မိသားစုချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းကို အော်ဘနီ ကရင်မိသားစုများ ပြန်လည်ဖေါ်ထုတ်ကျင်းပ


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အော်ဘနီမြို့ရှိ ကရင်မိသားစုများမှ ကရင့်ရိုးရာ မိသားစုချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းကို ယမန်နေ့က  Delaware Ave, 224  နေအိမ်တွင်  ဆင်ယင်ကျင်းပသွားခဲ့ပါသည်။

ပြည်တွင်းနေ ကရင်လူမျိုးများသည် ၀ါခေါင်လရောက်တိုင်း မိသားစုအလိုက် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းကို ကျင်းပလေ့ရှိပြီး ၁၉၈၅ နောက်ပိုင်းမှသာ စုပေါင်း၍ ကြီးကျယ်ခမ်းနားသော ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အစပျိုးကျင်းပလာခဲ့ခြင်းဖြစ်သည်။

စုပေါင်း၍ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကရင်ပြည် နေရာအနှံ့အပြားတွင် ပေါ်ထွန်းလာခဲ့သော်လည်း အိမ်တိုင်းအိမ်တိုင်းတွင် မိသားစုချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းကို ယနေ့ထက်တိုင် ကျင်းပနေဆဲပင်ဖြစ်သည်။




'' ပြည်ပရောက် ကရင်အမျိုးသားတွေ စုပေါင်းပြီး ချည်ဖြူဖွဲ့ပွဲတော်ကို ကျင်းပကြပေမဲ့ မိသားစုအလိုက် ကိုယ့်အိမ်နဲ့ကို ပြုကြတာ အင်မတန် တွေ့ရခဲပါတယ်။ ဒါကြောင့် ၀ါခေါင်လရောက်တိုင်း ကိုယ့်ဌာနေကို သတိတရ ရှိတာကတကြောင်း၊ ကိုယ့်ရိုးရာဓလေ့ကို ပြန်လည်ဖေါ်ထုတ်ချင်တာကတကြောင်း ဒီမိသားစု ချည်ဖြူဖွဲ့မင်္ဂလာကို ကျင်းပရတာ ဖြစ်တယ်။ မိသားစု ချည်ဖြူဖွဲ့ပွဲဆိုပေမဲ့ ဒီအော်ဘနီမြို့မှာ ရှိတဲ့ ကရင်မိသားစု တော်တော်များများကို ဖိတ်ဖြစ်ပါတယ်။ လာလည်းအားပေးကြပါတယ်။ကျွန်တော်ပြောချင်တာက အကြောင်းအမျိုးမျိုးကြောင့် စုပေါင်းပြီး မကျင်းပဖြစ်ရင်တောင် ကိုယ့်အိမ်နဲ့ကိုယ် ကိုယ့်မိသားစုနဲ့ကိုယ် လုပ်ကြရင်လည်း ပြည်ပရောက်ကရင်လူမျိုးတွေအနေနဲ့ ကိုယ့် ရိုးရာဓလေ့ကို  ဖေါ်ထုတ်ရာရောက်ပါတယ်" ဆိုပြီး ဦးစီးဦးဆောင်သူ ဦးပညာစက္ကက ပြောပါသည်။


မနက်(၉)နာရီမှ စတင်သော ချည်ဖြူဖွဲ့အခမ်းအနားသည် ညနေ(၃)နာရီအထိ ရိုးရာတေးသွားများဖြင့်
ကရင့်အမျိုးသားအဆိုရှင်များက ဧည့်ခံဖျော်ဖြေခဲ့ပါသည်။ထို့ပြင် ဤပွဲတော်သည်  ကိုးကွယ်ယုံကြည်မှု အနှောင်အဖွဲ့ ကင်းရှင်းစွာဖြင့် ကရင်အမျိုးသားတိုင်း လာရောက်အားပေးကြသည်မှာ ၀မ်းမြောက်ဂုဏ်ဖွယ်ရာ ဖြစ်ခဲ့ရပါသည်။

မကြာခင်မှာပင် ချည်ဖြူဖွဲ့အခမ်းအနားရုပ်သံကိုလည်း တင်ဆက်ပေးပါဦးမည်။









Related

news 7681884837699774816

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item