အသင်းဝင်တဦးသေဆုံးလျှင် ဒေါ်လာ ၄၉၅၀ ထောက်ပံ့သွားမည့် ကရင်ဗုဒ္ဓဘာသာနာရေးကူညီမှုအသင်း

http://albanykarennews.blogspot.com/2013/08/blog-post_2181.html
Utica ဥက္ကဌ ဦးစောစိန်တင်မှ အဖွင့်စကားပြောကြားနေစဉ် |
ထိုအစည်းအဝေးတွင် Utica, Hart Ford, Sylacuse, Rochester, Albany မြို့များမှ အသင်းဥက္ကဌ များနှင့် ဦးဆောင်သူများ တက်ရောက်ခဲ့ကြပြီး တမြို့နှင့်တမြို့ ချိတ်ဆက်လုပ်ဆောင်ရာတွင် အဆင်ပြေ ချော့မွေ့မှုရှိစေရန် ဆပ်ကော်မတီအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ယူတီကာဥက္ကဌ ဦးစောစိန်တင်က '' ကျွန်တော်တို့ဒီအသင်းက နိုင်ငံရေး လူမျိုးရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးလည်းမဟုတ်ဘူး။ လူတိုင်းက သေတတ်တာချည်းပဲ၊ ဒီမှာ ရောက်လာကြတဲ့သူတွေ အဆင်ပြေကြတဲ့သူတွေရှိသလို မပြေတဲ့သူတွေလည်းရှိပါတယ်။အဲဒီတော့ နောက်ဆုံးခရီး အဆင်ပြေချောမွေ့ဖို့အတွက် ရည်ရွယ်ပြီး အသင်းဖွဲ့တာပဲဖြစ်ပါတယ်။ အဓိကက ဦးစီးဦးဆောင်သူတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ပဲ လိုတယ်'' ဟု ပြောကြားသွားပါသည်။
Albany ဥက္ကဌ စောမျိုးလွင်မှ လုပ်ငန်းစဉ်များ ချပြနေစဉ် |
လက်ရှိရယူထားသော မိမိတို့မြို့မှ အသင်းဝင်အိမ်ထောင်စုအသီးသီးကို တင်ပြရာတွင် Albany ၃၇စု၊
Utica ၅၄စု၊ Sylacuse ၄၀၊ Rochester ၁၇၊ Hart Ford ၁၇ အိမ်ထောင်စု ရခဲ့သောကြောင့် အသင်းဝင်အိမ်ထောင်စုပေါင်း ၁၆၅ စု ရှိပြီဖြစ်ပါသည်။
၎င်းပြင် လက်ရှိအသင်းဝင် အိမ်ထောင်စုပေါ်မူတည်၍ အသင်းဝင်တဦး သေဆုံးခဲ့လျှင် ဒေါ်လာ ၄၉၅၀ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းလည်း ဆုံးဖြတ်နိုင်ခဲ့ပြီး လမည့်လ အစည်းအဝေးကို Albany မြို့တွင် ကျင်းပသွားမည်ဟုလည်း သိရပါသည်။
Post a CommentDefault CommentsFacebook Comments