ဘားအံ မူးယစ်ဆေးမှု ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်



ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့သင်းရူး ကျေးရွာအုပ်စု လိုင်ကားကျေးရွာ အနောက်ဘက် (၁) မိုင်ခွဲ အကွာရှိ တဲအိမ် တစ်အိမ်တွင် သြဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီ၌ ရဲတပ်ဖွဲ့ဝင်များက မူးယစ် ဆေးဝါးများ သွားရောက် ဖမ်းဆီးရာတွင် အိမ်တွင်းရှိ လူနှစ်ဦးက စတင် ပစ်ခတ် ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အိမ်တွင်းရှိ လူတစ်ဦး သေဆုံး ခဲ့ကြောင်း ဘားအံမြို့နယ် မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုကြောင့် နေအိမ်တွင်းရှိ အသက် ၃၀ အရွယ် ဦးမိုးခိုင်ကို အသေ ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးဖြစ်သူ အသက် ၅၁ နှစ်အရွယ်ရှိ ဦးမုဆိုး (ခ) ကြာကူးသည် ဘယ်ဘက် ခြေထောက် ဒဏ်ရာ တစ်ချက် ကျည်ဆန် ထိမှန်ကာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း လိုက်လံ ဖမ်းဆီးသည့် အိန္ဒုနယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး စတင် ဖမ်းဆီးရန် အိန္ဒုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦး က မူးယစ်ဆေးဝါး ရောင်းဝယ်သူများအဖြစ် အသွင်ယူကာ ယင်းတဲအိမ်သို့ သွားရောက်ခဲ့ရာ အိမ်တွင်းရှိ လူနှစ်ဦးက ရိပ်မိပြီး M-16 သေနတ်ဖြင့် စတင် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့ စပစ်တာကြောင့် ပြန်ပစ်တာ။ တစ်ယောက်က ရင်ဘတ်ကို ထိပြီး ချက်ချင်း သေသွားတယ်။ တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု မူးယစ်ဆေးဝါးများ လိုက်လံ ဖမ်းဆီးရာတွင် ပါဝင်သူ ရဲအရာရှိက ပြောကြား သည်။

ယင်းနောက် အိမ်အတွင်း၌ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၃၀၄၅ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဝါးပြောင်း သုံးခုနှင့် အတူ M-16 သေနတ် တစ်လက်နှင့် ကျည်ထောင့် ၁၃ ထောင့်၊ ၁၅ တောင့် ဝင် ကျည်ကတ် နှစ်ခု၊ လက်လုပ် သေနတ်အတို သုံးလက်၊ ပြောင်းရှည် တူးမီး သေနတ် သုံးလက်၊ ၉ မမ ကျည် သုံးတောင့်၊ ၄၅ ကျည် တစ်တောင့်နှင့် ဘီအေ လက်ပစ်ဗုံး တစ်လုံး အပါအဝင် လက်နက်များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း ဘားအံမြို့နယ် အိန္ဒုနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါး တွေ့ရှိမှုများကို မယ (ပ) ၁၁/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၁၉(က)၊ ၂၀ (က)၊ ၂၂ (ခ)၊ ၂၁ ဖြင့် အိန္ဒုနယ်မြေ ရဲစခန်းတွင် လည်းကောင်း၊ လွတ်မြောက်ခဲ့သူ ဦးမုဆိုး (ခ) ကြာကူးကို ယခင် မူးယစ်ဆေးဝါး အမူများဖြင့် မယ (ပ) ၅၊ ၂၀၁၁ ၊ မယ (ပ) ၁၇၊၂၀၁၂ နှင့် မယ (ပ)၁၉၊ ၂၀၁၂ တို့ဖြင့် အမူဖွင့်ထားသူ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း ဘားအံမြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။

Related

news 7095887763521407410

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item