MKO ကို ကျေးဇူးဆပ်သူများ ပြန်လည်ရောက်ရှိ



 နော်ဝင့်ဝင့်ဇော်နှင့် သူငယ်ချင်းဖြစ်သူ နော်လားစေးဝါးတို့နှစ်ဦးသည် မိမိတို့သင်ကြားတတ်မြောက် လာသော ဘာသာရပ်များကို MKO ရုံးတွင် ပညာသင်ကြားနေသော ကရင်ကလေးငယ်များအား (၆)ရက်ကြာ ပြန်လာသင်ကြားခဲ့ပြီး ယခုအခါတွင် အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါသည်။

နော်ဝင့်ဝင့်ဇော်သည် MKO ရုံးမှတဆင့် UN လျှောက်ခဲ့ပြီး၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါလာခဲ့သူဖြစ်သည်။ နော်လာစေးဝါးက မဲလဒုက္ခသည်စခန်းမှတဆင့်သွားရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိသူတို့နှစ်ဦးသည် Virginia ပြည်နယ်ရှိ ဒုက္ခသည်များစွာကို ကူညီလျှက်ရှိကြောင်းလည်း သိရပါသည်။

တတိယနိုင်ငံရောက် ကရင်လူမျိုးများအနေဖြင့် MKO မှ မွေးထုတ်ပေးခဲ့သော်လည်း ယခုကဲ့သို့ ပြန်လည်ရောက်ရှိလာသည်မှာ အင်မတန်ရှားပါးသောကြောင့် ၀မ်းသာဂုဏ်ယူမိသည့်အကြောင်း
ဥက္ကဌမန်းဒုံယောင်းက ဆိုပါသည်။

MKO ဖခင်ကြီး အတီးကနဲမီကလည်း '' သူတို့လေးတွေ တတ်မြောက်တဲ့ ပညာနဲ့ MKO မှာ ပြန်လာပြီး ရက်တိုသင်ကြားပေးနိုင်တာ ချီးကျူးစရာ ကောင်းပါတယ်။ သူတို့လေးတွေ ပြန်လာတာဟာ   သြစတြေးလျမှာ အိပ်ပျော်နေတဲ့ တချို့ကရင်တွေကို နိုးထပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" ဆိုပြီး ရင်ဖွင့်သွားခဲ့ပါသည်။

စောဒါးဘို
Albany, NY



















Related

news 4557912841180521987

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item