သမိုင်းဝင်ရသေ့ပျံဂူတောင် အား ဘိလပ်မြေစက်ရုံအဖြစ် တည်ဆောက်ခြင်းကို ကန့်ကွက် ရူတ်ချခြင်း



ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တစ်ဖက်ကမ်း ရသေ့ပျံကျေးရွာတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအတွက် သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းသမိုင်းဝင် ဘုရားများ စေတီများ ကျောက်စာများ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများတည်ရှိရာ ရသေ့ပျံဂူ ရသေ့ပျံတောင်ကို ``မြင့်´´ ကုမ္မဏီ မှ ဘိလပ်မြေထုတ်လုပ်ရန်အတွက် ရသေ့ပျံကျေးရွာအတွင်းရှိ ရွာသူရွာသားများသား စည်းရုံးသိမ်းသွင်း လျက်ရှိနေပါတယ်။

   ရသေ့ပျံဂူဆရာတော်မှ ထိုဘိလပ်မြေစက်ရုံ စီမံကိန်းကို လုံးဝ(လုံးဝ) သဘောမတူသကဲ့သို့ ရွာသူရွာသားများမှလည်း သမိုင်းအမွေအနှစ် ရှေးဟောင်းအမွေအနှစ်ဖြစ်သော ရသေ့ပျံတောင်ကို ဘိလပ်မြေထုတ်လုပ်မည့် စီမံကိန်းအား အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ထိုကုမ္မဏီတာဝန်ရှိသူများ ရသေ့ပျံကျေးရွာရှိ ရွာသူရွာသားများအား စည်းရုံးရေး (၄) ကြိမ်ဆင်းပြီး အသည်းအသန် ကြိုးစားလျက်ရှိနေပါတယ် ။



သာမန်သူတစ်ယောက်အနေနှင့်ကြည့်လျှင်တောင် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာ ကရင်ပြည်နယ်ရဲ့ သမိုင်းအမွေအနှစ်တစ်ခု ပြည်နယ်ရဲ့ ထင်ရှားတဲ့နေရာတစ်ခု နိုင်ငံခြားသားတွေ အများအပြားလာရောက်တဲ့နေရာ ပြည်တွင်းရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်တို့ လေ့လာစရာ လာရောက်ဖူးမျှော်စရာ သမိုင်းအမွေအနှစ်တစ်ခု နောင်တစ်ချိန်တိုးတက်လာမယ့် ခရီးသွားလုပ်ငန်းတွေအတွက် အရမ်းကို ကရင်ပြည်နယ်အတွက် ထင်ရှားမယ့်နေရာတစ်ခုအနေနဲ့ ဒီလိုနေရာမျိုးကို ဘိလပ်မြေထုတ်မယ်ဆိုတော့ လုံးဝကိုလက်ခံနိုင်စရာမရှိပါဘူး ဘယ်သူမှလည်း သဘောတူလက်ခံမှာ မဟုတ်ပါဘူး။



 ဤသမိုင်ဝင်နေရာအား ဘိလပ်မြေထုတ်လုပ်ခြင်းကို အပြင်းအထန်ရူတ်ချကွန်ကွက်ပါသည် မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေကို စောက်ရှောက်မယ့် အဖွဲ့အစည်းတွေ. သံဃာနာယကအဖွဲ့များ နိုင်ငံရေး ပါတီအဖွဲ့များ သတင်းမီဒီယာအဖွဲ့တွေ စုပေါင်း ကွန်ကွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

  ကရင်ပြည်နယ်ရဲ့ ရှားပါးလှတဲ့သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရသေ့ပျံရှေးဟောင်းဂူ မပျောက်မပျက်ပဲ အစဉ်ထာဝရတည်ရှိအောင် ကရင်ပြည်နယ် အပါအ၀င် မြန်မာ နိုင်ငံ တ၀န်း ရှိ ရဟန်းရှင်လူများ စုပေါင်းပါဝင်ကန့်ကွက်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

မောင်နဲကျော်

Related

news 2757792202934561692

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item