အမေရိကန်ကြိုးဝိုင်းပေါ်က ပထမဦးဆုံး ကရင့်လက်ဝှေ့ကျော် စောငြိမ်းမောင် ထိုးသတ်သော ၄-၈-၂၀၁၃ ပွဲစဉ်(ဗွီဒီယို)


၂၀၁၃၊ သြဂုတ်လ ၄ရက်နေ့ တုန်းက အော်ဘနီမြို့အနီးက လက်ဝှေ့အားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ စောငြိမ်းမောင်ရဲ့ ပွဲစဉ်ပါ။

စောငြိမ်းမောင်ဟာ ဒီအမေရိကန်ကြိုးဝိုင်းပေါ်မှာ ငါးပွဲသာယှဉ်ပြိုင်ထိုးသတ်ရသေးပေမဲ့ အမေရိကန်က လက်ဝှေ့အကျော်အမော်နဲ့ ပရိသတ်တွေ အားပေးမှု အပြည့်အ၀ ရရှိခဲ့တဲ့ ကရင့်လက်ဝှေ့သမားတဦးပါ။

သူဟာ ဒီအမေရိကန်ပြည်ထောင်စုကို မရောက်ရှိခင် မွေထိုင်းနဲ့ ကရင့်ရိုးရာလက်ဝှေ့တွေကို ယှဉ်ပြိုင် ထိုးသတ်လာတဲ့ ၀ါရင့်လက်ဝှေ့ကျော်တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကမှာ ပထမဦးဆုံး Boxing ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲမှာ ခြေထောက်အပေါ်ကို မှားယွင်း တက်လာခဲ့တာကြောင့် ပွဲရပ်ဆိုင်းခံလိုက်ရပါတယ်။

ဒါပေမဲ့ အခုတော့ ကျင့်သားရှိနေပါပြီလို့လည်း သူက ဆိုပါတယ်။ စောငြိမ်းမောင်ဟာ အမေရိကန် ကြိုးဝိုင်းပေါ်မှာ ကရင့်ဝတ်စုံကို ပထမဦးဆုံး တက်ရောက်ဝတ်ဆင်ပြသပေးနိုင်တဲ့ သူတဦးအဖြစ် ကရင့်အသိုင်းအ၀ိုင်းက ဂုဏ်ယူကြပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသိမ်ရွာက စောငြိမ်းမောင်ဟာ လက်ရှိ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့မှာ မိသားစုနဲ့ နေထိုင်နေပြီး နယူးယောက် ကရင့်နာရေးကူညီမှုအသင်းဆပ်ကော်မတီရဲ့ Utica မြို့ တာဝန်ခံတဦးအဖြစ် လူမှုရေးဆောင်ရွက်နေပါတယ်။

ဒီပွဲကတော့ အမေရိကန်နိုင်ငံသား ဂျွန်နဲ့ ၄ချီစိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

Related

video 8633771472556287575

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item