ ပူး ပေါင်းပြီး လိုက်လံ တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အစိုးရ ပူးပေါင်း တပ်များသည် TNLA ၏ တပ်ရင်း ၁၁၂ နယ်မြေ ဖြစ်သော စရမ်း၊ ငေါ့ငှား၊ ဂျုံနော၊ လူမ်ကမ် အစ ရှိသည့် ကျေးရွာနီး ဝန်းကျင်တွင် ဆက်တိုက် လှည့်လည်လှုပ်ရှား နေလျှက် ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိနေပါသည်။

TNLA တပ်ရင်း ၁၁၂ဧရိယာသည် တောတောင် ထူထပ် လှသဖြင့် အစိုးရ စစ်ကြောင်း များကို ပျောက်ကြား အဖွဲ့ငယ်များ ဖွဲ့ပြီး ခုခံ သွားမည်ဟု TNLA တပ်ရင်းမှုးက ဆိုပါသည်။

အစိုးရ တပ်များသည် TNLA တပ်ဖွဲ့နှင့် ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် အပစ်ရပ်ရန် မူဆယ်မြို့တွင် ခေါ်ယူ ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲမှ ရရှိသော အချက်များကို နှစ်ဖက် အဖွဲ့အစည်းသို့ အပြန်အလှန် တင်ပြပြီး သြဂုတ် လဆန်းတွင် ထပ်မံ တွေ့ဆုံကြရန် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းက လိုလားပါသည်။

သို့သော် ဆွေးနွေးပွဲ ပြီးချိန်မှ စပြီး အစိုးရ တပ်များသည် TNLA တပ်များအား နောက်ယောင်ခံ လိုက်ခြင်း၊ တိုက်ခိုက် နေခြင်းကြောင့် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိဟု TNLA က ယူဆ ပါသည်။ ဤသို့ကြောင့် ထပ်မံ တွေ့ဆုံခြင်း မရှိ တော့ဘဲ တိုက်ပွဲများသာ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
__________________________________
Phophtaw News association- (17-9-2013)
Ref: http://www.phophtawnews.org/burmese/index.php/news/internal-news/item/728-tnla.html

Related

news 6558297291616542610

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item