ကရင့်ယဉ်ကျေးမှုကို ဖျက်ဆီးနေသာ ဓူဝေသူတောင်းစားများ



ကရင်ပြည်နယ်မှာ ကရင်လူမျိုးတွေ လက်ထပ်ထိမ်းမြားကြတဲ့အခါ   သတို့သား၊သတို့သမီးတွေ ကိုယ်တိုင်သွားရောက်ပြီး သစ္စာတိုင်တည်ရတဲ့ ဓူဝေဓလေ့ရိုးရာနဲ့ပတ်သက်ပြီး တွေ့ကြုံရင်ဆိုင်ရတဲ့ အနှောင့်အယှက်အကြောင်းတွေကို  ရေးမယ်ရေးမယ်နဲ့ ကျွန်တော်တခါမှ မရေးဖြစ်ခဲ့ပါဘူး။ မရေးပဲနဲ့ ဒီလိုပဲ လက်ပိုက်ကြည့်နေမယ်ဆိုရင်လည်း ကိုယ့်ရိုးရာဓလေ့၊ ကိုယ့်ယဉ်ကျေးမှုကို တမျိုးတဖုံအလွဲသုံးစားပြီး ဖျက်ဆီးနေတဲ့သူတွေကို အားပေးသလိုဖြစ်နေမလားလို့ပါ။

ဓူဝေနေရာက ဘားအံမြို့နယ်၊ ဒုံရင်းဘက်မှာ ရှိတာကြောင့် တချို့ဆို အဝေးကြီးကနေ မနက်စောစောထလာကြရပါတယ်။ နေ့ကောင်းရက်မြတ်မှာ ဓူဝေကိုလာရောက်ကြတဲ့အတွက် စုံတွဲတွေလည်း အများကြီးထပ်နေပါတယ်။ စုံတွဲတိုင်းက ကရင်ဝတ်စုံနဲ့ချည်းပါ။

အရင်ခေတ်တုန်းက ကုန်းကြောင်း၊ စက်ဘီး၊ မြင်းလှည်းတွေနဲ့ လာရောက်ကြပေမဲ့ အခုအခါမှာတော့ ဆိုင်ကယ် ကားတွေနဲ့ လာကြပါတယ်။ လာတဲ့နေရာမှာ သိကျွမ်းနားလည်တဲ့ ဆွေမျိုးတွေ ရွာက ကာလသားလူငယ်တွေလည်း လိုက်ပါပို့ဆောင်ကြပါတယ်။

ကျွန်တော်ပြောချင်တာက အဲလိုလာတဲ့နေရာမှာ လမ်းခုလပ်မှာရော ဓူဝေအနီးတ၀ိုက်နဲ့ အထဲမှာရော ဂဲလ်ဖိုးဆိုပြီး အုပ်စုဖွဲ့ ပိုက်ဆံတောင်းတဲ့အကျင့်ကိုပါ။ အဲလိုပိုက်ဆံတောင်းတဲ့နေရာမှာ ကလေးတွေရော လူကြီးလူလတ်တွေရောပါ ပါတယ်။

ဒီလိုရိုးရာဓလေ့ကို ဖက်တွယ်ပြီး ဓူဝေလာကြတဲ့ စုံတွဲတွေက အလွှာအသီးသီး ရှိကြပါတယ်။ တချို့က ငွေရေးကြေးရေးတတ်နိုင်ပေမဲ့ တချို့က ငွေရေးကြေးရေးမတတ်နိုင်ပါဘူး။ အဲဒါကို ကိုယ်ချင်းမစာပဲနဲ့ လမ်းပိတ်ပြီးတော့ တထပ်ပြီးတထပ် တဆင့်ပြီးတဆင့် ပိတ်ဆို့ အတင်းအဓမ္မ ဂဲလ်ဖိုး ငွေတောင်းခံတာကတော့ တကယ်ကို ရွံမုန်းစရာ ကောင်းပါတယ်။

တချို့က စာအိတ်ထဲမှာ ထည့်ပြီးပေးတော့ စာအိတ်ဖေါက်ပြီး ပိုက်ဆံနည်းနေရင် မရမက ထပ်တောင်းတော့တာပါပဲ။ တချို့စုံတွဲတွေက ကိုယ့်ကရင်ဝတ်စုံကို အနွေးထည်နဲ့ဖုံးဝတ်ပြီး ဓူဝေမုဂ်ဝအ၀င်ပေါက်ကနေမ၀င်ရဲပဲ ဘေးပေါက်ကနေ ပြေးပြီးဝင်ကြရတာ တကယ်ကို ၀မ်းနည်းစရာပါ။

တချို့ဆို ဒီလို ငွေအတင်းတောင်းတဲ့ အုပ်စုတွေနဲ့လွှတ်အောင် မနက်ဝေလီဝေလင်းကနေ ကြိုလာကြရပါတယ်။ တချို့က ငွေတောင်းတဲ့သူတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြိုတင်စီမံရပါတယ်။ တချို့က အကိုယ့်အသိထဲက လက်နက်ကိုင်အဖွဲ့အစည်းတယောက်ယောက်ကို အကူအညီတောင်းပြီး ခေါ်လာရပါတယ်။

တချို့ငွေတောင်းသူတွေက ဟိုကပိုက်ဆံထုတ်တဲ့အချိန်မှာ တယောက်ပြီးတယောက် ဝေပေးမှာ ဖြစ်တဲ့အတွက် တယောက်ထဲပဲရအောင် လက်ပေါ်ကနေ ပိုက်ဆံလုယူတာကိုလည်း ကျွန်တော်တွေ့ဖူးပါတယ်။

အဲလို လက်ထပ်ထိမ်းမြားပြီး သွားတာ ဓူဝေတခုတည်းမကပါဘူး။ ရေတံခွန်နဲ့ ကမော့ကစင်ကိုပါ ထပ်သွားရပါသေးတယ်။ အဲဒီမှာလည်း ငွေအတင်းလိုက်တောင်းတဲ့ အဖြစ်ဆိုးနဲ့ ဆက်ကြုံကြတော့တာပဲ။

ကျွန်တော်ပြောချင်တာက ဂဲလ်ဖိုးမတောင်းရဘူးလို့ မဆိုလိုပါဘူး။ တချို့တတ်နိုင်တဲ့သူတွေက မတောင်းခင်ကတည်းက ပေးချင်နေကြတာပါ။ တချို့က မဖြစ်မနေ လက်ထပ်ကြပေမဲ့ ငွေရေးကြေးရေး မတတ်နိုင်တဲ့အခါမှာ အခက်ကြုံရတာပါ။

ဒါကြောင့် ကရင်ပြည်နယ်မှာ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဆက်ပြီး အဓွန့်ရှည်ဖို့အတွက် တာဝန်ရှိသူတွေ ဒီပြသနာကို ပါဝင်ဖြေရှင်းပေးချင်ပါတယ်။

နွေဖွား

Related

article 5095761992071930319

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item